Author name: Jefft

ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် အကြမ်းဖက် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် ရေဦးမြို့ ရဲစခန်းထဲ၌ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM စံပယ်ဦး တို့ ၏ မင်္ဂလာ ဆောင်ကျင်းပနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed Wing Drone ၂ […]

ရေဦးမြို့မရဲစခန်းတွင် ကျင်းပနေသော ရဲတပ်သား ၁ ဦး၏ မင်္ဂလာဆောင် နှင့် စစ်တပ်က ဒိုင်ကိုင်သော ကြက်ဝိုင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး Read More »

မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မော်လမြိုင် အ​​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း အထူးစစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေသည့် အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် ၂စီးရပ်ထား​သော​ကွင်းနေရာတို့အား ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ်​မြောက် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “စိုးဝင်းက ဒီနေ့လည်းရှိနေတယ်၊ အားကစားခန်းမမှာ တပ်မှူးတွေ၊ အရာရှိတွေနဲ့ တောင်ပိုင်းစစ် မျက်နှာအတွက် အထူးအစည်းအဝေးလုပ်နေတာပါ၊ ပျက်စီးမှုကတော့ အသေးစိတ်မသိရသေးပါဘူး၊ ကျနော်တို့တိုက်ခိုက်ခဲ့တာက

မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် Read More »

သွေးလိုလို့ဆိုပြီး ခေါ်သွားရာက လူမှုကူညီရေးအသင်းဥက္ကဌ ဓါးဖြင့်ခု-တ်သ-တ်လုယက်ခံရမှု မကွေးမြို့မှာဖြစ်ပွား

မကွေးမြို့မှာ ဏဘယံ သွေးကူညီမှုအသင်းဥက္ကဌ ဓါးဖြင့် အချက်ပေါင်းများစွာ ခု-တ်သ-တ်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းများထံက သိရပါတယ်။ ဧပြီလ ၈ရက်နေ့ မနက်ပိုင်းအချိန်က မကွေးမြို့ရှိ၊ သင်ကြားရေးဆေးရုံလမ်း အရှေ့ဘက်ခြမ်းယာတောထဲမှာ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “သွေးလိုလို့ဆိုပြီး ဧပြီ ၇ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားတစ်စုက အိုးဝေတစ်စီးနဲ့ ရုံးကိုလာပြီး အသင်းဥက္ကဌဖြစ်သူကို အကူအညီတောင်း ခေါ်သွားတာ”လို့ လူမှုကူညီရေးအသင်း(ထူးကြီး)က ဆိုပါတယ်။ ထိုသို့အမျိုးသားတစ်စုက အရေးပေါ်သွေးလိုသည်ဟုဆိုကာ အကူအညီတောင်းခေါ်ဆောင်သွားပြီးနောက် လမ်းခုလပ်မှာ ဖုန်း၊ စကားပြောစက်၊ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တို့ကို လုယူကာ ဓါးအချက်ပေါင်း ၆၀ ကျော်ဖြင့် ခု-တ်သ-တ်ခံခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူသည် ဏဘယံ သွေးကူညီမှုအသင်းဥက္ကဌ ဦးရန်အောင်ဖြစ်ကာ မကွေးမြို့၊ ရွာသစ် ၁၈လမ်းမှာ နေထိုင်သူဖြစ်ကာ ဝမ်းနည်းကြေကွဲကြောင်း လူမှုကူညီရေးအသင်းများက ပြောဆိုထားပါတယ်။ လူမှုကူညီရေးအသင်းဥက္ကဌရဲ့

သွေးလိုလို့ဆိုပြီး ခေါ်သွားရာက လူမှုကူညီရေးအသင်းဥက္ကဌ ဓါးဖြင့်ခု-တ်သ-တ်လုယက်ခံရမှု မကွေးမြို့မှာဖြစ်ပွား Read More »

စစ်မှုထမ်းရန်စည်းရုံးသည့် တောင်ကုတ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ စစ်မှုထမ်းရန်စည်းရုံးနေသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးသွားခေါ်​ေခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။ ဖမ်းဆီးခံရသူမှာ ဝက်ကျိပ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးညီလေး အသက် (၅၀) ဝန်းကျင်ဖြစ်ကြောင်း သိရသည်။ ၄င်းအား ယမန်နေ့ ဧပြီလ ၈ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ဝက်ကျိပ်ကျေးရွာရှိ နေအိမ်မှ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ယူသွားခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံတစ်ဦး ကပြောသည်။ “ဝက်ကျိပ် အုပ်ချုပ်ရေးမှူးကို ခြောက် နာရီလောက်မှာ တပ်တော်ဘက်က လာဖမ်းသွားတာပါ။ ဝက်ကျိပ်မှာရှိတဲ့ သူ့အိမ်ကနေဖမ်းသွားတာ” ဟု ပြောသည်။ ၄င်းအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရခြင်းမှာ ပြည်သူ့စစ်မှုထမ်း စုဆောင်းရေးကိစ္စရပ်များနှင့် ပတ်သက်နိုင်ကြောင်း တောင်ကုတ်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။ ” သူ့ကိုဖမ်းတာ စစ်မှုထမ်းကိစ္စတွေကြောင့် ဖြစ်နိုင်တယ်။ အခု ဒီတောင်ကုတ်ဘက်တွေမှာက ပြည်သူ့စစ်ဆိုပြီး

စစ်မှုထမ်းရန်စည်းရုံးသည့် တောင်ကုတ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးကို ရက္ခိုင့်တပ်တော် ဖမ်းဆီးခေါ်ဆောင်သွား Read More »

မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်များ စတင်တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက်၊ ခလရ ၂၇၅ တပ်ရင်းကို ဧပြီ ၉ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက လက်နက်ကြီးနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ဒီဗွီဘီကို ပြောပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း ၉၀ ရာနှုန်းလောက်ကို KNU/KNlA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့နောက် မြဝတီမြို့မှာ တခုတည်း ကျန်ရှိနေတဲ့ ခလရ ၂၇၅ တပ်စခန်းကိုလည်း အပြီးသိမ်းပိုက်နိုင်ဖို့ စတင်တိုက်ခိုက်နေတာပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “တနာရီလောက်ကစပြီး လက်နက်ကြီးနဲ့ ထုနေတာ”လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးနဲ့

မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်များ စတင်တိုက်ခိုက် Read More »

နေပြည်တော်က အရပ်ဖက်ဝန်ထမ်းအားလုံးကို သင်္ကြန်ပိတ်ရက်အတွင်း နေရပ်ပြန်ခွင့်ပိတ်ပင်ထားပြီး ရုံးတွေမှာ လုံခြုံရေးတာဝန်ချထား

သင်္ကြန်ကာလအတွင်း နေပြည်တော်မှာရှိတဲ့ အရပ်ဖက်ဝန်ထမ်းတွေကို နေရပ်ပြန်ခွင့်ပိတ်ပင်ထားပြီး အမျိုးသား၊ အမျိုးသမီးအားလုံး သက်ဆိုင်ရာရုံးတွေမှာလုံခြုံရေး တာဝန်ချပေးထားတယ်လို့ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေက ပြောပါတယ်။ နိုင်ငံအနှံ့အပြားကလာရောက် တာဝန်ထမ်းဆောင်နေကြတဲ့ အရပ်ဖက်ဝန်ထမ်းတွေဟာ နှစ်သစ်ကူးကာလရုံးပိတ်ရက်ကာလအတွင်း နေရပ်ပြန်လေ့ရှိကြပေမဲ့ အခုနှစ်မှာတော့ ခွင့်ပြုမပေးတော့တာဖြစ်ပါတယ်။ “နေပြည်တော်အနီးအနားကမြို့တွေ၊ ရေနီတို့၊ တောင်ငူတို့ကလူတွေတောင်ပြန်ခွင့်မပေးဘူး။ခရီးထွက်နေရတဲ့ ဝန်ထမ်းတွေကိုတောင် အချိန်မီပြန်လာဖို့ခေါ်ထားတာရှိတယ်။တချို့တွေဆို ပြေးမလား၊ ပုန်းမလားဆိုပြီးဖြစ်နေကြတယ်။ ပြန်ချင်တယ်ဆိုတာထက်ကြောက်လို့ မနေချင်ကြသူတွေကပိုများတယ်လေ”လို့ စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနကဝန်ထမ်းတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်နယ်မြေထဲမှာရှိတဲ့ အေလာလေတပ်နဲ့ စစ်ရုံးတွေကို ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလိုအရပ်ဖက်ဝန်ကြီးဌာနတွေမှာပါ လုံခြုံရေးအစီအမံတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။ အဲဒီဒရုန်းပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုအနည်းငယ်ပဲရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်အခြေအနေမှာ ထိခိုက်မှုများပြားခဲ့တာကြောင့် နေပြည်တော်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။ “ဒီကဂျန်ဘာတွေဆိုတာကသုံးစားလို့မရဘူး။ လေကြောင်းရန်ကကောင်တွေကလည်း ငပေါတွေ။ဒီအတိုင်းဆိုနေပြည်တော်ကိုမကြာခင်ရောက်လာတော့မှာ”လို့ စစ်တပ်နဲ့နီးစပ်သူ အရပ်ဖက်အရာရှိတစ်ဥဦးကရွှေဖီမြေကို ပြောပါတယ်။ လက်ရှိအချိန်မှာ အရပ်ဖက်ဝန်ကြီးဌာနရုံးတချို့နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့်အရာရှိတွေအတွက်ပဲ

နေပြည်တော်က အရပ်ဖက်ဝန်ထမ်းအားလုံးကို သင်္ကြန်ပိတ်ရက်အတွင်း နေရပ်ပြန်ခွင့်ပိတ်ပင်ထားပြီး ရုံးတွေမှာ လုံခြုံရေးတာဝန်ချထား Read More »

နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ်အထုတ်အပိုးတွေပြင်ထား

နေပြည်တော်က ဝန်ထမ်းတွေဟာ တိုက်ပွဲတွေဖြစ်ပေါ်လာရင် ထွက်ပြေးနိုင်ဖို့ အရေးပေါ်အထုတ်အပိုးတွေပြင်ထားတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေက စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ သတင်းစကားတွေကြားသိပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေအပေါ်ကို သုံးသပ်ကာ နေပြည်တော်မှာတိုက်ပွဲတွေဖြစ်ပွါးလာရင် ထွက်ပြေးနိုင်ဖို့ အရေးကြီးကိုယ်ပိုင်ပစ္စည်းတွေပါတဲ့ အရေးပေါ်အိတ်တွေကို ပြင်ဆင်ထားတယ်လို့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား(MRTV)က အရာရှိတစ်ဦးက ပြောပါတယ်။ “အခုက လိုင်းပေါ်တွေမှာ စစ်တပ်ဘက်က ကျရှုံးနေတဲ့သတင်းတွေကြောင့်လည်းပါတယ်။ နောက်တစ်ခုက PDF တွေဘက်က သူတို့နဲ့အချိတ်အဆက်ရှိတဲ့ အရာရှိတွေကို သတိပေးတာမျိုးတွေရှိတယ်။ အရင် ရုံးကနေထွက်သွားတဲ့ ဝန်ထမ်းတစ်ယောက်က PDF ဖြစ်နေတာ။ သူက ညွှန်ချုပ်ဆီ ဖုန်းလှမ်းဆက်ပြီးပြောပြတာ။ လာကို လာမှာတဲ့၊ မခုခံပါနဲ့ ခုခံရင် အရေးယူတာမျိုးတွေဖြစ်လိမ့်မယ်လို့ပြောတယ်။ အမတို့က မခုခံပါဘူး။ ခုခံမယ့်သူတွေကတော့ အသစ်ခန့်ထားတဲ့လူတွေပဲဖြစ်လိမ့်မယ်။ အခု နေပြည်တော်က ဝန်ထမ်းတွေကြားမှာလည်း သတင်းအမျိုးမျိုးထွက်ပြီး အကုန်လုံးကကြောက်နေကြတာ”လို့

နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ်အထုတ်အပိုးတွေပြင်ထား Read More »

မင်းလားကွ DSA ပြောပြီး ကိုင်တာ

သတင်းထုတ်ပြန်ချက် စစ်တက္ကသိုလ်(DSA) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့၊ နံနက်အစောပိုင်းတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ (၄) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေး ထုတ်ပြန် အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Press Release The Defence Services

မင်းလားကွ DSA ပြောပြီး ကိုင်တာ Read More »

ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ပြီးနောက် စစ်တပ်က မြို့ကို ပိတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေး လုံခြုံ ရေးချ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခြင်းဖြစ်ကြောင်း၊ မြနန္ဒာဟိုတယ်အနီးသို့ ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီက ယနေ့ တစ်နေ့လုံးပြင်ဦးလွင်မြို့ကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ “လတ်တလော သိရတာက မြနန္ဒာဟိုတယ်အနီးကို ၃ လုံးကျရောက်ပေါက်ကွဲတယ်။ ထိခိုက်မှု အခြေအနေကတော့ စုံစမ်းပါပဲ။ ပြင်ဦးလွင် မြို့အဝင်၊ အထွက်တွေ အရမ်းကို စစ်တပ်က စစ်နေတယ်။ စစ်ဆေးတာ အရမ်းကြမ်းနေတယ်။ တချို့ မန္တလေးက တက်လာတဲ့ ကားတွေကို နောက်ပြန်လည့်ခိုင်းတယ်။ ” ဟု တော်လှန်ရေး

ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ပြီးနောက် စစ်တပ်က မြို့ကို ပိတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေး လုံခြုံ ရေးချ Read More »

စဉ့်ကူး နွယ်ရုံရွာကို စစ်အုပ်စုက လက်နက်ကြီနဲ့ထုလို့ သားအဖ သုံးဦး ထိမှန်ပြီး သမီးဖြစ်သူ သေဆုံး

စစ်အုပ်စု ဆက်ကြေးယူထားတဲ့ ဂျင်ဝိုင်းကို PDF က ဝင်ဖမ်းတာ မကျေနပ်လို့ ရွာကို လက်နက်ကြီး ထုတာလို့ဆို မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို မနေ့က ညနေပိုင်း စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် နေအိမ်ထဲမှာ ရှိနေတဲ့ ဒေသခံပြည်သူ သားအဖသုံးယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရပြီး အသက်(၅၀)ကျော်အရွယ် သမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဧပြီ(၇)ရက် မနေ့က ညနေ(၄)နာရီလောက်မှာ သပိတ်ကျင်းနယ်၊ ချောင်းကြီးရွာထဲ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုက စဉ့်ကူးနယ်၊ နွယ်ရုံရွာကို လက်နက်ကြီးနဲ့ လှမ်းထုလို့ နွယ်ရုံရွာ အရှေ့မြောက်ပိုင်း၊ လပြည့်ဝန်းဓမ္မာရုံ အနီး ကျရောက်ပေါက်ကွဲကာ အနီးအနားနေအိမ်က ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာလို့ ဒေသခံတွေနဲ့ ကင်းထောက် မြေပြင်သတင်း(စဉ့်ကူး)က

စဉ့်ကူး နွယ်ရုံရွာကို စစ်အုပ်စုက လက်နက်ကြီနဲ့ထုလို့ သားအဖ သုံးဦး ထိမှန်ပြီး သမီးဖြစ်သူ သေဆုံး Read More »

Scroll to Top