ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်
မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စု လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စိုးမိုးထားပြီး နယ်မြေလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ထံမှ သိရသည်။ အဆိုပါ လမ်းပိုင်း စစ်ဆေးမှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃)၊ Ye […]