ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို
စစ်ကောင်စီရဲ့ လေယာဉ်ဆီဝယ်ယူမှုတွေမှာ ထောက်ပံ့ကူညီပေးနေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌရဲ့သမီးဖြစ်သူကို ပြင်သစ်နိုင်ငံမှာ နေထိုင်ခွင့် ပေးထားခြင်းအပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက တောင်းဆိုခဲ့ကြပါတယ်။ သုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ လက်ဝယ်ရှိနေတဲ့ တယ်လီနော မြန်မာကုမ္ပဏီကို ဝယ်ယူခဲ့တဲ့ စစ်တပ်နဲ့ အလွန်နီးစပ်တဲ့ ခရိုနီ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့နဲ့ နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုတ်သိမ်းဖို့ ၄င်းတို့က ပြင်သစ်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ “သိမ့်ဝင်းထက် ဒါမှမဟုတ် သူ့မိသားစုဝင်တွေရဲ့ ပြင်သစ်နိုင်ငံထဲက ပိုင်ဆိုင်မှုတွေကို ပြင်သစ်အစိုးရအနေနဲ့ အမြန်စုံစမ်းစစ်ဆေးပြီး သိမ်းဆည်းပိတ်ပင်သင့်ပါတယ်” လို့ Justice for Myanmar (JFM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က […]