လှိုင်သာယာသို့ဆက်သွယ်ထားသော တံတားသုံးစင်းကို စစ်ကောင်စီ ပိတ်ဆို့စစ်ဆေး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်သို့ ဆက်သွယ်ထားသော ရွှေပြည်သာ၊ ဘုရင့်နောင်နှင့် အောင်ဇေယျာတံတား သုံးစင်းလုံးကို စစ်ကောင်စီက သံဆူးကြိုးများပိတ်ဆို့၍ ယနေ့(ဧပြီ ၁၉) ညပိုင်း၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ ယနေ့ ည ၇နာရီခန့်တွင် စစ်ကောင်စီဝင်များက အင်းစိန်မှ လှိုင်သာယာမြို့သို့ ဆက်သွယ်ထားသည့် အောင်ဇေယျတံတား၊ မရမ်းကုန်းမှ လှိုင်သာယာသို့ ဆက်သါယ်ထားသည့် ဘုရင့်နောင်တံတား၊ ရွှေပြည်သာမှ လှိုင်သာယာသို့ ဆက်သွယ်ထားသည့် ရွှေပြည်သာတံတား စသည့် တံတားသုံးစင်းလုံးကို စစ်ကားများ၊ သံဆူးကြိုးများဖြင့် ပိတ်ဆို့၍ စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က ပြောသည်။ “ည ၇နာရီလောက်ကတည်းက လှိုင်သာယာကို ပြန်တဲ့ တံတားတွေကို စစ်ကားတွေ သံဆူးကြိုးတွေနဲ့ ပိတ်ပြီး စစ်နေတာပါ။ လှိုင်သာယာကိုပြန်တဲ့ ရွှေပြည်သာတံတားပေါ်မှာ စစ်သားတွေအပြင် ရပ်ကွက်အုပ်ကြီးတွေပါ ပါမယ်ထင်တယ်။ … Read more

စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဧပြီ ၁၉ ရက် ဒီနေ့တနေ့တည်း ‌ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနုတ်ထွက်လာတယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်‌ကျော်ဇင်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နဲ့ ဆုံကုန်းအုပ်စုအုပ် ချုပ်ရေးမှူး ဦးမျိုးမြင့်စိုးတို့ ရာထူးကနေနုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။ “သူတို့ ၄ ဦးက နုတ်ထွက်စာတင်ကြတာ မှန်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ စာရေးတွေကပဲ စလင်း (မြို့နယ်)ထွေအုပ်နဲ့တွဲပြီး (အလုပ်တွေ)လုပ်ကြတယ်” လို့ ထွေအုပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ရတဲ့အကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပ‌ဒေထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ … Read more

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်း ပုန်းအောင်းနေသော စစ်ကောင်စီတပ်သားများကို ယနေ့ ညပိုင်း ဒရုန်းဖြင့် ဗုံးကျဲမှုဖြစ်ပွားကြောင်း မြ၀တီနှင့်မဲဆောက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ပုန်းအောင်းနေသော ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲချကြောင်း သိရှိရသည်။ “ဒရုန်းနဲ့ ဗုံးကျဲတာ ထိုင်းဘက်အခြမ်းက CCTV မှတ်တမ်းတွေ ထွက်လာတယ်။ အထိအခိုက် အပျက်အစီး သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ အမှတ် ၂ တံတားဘက်မှာတော့ … Read more

ကော့ကရိတ်တွင် စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တနေကုန်တိုက်ခိုက်ခံရ

အောင်ဇေယျစစ်ကြောင်းမှ ၃၀ ကျော် ထိခိုက်သေဆုံးဟု ကျားဖြူစစ်ကြောင်းပြော ကရင်ပြည်နယ် မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကော့ကရိတ်မြို့အတွင်း ယနေ့ တနေကုန်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၃၀ကျော်ထိခိုက်သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ ယနေ့(ဧပြီ ၁၉ရက်)နံနက် ၉နာရီကစ၍ စစ်ကောင်စီ၏ အောင်ဇယျစစ်ကြောင်းအား ကော့ကရိတ်မြို့နယ်မြောက်ခြမ်းနေရာများ၊ အာရှလမ်းမကြီးနေရာများနှင့် တတန်းကူးကျေးရွာနေရာများအား တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌‌ခြေမှ ရှေ့ဆက်မတိုးနိုင်ဘဲ အချို့မှာကော့ကရိတ်မြို့သို့ ပြန်ဆုတ်သွားသည်ဟု ယူဆပြီး ပြည်သူများအနေဖြင့် အဆိုပါစစ်ကြောင်းနှင့်ပတ်သက်ပြီး မစိုးရိမ်ကြရန် ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်ကပြောသည်။ “တောင်ခြေမှာပဲရှိနေတယ်။ ရှေ့ဆက်မတိုးနိုင်ဘူး။ … Read more

စကစတပ် ထောက်ပို့ယာဉ်တန်း၏ ရှေ့ပြေးစစ်ကြောင်း မိုင်းဆွဲခံရ၊ ၂ ဦးသေဆုံး ဟုဆို

ရိက္ခာသွားပို့သည့် စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တန်း၏ ရှေ့ပြေးခြေလျင်စစ်ကြောင်း တခု မိုင်းဆွဲတိုက်ခိုက်ခံရမှု ယနေ့ (ဧပြီလ ၁၉ ရက်) တွင် ကမ္မမြို့အထွက် စကျင်းကုန်းထိပ်၌ ဖြစ်ပွားခဲ့သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စကစတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ကမ္မ(တ.ပ.စ) က ယနေ့တွင် ထုတ်ပြန်ထားသည်။ ကမ္မ(တ.ပ.စ)က ထုတ်ပြန်ထားသော တိုက်ခိုက်မှု ရုပ်သံဖိုင်တွင် လမ်းမပေါ် မိုင်းပေါက်ကွဲပြီးနောက် အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လဲကျသွားသည်ကို တွေ့ရသည်။ “ကျနော်တို့ဆွဲလိုက်တာက ယာဥ်တန်းအတွက် ရှေ့ပြေးခြေလျင်စစ်ကြောင်းပါ။ မိုင်းပွိုင့်က လေးလုံးပွိုင့်တပွိုင့်ပါ။ မျက်မြင်အရ စခ (စစ်ကောင်စီတပ်) နှစ်ဦးမှာ ထိခိုက်သေဆုံးပြီး စစ်ကောင်စီတပ်တွေက ဆွဲသွားတယ်။ဒဏ်ရာရရှိတဲ့ တဦးကတော့ အချိန်တော်ကြာထပြီး အပင်အောက်ကို ဝင်ရောက်သွားတယ်။” ဟု ကမ္မ(တ.ပ.စ) တာဝန်ခံ ချမ်းကြီးက မဇ္စျိမကို ပြောသည်။ ထိုသို့တိုက်ခိုက်ခံလိုက်ရသော … Read more

နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှောက်ဖြူကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုး ကြီ PDF ထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး နွားထိုးကြီး မြို့နယ်၊ လျှော်ဖြူကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်းထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် … Read more

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာ

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာပြီး တဖွဲဖွဲ ဝင်ရောက်ထွက်ပြေးနေသော စစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အရေအတွက် ၂၇၄ ဦးရှိနေပြီ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ပြေးသွားပြီး တဖွဲဖွဲ ဝင်ရောက်ထွက်ပြေးနေသော စစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အရေအတွက် ၂၇၄ ဦးရှိနေပြီဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။ ဧပြီ ၁၈ ရက်နေ့ ညပိုင်း တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းသို့ ထွက်ပြေးလာကြောင်း၊ လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင် ခိုလှုံနေသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၄ ဦးရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ Shariful Islam က ပြောဆိုသည်။ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက် နတ်မြစ်အနီးတွင် လက်နက်ချ … Read more

‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့်ပွဲ မြန်မာစစ်တပ် သဝဏ်လွှာပင် မပို့

‘ဝ’ ပြည်နယ်မှ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ နှစ်ပေါင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ‘ဝ’ပြည်နယ် မြို့တော် ပန်ဆန်းမှာ ဧပြီလ ၁၇ ရက်က ကျင်းပပါတယ်။ “ဗမာ (မြန်မာစစ်တပ်) ဘက်ကတော့ ဘယ်သူမှလည်း မလာဘူး။ သဝဏ်လွှာလည်းမပို့ဘူး” လို့ သူက ပြောပါတယ်။ ‘ဝ’ ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅နှစ်ပြည့် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကတော့ ၃နှစ်ဆက် သဝဏ်လွှာပေးပို့တာကို တွေ့ရပါတယ်။ ‘ဝ’ပြည်နယ်ရဲ့ ပြန်ကြာရေးချန်နယ်ဖြစ်တဲ့ WSTV ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အခမ်းအနားဓာတ်ပုံတွေအရ UWSA ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ကျောက်ကျုံးသန်းနဲ့ ကျောက်ကျုံးအမ်း တက်ရောက်မိန့်ခွန်းပြောထဲကို တွေ့ရပါတယ်။ ဥက္ကဌဖြစ်သူ ပေါက်ယူချမ်းကတော့ အခမ်းအနားကို တက်ရောက်လာတာ မတွေ့ရပါဘူး။ WSTV က … Read more

မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ကြီးနားလေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NBPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ တိုက်လေယာဉ်အားကိုးပြီး အပြစ်မဲ့ ပြည်သူများပါမကျန် အနိုင်ကျင့် ဗုံးကျဲသတ်ဖြတ်နေသော မြစ်ကြီးနားလေတပ်စခန်းကို NBPDF တပ်ဖွဲ့ က ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ” မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(စစ်ကောင်စီ)တပ်နယ်မြေအတွင်းထိ ဒုတိယအကြိမ် ဝင်ရောက်ပြီး ၁၀၇ မမ ၁၀ လုံးနဲ့ အတွဲလိုက်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ခက်ခဲတဲ့ ကြားမှ အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး NBPDF ရဲဘော်များအားလုံး ဘေး ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု NBPDF … Read more

မာနယ်ပလောဒေသရှိ စစ်ကောင်စီတပ်ပစ်လိုက်တဲ့ကျဉ်ဆံ ထိုင်းဘက်ကျ

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ဆုမွဲမြို့နယ်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်လိုက်တယ်လို့ဒေသခံများထံမှသိရှိရပါတယ်။ “မာနယ်ပလောဒေသမှာရှိတဲ့ စစ်ကောင်စီတပ် ၉၁၃ စခန်း(နို့ဒေး) အမြောက်ကုန်းက ထိုင်းနိုင်ငံထဲကို တမင်ပစ်ထည့်လိုက်တယ်လို့ပြောတယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်း၊စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက် တာကြောင့်စိတ်တိုပြီး ပစ်တာ။ 81 သီးနဲ့ပစ်တာ အနည်းဆုံး ၅ လုံးလောက်ရှိမယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ပြောချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျနော်တို့စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့အနီးဝန်းကျင်မှာ ၅ လုံးကျတယ်။ ၄လုံးဘဲကွဲတယ်။ ကွဲတဲ့၄လုံးမှာ ၂ လုံးဘဲတွေ့သေးတယ်။ မပေါက်တာကတစ်လုံးရှိတယ်။ အောက်ဘက်ခြမ်းမှာလည်း ကျတာရှိတယ် လို့ပြောတယ်။ လက်နက်ကြီးကျည်ထိုင်းထဲကျတာတောင် ထိုင်းနယ်ခြားစောင့်တပ် (ထမ့်ဟာဖမ်း) စစ်သားတွေကမသိဘူး။ ပြောပြမှသူတို့သိကြတယ်” လို့ စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ ဒေသခံတစ်ဦး ကပြောပါတယ်။ ကျဉ်ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်လို့နယ်မြေခံတာဝန်ကျထိုင်းစစ်သားတွေက သိပြီး ကျည်ကျတဲ့ နေရာကိုလိုက်ကြည့်ပြီးမှတ်တမ်းယူထားပြီး အထက်ကိုတင်ပြမယ်လို့ … Read more