စစ်ကောင်စီလေယာဉ်တွေ လေပိုင်နက်ထဲဝင်လာရင် ၅ မိနစ်အတွင်း တိုက်ခိုက်ဖို့အသင့်လို့ ထိုင်းလေတပ်မှူး ဖွင့်ဟ

ထိုင်းလေတပ်မှူး ဖန်ဖက်ဒီဖက်တန်ခွန်က မြ၀တီမြို့တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက် ရောက်သွားပြီးနောက် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လေယာဉ်တွေ လာရောက်တိုက်ခိုက်လို့ လေပိုင်နက်ကျော် လွန်လာရင် တားဆီးတိုက်ခိုက်သွားဖို့ ၅ မိနစ်အတွင်း အသင့်အနေအထားပြင်ထားတယ်လို့ ပြောဆိုလာပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆရတ်သာကိုယ်တိုင်က လေပိုင်နက်ကို ထိပါးခံမှာမဟုတ်လို့ F 16 တိုက်လေယာဉ်တွေ အသင့် ပြင်ခိုင်းထားကြောင်း ထုတ်ပြန်ပြောဆိုအပြီးမှာ ထိုင်းတော်ဝင်လေတပ် တပ်မှူး ဖန်ဖက်ဒီဖက်တန်ခွန်က ထိုင်းလေပိုင်နက်ကို ကာကွယ်ဖို့ ၂၄ နာရီအပြည့် အသင့်အနေအထားပြင်ဆင်ထားပြီး ပိုင်နက်ကျော်လာတာနဲ့ ၅ မိနစ်အတွင်း ကြားဖြတ်တိုက်ခိုက်ဖို့ F 16 လေယာဉ်တွေ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။ ဒီအမိန့်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်က ထုတ်စရာမလိုဘဲ ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်နဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း ထိုင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုပါတယ်။ Ref:The Reporters

နေပြည်တော် အေလာလေတပ် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခံရ

နေပြည်တော်ကောင်စီနယ်မြေရှိ အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ယနေ့ (ဧပြီ ၁၁ ရက်နေ့)က ပစ်ခတ်တိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။ လေတပ်၏ တိုက်လေယာဉ်များထားရာ အဆောက်အဦများကို ပစ်မှတ်ထားကာ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ၁၀၇ မမ ရှော့တိုက်ဒုန်း ခုနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ “၂ မိုင်နဲ့ ၅ မိုင်ကြားကပါ။ ပြင်းအားကတော့ အများသိပြီးဖြစ်မှာပါ။ ပစ်တဲ့ ခုနှစ်လုံးစလုံးအောင်ပါတယ်” ဟု မြန်မာအတွက် ရဲရင့်သောသူရဲကောင်းများဟုအဓိပ္ပါယ်ရသော အမည်မဖော်သော BWM တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ အေလာလေတပ်တွင် ဆင်ဖြူတော်လေယာဉ်ဟုလည်းခေါ်သည့် သမ္မတအတွက် အထူးလေယာဉ် ATR-72 နှင့် SU-30 အမျိုးအစား ရုရှားလုပ်တိုက်လေယာဉ်များပင် ထားရှိသည်။ ပြောက်ကျားအဖွဲ့အဆိုရ … Read more

စစ်​ကောင်စီတပ်မရှိ​တော့သည့် မြဝတီမြို့ပထမဆုံး​နေ့မြင်ကွင်း

မြန်မာ-ထိုင်းအဓိကနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ အနီးရှိ စစ်​ကောင်စီတပ်၏ ​နောက်ဆုံးလက်ကျန် ခလရ ၂၇၅ ကို KNLA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး​နောက် စစ်​ကောင်စီတပ်မကျန်​တော့သည့် ပထမဆုံး​နေ့ (ဧပြီ ၁၁ )တွင်မြို့မှာ ပုံမှန်နီးပါးလည်ပတ်နေသည်ကို တွေ့ရသည်။ မြို့အဝင်ရှိ စစ်ကောင်စီ​၏ ခလရ(၂၇၅)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊KNDO နှင့် PDF ပူးပေါင်းတပ်က ယမန်နေ့ညပိုင်းသိမ်းပိုက်ပြီးနောက် ယ​နေ့နံနက်အ​စောပိုင်းတွင် ရှင်းလင်း​ရေးလုပ်ခဲ့သည်။ ဧပြီ ၁၀ ရက်ည ၈ နာရီ ​နောက်ပိုင်းမှစ၍ မြို့၌ပစ်ခတ်သံများမကြားရတော့ဟု မြို့ခံများက ပြောသည်။ KNLAပူးပေါင်းတပ် သိမ်းပိုက်ခဲ့သော ခလရ(၂၇၅)တပ် နေရာကို ယနေ့(ဧပြီ ၁၁) နံနက် ၁၀နာရီခန့်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်၅၀၀ ဗုံးကြဲချခဲ့သည်။သို့​သော်​တော်လှန်​ရေးတပ်များမှာ ထို​နေရာတွင်မရှိ​တော့၍ ကျဆုံးထိခိုက်​မှုမရှိဟု​ဒေသခံအချို့က​ပြောသည်။ လက်ရှိတွင် မြဝတီမြို့တွင်း၌ ကရင်နယ်ခြားစောင့်တပ် … Read more

မန္တလေး အိမ်ရှေ့မင်း ထန်းတောဘက်မှာ သုံးဘီးမောင်းသူတစ်ဦး သတ်ဖြတ်ခံရပြီး သုံးဘီး လုယက်ခံရ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အင်္ကျယ်ရွာနဲ့ မင်းကန်ရွာအကြား အိမ်ရှေ့မင်းထန်းတောအနီးမှာ သုံးဘီး မောင်းသူ အမျိုးသားတစ်ဦး မနေ့က သတ်ဖြတ်ခံရကာ သုံးဘီး လုယက်ခံရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ မနေ့က ဧပြီ(၁၀)ရက်မှာ မန္တလေးမြို့နေ အသက်(၃၀)ကျော်အရွယ် သုံးဘီးဆရာတစ်ဦး သုံးဘီးအငှားထွက်ရင်းနဲ့ နေ့ခင်း ထမင်းစား ပြန်မလာလို့ မိသားစုက လိုက်လံစုံစမ်းရာက ရင်ခွဲရုံမှာ အလောင်း ရောက်နေကြောင်း သိရတာလို့ ဆိုပါတယ်။ “ဧပြီ(၁၀)ရက် ညပိုင်းက မန္တလေး – မတ္တရာ ကားလမ်း၊ ကြာနီကန် အရှေ့ဘက် အင်္ကျယ်ရွာနဲ့ မင်းကန်ကြား အိမ်ရှေ့မင်း ထန်းတောအနီးမှာ မီနီအိုးဝေသမားကို လည်ပင်းလှီးပြီး ယာဥ်အမှတ် 16U/—-၊ ယာဥ်အမျိုးအစား TVS မီနီအိုးဝေ လုယက်ခံရပါတယ်။ မီနီအိုးဝေလည်း ပြန်မရသေးပါဘူး။ မီနီအိုးဝေသမားလည်း ဧပြီ(၁၀)ရက်၊ ည(၉)နာရီလောက်မှာ … Read more

မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို မန္တလေးခရိုင် တပ်ရင်း ၆ က ၄ဝ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ “ဒီနေ့ မနက် ၅ နာရီခန့် ဝန်းကျင်ခန့်မှာ မန္တလေး ၆၂လမ်းမှာရှိတဲ့ အဆင့်မြင့် ရဲစခန်းကို ကျွန်တော်တို့ တပ်ဖွဲ့ကနေ ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု … Read more

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ ထွက်ပြေးသွားသည့် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းနိုင်စိုးနှင့် အဖွဲ့များ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့် တောင်းခံနေ

ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းနိုင်စိုး အပါအ၀င် တပ်ဖွဲ့၀င် ၂၀၀ ကျော် သည် တပ်ရင်းကို စွန့်ခွာထွက်ပြေးပြီး ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့်ရရန် ထိုင်းအစိုးရကို တောင်းဆိုမှုများပြုလုပ်နေကြောင်း သိရသည်။ ယနေ့ ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ခလရ-၂၇၅ တပ်ရင်းကို စွန့်ခွာထွက်ပြေးသည့် တပ်မမှူးအပါအ၀င် တပ်ဖွဲ့၀င် ၂၀၀ ကျော်သည် မြန်မာ-ထိုင်း နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးသို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့်ရရန် ထိုင်းအစိုးရထံ ခွင့်တောင်းနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဧပြီ ၁၀ … Read more

နန့်ယားရှိ စစ်ကောင်စီစခန်းကို KIA သိမ်းပိုက် ၊ ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းပေါ်ရှိ နန့်ယားကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ရရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီက နန့်ယားစခန်း အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ကျော်သည် အလံဖြူထောင်၍ KIA တပ်ဖွဲ့များထံ လက်နက်ချအညံ့ခံလာပြီး ကျန်သည့် တပ်ဖွဲ့၀င်များမှာ စခန်းစွန့်ခွာထွက် ပြေးကြသဖြင့် KIA က လိုက်လံဖမ်းဆီးခဲ့ရာ စစ်သုံ့ပန်း ၃၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ နန့်ယားစခန်းကို ဧပြီ ၉ ရက်နေ့မှစ၍ KIA က ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ … Read more

စစ်ကောင်စီတပ်စခန်းအားလုံးကို ချေမှုန်းပြီးနောက် မြ၀တီမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU က တရား ဝင် ကြေညာ

ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်စခန်းမှ စစ်အင်အား ၂၀၀ ဦးမှာလက်နက်များဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ကယ်ကူမဲ့ဖြစ်နေ ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅ အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြ၀တီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ … Read more

ခလရ ၂၇၅ စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ပုန်းနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်

စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှု အချိန်မရွေး လုပ်လာနိုင်၍ ပြည်သူများ သတိဖြင့် နေထိုင်ကြရန် အသိပေး ကရင်ပြည်နယ်၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ပုန်းအောင်း ရှိနေ၍ ပြည်သူများ မသွားရောက်ကြရန် KNU က သတိပေးချက် ထုတ်ပြန်လိုက်သည်။ မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၂၇၅ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြဝတီတံတားအမှတ် ၂ တွင် သွားရောက် ပုန်းရှောင်လျက်ရှိကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိဘဲ ပိတ်မိနေလျက်ရှိကြောင်း၊ ထိုစစ်ကောင်စီတပ်များက ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထုများအနေဖြင့် … Read more

အေလာလေတပ်စခန်းကို​တော်လှန်​ရေးအဖွဲ့က ၁၀၇ မမရှော့တိုက်ဒုန်း ၇ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်

လေတပ်အရာရှိ ၅ ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိဟု တိုက်ခိုက်ခဲ့​သော တာဝန်ရှိသူ​ပြော သတင်းထုတ်ပြန်ကြေညာချက် နေပြည်တော်အေလာလေဆိပ်အား ၁၀၇ ရှော့ဒုံး ၇ လုံးဖြင့်တိုက်ခိုက်ခြင်း ရက်စွဲ။ ။ ၂၀၂၄ခုနှစ်၊ ဧပြီလ ၁၁ ရက် ၁။ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ရက်၊ မနက် ၄း၄၅ အချိန်တွင် နေပြည်တော်၊ အေလာလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိ နှင့် … Read more