​KNLA နဲ့ပူးပေါင်းတပ် သိမ်းထားတဲ့ ခလရ ၂၇၅ အတွင်း ထိုင်းသတင်းဌာန မှတ်တမ်းတင်

ထိုင်းသတင်းဌာန The Reportersသည် ယနေ့(ဧပြီ၁၅ ရက်)တွင် မြဝတီီမြို့အတွင်းသို့ သွားရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ KNLA နှင့် PDF ပူးပေါင်းတပ်တို့ သိမ်းပိိုက်ထားသော စစ်ကောင်စီတပ်၏ ခလရ(၂၇၅)တပ်စခန်းအခြေအနေကို ကွင်းဆင်းမှတ်တမ်းတင်သတင်းရယူခဲ့သည်။ ဧပြီ ၁၁ ရက်ကတည်းက KNU/KNLA နှင့် ပူးပေါင်းတပ်သည် စစ်ကောင်စီတပ်၏ ခလရ(၂၇၅) တပ်စခန်း၏ ဧရိယာတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ဧပြီ၁၀ ရက်ညပိုင်းတွင် ခလရ(၂၇၅)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂) စစ်ဆေးရေးဂိတ်သို့ ဆုတ်ပြေးသွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် ခလရ(၂၇၅)ထဲသို့ ပစ်ချတိုက်ခိုက်ခဲ့​သေးသည်။ တိုက်ခိုက်မှုကြောင့် ခလရ(၂၇၅)တပ်စခန်း၏ အဆောက်အဦးများ ပျက်စီိးနေကာ မီးလောင်ခဲ့သည်။ ထိုင်းသတင်းဌာနက မှတ်တမ်းတင်ရာတွင် စခန်းအတွင်းအပျက်အစီးများ ၊KNLA ၊ … Read more

မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ရိက္ခာနှင့် လက်နက်များ စစ်တပ်က ပို့ဆောင်ရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ရိက္ခာနှင့် လက်နက်များ စစ်တပ်က ပို့ဆောင်ရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်သားများ တောပု ပျူစောထီးရွာကို ရိက္ခာနှင့် စစ်လက်နက်များ သယ်ယူရာတွင် အဓိက အသုံးပြုနေသည့် ရွာအဝင် တံတားကို ဖောက်ခွဲ ရှင်းလင်းခဲ့ခြင်းကြောင်း သိရသည်။ ” အဲ့ဒီရွာက ချောင်းဦးနဲ့မုံရွာ အကြားက ရွာတွေကို ဒုက္ခအပေးဆုံးပဲ စစ်ခွေးတွေ ရိက္ခာပို့တာတွေ လက်နက်တွေ သယ်ယူပို့ဆောင်တာတွေ … Read more

မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကန်သာယာရေကစားမဏ္ဍပ်ကို တော်လှန်ရေး တပ်ဖွဲ့များက အသေခံ ဒရုန်း ၁ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း မဏ္ဍပ် နောက်ကျောရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။ “စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အသေခံ ဒရုန်း ၁ စီးနဲ့ … Read more

အရာတော်မှာ စစ်ကားတန်းကို တိုက်ခိုက်ရာ စစ်အုပ်စု (၂၀) သေ၊ (၄၉)ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်သင်တန်းသားတွေ သယ်လာတဲ့ ကားခြောက်စီးပါ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး အပါအဝင် စစ်အုပ်စု (၂၀) သေပြီး ဒု-အရာခံဗိုလ် အပါအဝင် စစ်အုပ်စုနဲ့ သင်တန်းသား (၄၉)ဦး ဖမ်းမိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ် က သတင်း ထုတ်ပြန်ပါတယ်။ ဧပြီ(၁၂)ရက် နေ့လည်ပိုင်းက မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)၊ (ထောက်ပို့တပ်ရင်း) ထပရ-၉၂၉ ကနေ စစ်သင်တန်းသား (၂၅၀)ကို (၁၂)ဘီးကား ငါးစီး၊ Express ကား တစ်စီး၊ စုစုပေါင်း ကားခြောက်စီးနဲ့ တင်ပြီး အရာတော်မြို့ (စစ်အခြေခံလေ့ကျင့်ရေးတပ်) (စခတ-၁၀) … Read more

အဘတို့လင်မယား ဘဝက “ယတျာကိုတောင် ကိုယ်စားချေပါ” တဲ့

ပစ်ခတ်သံတွေ တိတ်တော့မှ စစ်လေယဥ်နဲ့ ခိုးပြန်ခဲ့တဲ့ မအလဟာ “ဖြစ်စဥ် အသေးစိတ်ကို ၂၄နာရီအတွင်း အစီအရင်ခံ” တဲ့။ DSA ကျောင်းအုပ်ကြီးကအစ၊ လုံခြုံရေးဂိတ်စောင့်အလယ်၊ စစ်တိုင်းမူုးအဆုံး ဘယ်သူ တဦးတယောက်ကိုမှ အပြင်ထွက်ခွင့်မပေးပဲ ဖုန်းတွေကို အကုန်သိမ်းပြီး စစ်ဆေးခိုင်းထားပါတယ်။ မသက်ာရင် ပစ်ခတ်ဖမ်းဆီးဖို့ပါ တပါတည်း အမိန့်ပေးခဲ့သလို တာဝန်ရှိတဲ့သူတွေကိုလဲ လုံခြုံရေး ပေါ့လျော့မူအတွက် ထိထိရောက်ရောက် အရေးယူမယ် လို့ ကြိမ်းမောင်းသွားခဲ့ပါတယ်။ လောလောဆယ်တော့ စောက်ပုလင်မယားဟာ နေပြည်တော် လှိုင်ခေါင်းထဲက တပ်ချုပ်ရဲ့ သီးသန့် အခန်းထဲမှာ ရောက်နေပြီး ပရိတ်ပဌါန်းတွေပဲ ရွတ်နေရှာပါတယ်။ ဒါ့အပြင် အခါတော်ပေးတွေ၊ ဗေဒင်ဆရာတွေ၊ နတ်ဝင်သည်တွေ၊ ဘိုးတော်တွေကို ယတျာအစီအမံများ အမြန်ဆုံး လုပ်ပြီး နေ့နာမ်အလိုက် ကိုယ်စားပြုကာ ယတျာတွေချေပေးဖို့ အထူး မှာထားပါတယ်။ မအေ-ိုးလင်မယား … Read more

ရှော့တိုက်ဒုန်း ဇာတ်လမ်းကို အစကောက်ရမယ်ဆိုရင်ပေါ့

ကြံ့ဖွတ် ဗိုလ်ချုပ်ဟောင်းတွေက အမျိုးသားရေး သမား ဆိုတာတွေကို လက်သပ်မွေးထားတယ် (၂ လုံးထီဒိုင်… ဖျာခေါင်း… အရက်ပုန်းရောင်းတဲ့ မိန်းမ) တွေဟာ အမျိုးသားရေးသမားတွေဖြစ်လာတယ် မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့အချိန်မှာ သူ့သားက တင်ဒါမှန်သမျှ အကုန်အောင်တယ်… စီးပွါးရေးလုပ်ကွက်မှန်သမျှ အကုန်ယူတယ် ကြံ့ဖွတ်ဗိုလ်ချုပ်ဟောင်းတွေက အာဏာသိမ်းရင် သူတို့လဲ စားရမယ်လို့မျှော်လင့်ခဲ့တာပါ… အစာလုခံရတော့ အမျိုးသားရေးသမားဆိုတဲ့ အဖွဲ့တွေကို မီးစိမ်းပြလိုက်တယ် “စိုးဝင်း ကို အာဏာလွှဲပါ… မင်းအောင်လှိုင် ဆင်းပေးပါ” ပေါ့ မင်းအောင်လှိုင် က နပ်တယ်… အချိန်အခါစောင့်နေတဲ့ မင်းအောင်လှိုင် က စိုးဝင်း ကို မော်လမြိုင် လွှတ်လိုက်ပြီး နေရာအတိအကျ မြေပုံညွှန်း နဲ့ meeting မှာ ဖွလိုက်တယ် ဖရဲသီး က သတင်းပို့တော့… တလရ အဖွဲ့က … Read more

ရှေ့တန်း စစ်မျက်နှာတွင် လက်နက်ချ အလံဖြူထောင်ခဲ့သော စစ်သားများက “အလံဖြူတို့ သံချပ်” ဖြင့် ဖျော်ဖြေ (ရုပ်/သံ)

ရှေ့တန်း စစ်မျက်နှာတွင် လက်နက်ချ အလံဖြူထောင်ခဲ့သော စစ်သားများနှင့် PDF ရဲဘော်များ ပူးပေါင်း၍ လွတ်မြောက်နယ်မြေ တစ်နေရာ၌ “အလံဖြူတို့ သံချပ်” ဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ အဆိုပါ သံချပ် ပြုလုပ်ရခြင်းသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သားများ သံဝေဂ ရရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ သားနတ်သျှင်နောင် စီစဉ်သည့် အလံဖြူတို့ သံချပ် လက်နက်ချ အလံဖြူထောင်စစ်ကောင်စီ ရဲဘော်ဟောင်းများနှင့် PDF ရဲဘော်များပေါင်းစည်းတင်ဆက်သည်….။

လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာတွင် တုတ်ပြီး၊ ဓားပြီး၊ သေ နတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Launglone People Defense Force-LLPDF မှတာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၁၄ရက်နေ့ ည ၇ နာရီအချိန် လောင်းလုံးမြို့နယ်တွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟုကြွေးကြော်ထားသူ စမ်းလှန်းရွာနေ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး ခေါင်း ဆောင်၏ ဇနီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ အီကွေးမန့်တစ်စုံ လက်ပစ်ဗုံး ၁ လုံး ဓါးတို ၂ ချောင်း ၊ အရှည် … Read more

အရာရှိကြီး ၂ ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနှင့် စစ်သည် ၁၉ ဦးဒဏ်ရာရ

ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သင်္ကြန် အလည် လာသူများ အကုန်ဆင်းပြေး၊ ဆေးရုံအဆောင် ဒုံးထိမှန်၍ ဆေးရုံတက်သူများလည်း ဆေးမကုတော့ဘဲ ဆင်းသွား မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သင်္ကြန်ကာလ ပြင်ဦးလွင်သို့ အလည်လာသူများ ယနေ့ နံနက်ပိုင်းတွင် အကုန် ပြန်ဆင်းပြေးကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ ဧပြီလ ၁၄ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်အချိန်မှစတင်၍ ည ၁၀ နာရီ ၁၇ မိနစ်ဝန်းကျင်အချိန်အထိ စုစုပေါင်း ၁ နာရီ ကြာ ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် အလည်လာသူများ အကုန် ပြန်လည် ဆင်းပြေးနေကြကြောင်း သိရှိရသည်။ … Read more

ပြေးစရာ မြေမရှိ

ယမန်နေ့ည ၉:၁၇ တွင် မင်းအောင်လှိူင် နှင့် အဖွဲ့ လာရောက် အပန်းဖြေ မည်ဟု ယူဆရသော ပြင်ဦးလွင်ရှိ တည်းခိုမည့် နေရာ၊ စစ်တက္ကသိုလ် နှင့် ပတ်ဝန်းကျင်သို့ တနာရီ ခွဲကျော်ကြာအောင် ၁၀၅ မမ ရှော့တိုက် ဒုံးကျည် ၃၅ စင်း မျှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြ၍ ငရဲပွက်တမျှ ယောက်ယက်ခတ် ကုန်သည်ဟု သိရသည်။ ထိုအချိန်သည် လာရောက်သူများ အဖို့ အိမ်ပြင် ထွက်၍ ဘီယာ‌ လေး စုပ်ရင်း အနားယူ ၍ ‌အကောင်းဆုံး အချိန်လည်း ဖြစ်သည်။ အခြေအနေများက ရှုပ် ထွေးနေ၍ သတင်း အတိအကျ ထွက်ပေါ်ခြင်း မရှိသေးပေ။ မင်းအောင်လှိုင်သည် ကောက်ကျစ်သူ ပီပီ ၎င်း တကယ် … Read more