မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံရ
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြော ယမန်နေ့ (ဧပြီ၁၀)ရက် နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၇လမ်း၊၂၃လမ်းလမ်း နှင့် ၂၄လမ်းကြား ရှိ သီရိမာလာအရှေ့ရပ်ကွက်ရုံးနှင့် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲ ဦးပွါးကုန်းကျော် အရှေ့ဘက်အဆင်းလမ်းထိပ်ရှိ ချမ်းမြသာစည်တောင်ရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ သီရီမာလာအရှေ့ အုပ်ချုပ်ရေးရုံးအနီးတွင် ရပ်ထားသော အုပ်ကြီးငမျိုး၏ ဖောက်ခွဲ ခိုက်တိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ကြီး ငမျိုးဆိုသူ ကားပေါ်အတက်တွင် ဖောက်ခွဲခဲ့သော်လည်း အုပ်ကြီးမှာ ကားပေါ်မရောက်သေးဘဲ ဖုန်းပြောနေသောကြောင့် လူမထိကြောင်း Voice Of MDY က ဖော်ပြသည်။ ထို့အပြင် နေ့လယ်ပိုင်း ချမ်းစည်တောင်ရပ်ကွက်ရုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “နေ့လယ် ၂ ချက်ခွဲလောက်က အုံးသံကြားလိုက်တယ်။”ဟု အတည်ပြုသည်။ ဖြစ်စဥ်များနှင့်ပတ်သက်၍ … Read more