ကျောက်ဆည်နဲ့ ကျုံပျော်မြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအပါအဝင် သုံးဦးအသတ်ခံရ

ဧပြီလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖို့ ကြိုးပမ်းနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ဆက်စပ်သူတစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းကို ဧပြီ ၁၂ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။ သတိပေးမှုကို မလိုက်နာတာကြောင့် အခုလိုရှင်းလင်းလိုက်တာလို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ပြည်သူတွေရဲ့တိုင်ကြားမှုအရ မြို့နယ်အလိုက် ပြည်သူကိုခြိမ်းခြောက်ပြီး ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူးတချို့အပါအဝင် စစ်ကောင်စီဘက်တော်သားတွေကို သတိပေးမှုတွေ ပြုလုပ်ပြီးပါပြီ။ လိုက်နာမှုမရှိဘဲ ပြည်သူကို အဆိုးရွားဆုံး ဆက်လက်ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်ဖြစ်လို့ နောက်ဆုံးအဆင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်ပါတယ်” စစ်မှုထမ်းဥပဒေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို … Read more

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားအနားယူသော်လည်း သူ့ဘက်တော်သား စစ်ဗိုလ်ချုပ်များအားလုံးကို တစ်ပြုံတစ်မ ခေါ်သွား

ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းတွင် စစ်ဗိုလ်ချုပ်များအားလုံးနှင့်အတူ နေထိုင် အကြမ်းဖက်စစ်ခေါင်းဆောင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ မရှိတော့ဘဲ သင်္ကြန်ကာလ ပြင်ဦးလွင်မှာ သွားရောက် အနားယူနေပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ပြင်ဦးလွင်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ထူးခြားတာကတော့ သူတစ်ဦးတည်သွားနားတာမျိုးမဟုတ်ဘဲ သူရဲ့ လူတွေဖြစ်တဲ့ကြည်း၊ ရေ၊ လေ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီအဖွဲ့ ဝင်တချို့ ၊ တိုင်းမှူး၊ ကစထမှူးတွေကိုပါ တစ်ပါတည်း တစ်ပြုံတစ်မကြီး ခေါ်ချသွားတာဖြစ်ပါတယ်။ ယခင်နှစ် သင်္ကြန်ကာလတွေဆိုရင် မင်းအောင်လှိုင်က မိသားစုနဲ့အချိန်ဖြုန်းလေ့ရှိပြီး ဒီမှာတော့ ထူးထူးခြားခြား စစ်ဗိုလ်ချုပ်တွေကိုပါ သူ့အနားမှာ ခေါ်ထားတာဖြစ်ပါတယ်။ ပြင်ဦးလွင်ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ သူစီစဉ်ထားတဲ့ နိုင်ငံတော်ဧည့်ဂေဟာ၊ တပ်မတော် VIP ဧည့်ဂေဟာနဲ့ သူ့ရဲ့ အိမ်လိုနေရာမျိုးတွေမှာ မနေဘဲ ပြင်ဦးလွင် တပ်မတော်အုပ်ချုပ်မှု … Read more

သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မြင်ကွင်း

စစ်ကောင်စီဦးဆောင်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်နဲ့ မဟာဗန္ဓုလလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မနက်ပိုင်းက တွေ့ရစဥ်။

သံတွဲမြို့နယ်တွင် တိုက်ပွဲ စဖြစ်

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ် ယ‌နေ့(ဧပြီလ ၁၃ ရက်)နံနက်တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။ သံတွဲမြို့နယ်၊ကွေ့ချောင်းနှင့်ရေစင်ရွာကြား၌ နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဟု သံတွဲမြို့မြို့ခံတဦးကပြောသည်။ “ဖြစ်တာက ရွာဘက်မှာ။ မြို့ပေါ်မှာတော့ စစ်ကားတချို့လှည့်နေတယ်။သင်္ကြန်လည်း လူမရှိဘူး” ဟု ယင်းဒေသခံကပြောသည်။ သံတွဲမြို့နယ်တွင် အမှတ်(၅၅)ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၅၆၆-ခမရ(၅၆၆) ၊ ရဲစခန်းတို့ရှိသည်။ ရခိုင်ပြည်နယ်​တောင်ပိုင်းရှိ သံတွံဒေသတွင်း၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ယ‌နေ့ တိုက်ပွဲစတင်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလ၂၁ရက်နေ့က စစ်ကောင်စီ၏စစ်မှုထမ်းကိစ္စအတွက် စာရင်းလိုက်ကောက်သည့်အဖွဲ့၌ပါဝင်သော သံတွဲမြို့နယ်၊ ဒါဝကျေးရွာရာအိမ်မှူးဦးဝင်းရွှေသည် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ ရခိုင်ပြည်နယ်မှစစ်ကောင်စီစခန်းများအား ထိုးစစ်စင်တိုက်ခိုက်နေသည့်AAသည် ယမန်နေ့ကပင် မောင်တောမြို့နယ်ရှိ အကြီးဆုံးနယ်ခြားစောင့်တပ်ရင်းဖြစ်သည့် ကြိမ်ချောင်းဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် စစ်တပ် မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ပြ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ စခန်းများကို … Read more

ဖားဆောင်းသို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၅၈ ဦးကို အရှင်ဖမ်းမိ

လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ ရာအကြမ်း ဖက်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကလလတ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ဘောလခဲမြို့နယ်ဘက်မှ ဖားဆောင်းမြို့ဘက်သို့ စစ်ကူပေးရန် ချီတက်လာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်ခြေလျင် စစ်ကြောင်းကို ပါပူရွာအနီးတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သားအများအပြားအရှင်ဖမ်းမိပြီး စစ်ကြောင်းတစ်ခုလုံး တိုက်ခိုက်ချေမှုန်း လိုက်နိုင် ခြင်းဖြစ်ကြောင်း သိရသည်။ “တစ်နေကုန်တိုက်ပွဲဖြစ်တာ။ လက်နက်သိမ်းတာတို့ သုံ့ပန်းဖမ်းမိတာတို့က အတိအကျ မသိရ … Read more

မင်းအောင်လှိုင်ကို ဖြုတ်ချပြီး အာဏာလုယူရေး သဘောထားတင်းမာသော စစ်ဗိုလ်ချုပ်ဟောင်းများ စီစဉ်ခဲ့ကြသလား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ သူ့ကို ဖြုတ်ချပြီး အာဏာလုယူဖို့ ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ ဗိုလ်ချုပ်တချို့ကို ဆိုင်းမဆင့် ဗုံမဆင့် ဖမ်းဆီးအရေး ယူတာတွေ လုပ်လာနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံး စစ်တပ်က လက်လွှတ်လိုက်ရတာ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့ နိုင်ငံအနှံ့မှာ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်ပြီး နယ်မြေတွေ ဆုံးရှုံးလိုက်ရတာကြောင့် မင်းအောင်လှိုင်ရဲ့ ကိုင်တွယ်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုပြီး စီနီယာ ဗိုလ်ချုပ်ဟောင်းတွေက ပေါ်ပေါ်တင်တင် ပြစ်တင် ဝေဖန်လာကြပါတယ်။ တစ်ချိန်က မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ တိုက်တွန်းခဲ့တဲ့ မဘသတွေ နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေက မင်းအောင်လှိုင်ကို အရပ်ဘက်ဝန်ကြီးချုပ်ရာထူးပဲ ယူပြီး စစ်တပ်ရဲ့ … Read more

မောင်တောမြို့နယ်တွင် စစ်အင်အားနှင့်တပ်မိသားစုဝင် ၆၅၀ ဦးရှိသော ကြိမ်ချောင်း ဗျူဟာစခန်းကို AA ကသိမ်းပိုက်ရရှိ၊ အရှင်ဖမ်းမိသူများနှင့် အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများရရှိ

အမ်းမြို့နယ်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး ရက္ခိုင်ပြည်၊ မောင်တောမြို့ ရှိ စစ်အင်အားနှင့်တပ်မိသားစုဝင် ၆၅၀ ဦးရှိသော ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)က ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း AAက သတင်းထုတ်ပြန်သည်။ မောင်တောမြို့နယ်၊ ကြိမ်ချောင်းဗျူဟာစစ်စခန်းကြီးကို လချီ၍ ဝန်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့မှတွင်မှ ထိုးစစ်ကို အရှိန်အဟုန်မြှင့်တင်ခဲ့ကြောင်း၊ ကြိမ်ချောင်း ဗျူဟာစခန်းကုန်းတွင် စစ်ကောင်စီတပ်ဖွ့်ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ အဆိုပါစခန်းမှ ဗျူဟာမှူး ဒုတိယဗိုလ် မှူးကြီး မင်းစိုး နှင့် ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး AA ၏ … Read more

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဒဏ်ရာအခြေအနေမကောင်း၍ ရန်ကုန်မြို့ ကန်သာယာဆေးရုံသို့ပြောင်းရွှေ့ပြီး အရေးပေါ်ကုသမှုခံယူနေ

စိုးဝင်းက ရတခ အတွင်း စစ်ဆင်ရေးများ ဆက်လက်ကွပ်ကဲနေသယောင် သတင်းတုများ ဖြန့်ပြီး တပ်တွင်းကို ဆိုက်ဝါးလုပ်ထားကြောင်း ခိုင်လုံတဲ့သတင်းများအရသိရပါတယ်။ ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် ရတခ တိုင်းအတွင်း စစ်ဆင်ရေးအထူးအစည်းအဝေးလုပ်နေသည့် စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းအပါအဝင် စစ်တပ်အကြီးအကဲများအား SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ရက်ဆက်တိုက် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပထမနေ့ တိုက်ခိုက်မှုထက် ဒုတိယနေ့ တိုက်ခိုက်မှုတွင် စိုးဝင်းနှင့်အတူ ကစထမှုး ညွန့်ဝင်းဆွေပါ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒုချုပ်စိုးဝင်းဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းမှစပြီး အရေးပေါ်ကုသမှုများခံယူကာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိပြီး အကြီးစားကုသမှုခံနေရတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ယနေ့ ကြားသိရသည့်နောက်ဆုံးသတင်းအရ စိုးဝင်းအခြေအနေမကောင်း၍ ရန်ကုန်မြို့ ကန်သာယာဆေးရုံသို့ ပြောင်းရွှေ့ကာ … Read more

မန္တလေးက မြို့နယ်တရားသူကြီးရဲ့ ရွှေပန်းတိမ်ကို နယ်ထိန်းရဲက ဦးဆောင်ပြီး ဓားပြတိုက်မှု

ပုသိမ်ကြီးမြို့နယ် ရဲမှူး အပါအဝင် ရဲစခန်းက ရဲတွေ အားလုံးကို စစ်အုပ်စုက ဖမ်းဆီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနဲ့ (၈၉)လမ်းထောင့်က၊ မြို့နယ် တရားသူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီးဖောင်းဝတ်ပြီး ဓားပြတိုက်သူတွေဟာ စစ်အုပ်စု လက်အောက်ခံ ပုသိမ်ကြီးမြို့နယ် ရဲစခန်းက နယ်ထိန်း မြတ်သူအောင် ဦးဆောင်တဲ့ အဖွဲ့ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မတ်(၂၈)ရက် ညနေပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနှင့် (၈၉)လမ်းထောင့်က၊ မြို့နယ် တရားသူကြီး ဒေါ်ဝင်းဝင်းမာ ပိုင်ဆိုင်တဲ့ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်ကို ရဲယူနီဖောင်း ဝတ်ဆင်ထားသူ အပါအဝင် ကားနဲ့ လာတဲ့ လူလေးဉီးက ဆိုင်ထဲ ဝင်ရောက်ပြီး ဧည့်စာရင်းစစ်မယ်လို့ ပြောဆိုကာ ရွှေထည်ပစ္စည်း နှစ်ပိဿာကျော်၊ ကာလတန်ဘိုး ကျပ်သိန်း(၁၀,၀၀၀)ကျော် ဓားပြတိုက်တာလို့ … Read more

စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် K pop ချစ်သူများ သိရှိခြင်းမရှိသည့် ကိုရီးယားအနုပညာရှင် ဆိုသူများဖြင့် ဆွဲဆောင်

စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် မြန်မာနိုင်ငံရှိ K pop ချစ်သူများ သိရှိခြင်းမရှိသည့် ကိုရီးယားအနုပညာရှင် ဆိုသူများကို ခေါ်ယူ၍ စည်းရုံး ဆွဲဆောင်နေကြောင်း သိရသည်။ စစ်ကောင်စီက ၎င်းတို့၏ ၃ နှစ်မြောက် သင်္ကြန်ကို ဖျော်ဖြေရေးအတွက် ကိုရီးယားအနုပညာရှင် K pop အဆိုတော်များနှင့် Dj တီးသူများကို ခေါ်ယူထားပြီး မြန်မာပြည်သူများ သိရှိသည့် နာမည်ကျော် ကိုရီးယား အနုပညာရှင်များ ပါဝင်ခြင်းမရှိကြောင်းသိရသည်။ မြန်မာနိုင်ငံကို ယမန်နေ့ ဧပြီ ၁၁ ရက်နေ့တွင် DJ – Lee နှင့်အနုပညာရှင် ငါးဦးရောက်ရှိလာပြီး ပြီးခဲ့သည့် ဧပြီ ၉ ရက်နေ့က သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ Rejen၊ Henny နှင့် 7 … Read more