Author: Tartay

  • မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ချင်းညီနောင် အရှိန်မြှင့် ထိုးစစ်ဆင်

    မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ချင်းညီနောင် အရှိန်မြှင့် ထိုးစစ်ဆင်

    ချင်းပြည်နယ် တောင်ပိုင်းရှိ မတူပီကို အလုံးစုံသိမ်းရန် ကျန်နေသေးသည့် စစ်ဗျူဟာနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို အရှိန်မြှင့်၍ ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများကဆိုသည်။ စစ်ကောင်စီသည် ချင်းတောင်ပိုင်းအတွက် မတူပီစစ်ဗျူဟာကို ခြေမြန်တပ်ရင်း ခမရ ၃၀၄နှင့် ခြေလျင် တပ်ရင်း ခလရ ၁၄၀ အပြင် မင်းတပ်ရှိ ခလရ ၂၇၄ တို့ဖြင့် သုံးရင်း ၁ ဗျူဟာပုံစံဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ခြေမြန် တပ်ရင်း ခမရ ၃၀၄ ကို ချင်းညီနောင်အဖွဲ့က ဇွန် ၁၇ ရက်က သိမ်းထားပြီးဖြစ်သည်။ ကျန်ဗျူဟာနှင့် ခလရ ၁၄၀ကို စစ်ဆင်နေချိန် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်သောပူးပေါင်းတပ် စစ်ကြောင်းဝင်လာသဖြင့် ဇွန် ၁၈ ရက်မှစ၍ ချင်းနှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ရာ…

  • နောင်ချိုနှင့် ကျောက်မဲရှိ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေဟု TNLA ပြော

    နောင်ချိုနှင့် ကျောက်မဲရှိ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေဟု TNLA ပြော

    ကျောက်မဲတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက လေကြောင်း၊ ကုန်းကြောင်းဖြင့် အင်အားဖြည့်တင်း တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုနှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီ​၏ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေမှုများရှိနေကြာင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်မှစတင်၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို လွေးယေဦးက ရှင်းပြခြင်းဖြစ်သည်။ ယနေ့(ဇွန်လ ၂၆)တွင် ကျောက်မဲမြို့ရှိ နေရာ ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နောင်ချို၊ မိုးကုတ်နှင့် သီပေါ၌ ယနေ့မနက် တိုက်ပွဲဖြစ်ပွားမှုရှိ၊မရှိနှင့်ပတ်သက်၍ သတင်းများ မရသေးကြောင်း လွေးယေဦးက ပြောသည်။ ” လက်ရှိကတော့ စစ်ကောင်စီက အင်အားတွေလာဖြည့်ပေးတာမျိုး၊ လေယာဉ်နဲ့ လေကြောင်းနဲ့ လာပြီး ဖြည့်တင်းတာမျိုး၊…

  • ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူ

    ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူ

    ကျောက်မဲမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ခရိုင်ရဲရုံး၊ စသုံးလုံးရုံး၊ စည်ပင်ရုံးအပါ အဝင် ဌာနဆိုင်ရာရုံး ၁၀ ခုထက်မနည်းကို TNLA ကသိမ်းယူထားကြောင်း ကျောက်မဲမြို့မှ ပြည်သူများကပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာသို Jet Fighter ဖြင့် ၂ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် TNLA တပ်များက ကျောက်မဲမြို့အတွင်းသို့ ဝင်ရောက်ပြီး ဌာနဆိုင်ရာ ရုံးများကို သိမ်းယူခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကျောက်မဲမြို့ထဲမှာက ဌာနဆိုင်ရာရုံးတွေက အစောင့်နဲ့ ဝန်ထမ်းနည်းနည်းပဲရှိတယ်။ အခု TNLA က သိမ်းယူထားတာက…

  • အိုးဘိုအကျဉ်းထောင်တွင်  နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်

    အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ်

    အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်ကို ထောင်အာဏာပိုင်များက ရိုက်သတ် မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားကိုထက်ရန်နိုင်သည် အကျဉ်းဦးစီးဝန်ထမ်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောကြားသည်။ ဇွန်လ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၇ နာရီဝန်းကျင်တွင် အိုးဘိုထောင်၏ အမျိုး သားအိပ်ဆောင် ၃ တွင် ကိုထက်ရန်နိုင်(ခ)ကိုထက်က အကျဉ်းသားတစ်ဦး မူးယစ်ဆေး ဝါးအရောင်းအဝယ်နေသည်ကို လက်ပူး လက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန် ကြိုးစားခဲ့ကြောင်း၊ ထောင်သားတန်စီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းသဖြင့် ပြေလည်ခဲ့ကြောင်း၊ သို့ရာတွင် ဆေးရောင်းသည့် အကျဉ်းသားက မကျေနပ် ဘဲ အဆောင် ၃ ၏ ဒုအဆောင်မှူး တပ်ကြပ် ဇေယျာအောင်ထံသို့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်နှင့်ပတ် သက်၍ လုပ်ကြံလီဆယ်၍…

  • မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံး

    မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံး

    မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ(ရုပ်/သံ) မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြင်းခြံခရိုင်အတွင်း လှည့်လည်နေသော…

  • တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

    တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

    ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို မကွေးတိုင်း၊ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စု ရှင်မကန်ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ကာ အောင်ပွဲရခဲ့သည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ်၂၀ အချိန်တွင် ရှင်မကန်ပျူစောထီးရွာကို လက်နက်ကိုင် တော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ရှင်မကန်ပျူစောထီး ၁၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း သိရှိရသည် ။ အဆိုပါ တိုက်ပွဲတွင် ကာဘိုင်အမျိုးအစား သေနတ် ၄ လက် ၊ ဘီအေ(63) အမျိုးအစား သေနတ် ၁ လက် ၊လက်လုပ်သေနတ်…

  • WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန်(ရုပ်/သံ)

    WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန်(ရုပ်/သံ)

    မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်ကို စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်း AA ထုတ်ပြန်(ရုပ်/သံ) ဂိုဒေါင် ဖောက်ထွင်း ဖျက်ဆီးခံရမှုကို WFP က ပြင်းထန်စွာ ရှုတ်ချ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို သယ်ယူကာ ခံစစ်ပြင်ဆင်နေသည့် ဗီဒီယို မှတ်တမ်းကို ရခိုင့်တပ်တော် – AA က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်က မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ရုံးနှင့် လူနေအိမ် အချို့ကို…

  • မတ္တရာမြို့ကို ပိတ်ဆို့ပြီး စစ်အုပ်စုက ခံစစ်ပြင်

    မတ္တရာမြို့ကို ပိတ်ဆို့ပြီး စစ်အုပ်စုက ခံစစ်ပြင်

    မန္တလေးကတဆင့် မတ္တရာနဲ့ မိုးကုတ်ဘက် စစ်ကူကားတွေ ပို့လွှတ်နေ မန္တလေးမြို့နဲ့ မိုင်(၂၀)ခန့်သာ ကွာဝေးတဲ့ မတ္တရာမြို့မှာ ဒီနေ့လည်ပိုင်း စစ်အုပ်စုက မြို့အဝင်အထွက် ပိတ်ဆို့ပြီး ခံစစ် ပြင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီနေ့ ဇွန်(၂၅)ရက် မနက်ပိုင်း မတ္တရာနယ် အရှေ့ခြမ်းက အာဏာသိမ်း စစ်အုပ်စုရဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာက စစ်အုပ်စုက မတ္တရာမြို့ပေါ် ခံစစ် ပြင်လာတာလို့ ဆိုပါတယ်။ “မြို့ထဲက ကျောင်းတွေမှာလည်း ကလေးတွေ အကုန် ပြန်လွှတ်ပြီး စစ်တပ်က မြို့အတွင်းအပြင်ကို ပိတ်ထားတယ်။ (၁၁)နာရီကျော်လောက်က မြို့မြောက်ဘက် အဝင်ကို ပြန်ဖွင့်ပြီး ရေနံ့သာ ဘက်ကနေ စပိတ်လိုက်တာမို့ အဲဒီရဲ့ မြောက်ဘက်မှာ ကားတွေလည်း…

  • နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား

    နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထား

    သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့၏ နှစ်ဘက်ထိတွေ့ တိုက်ပွဲပြင်းထန်းပြီး နောင်ချိုမြို့တွင်း အထင်ကရ ဌာနဆိုင်ရာရုံးများကို TNLA သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၅ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲနှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ (၁) နာရီခန့်တွင် မြို့အနီးရှိ ပြည်သူ့ဆေးရုံ အနီးသို့ တိုက်ပွဲပြင်းထန်လာကြောင်း နောင်ချိုဒေသခံများက ပြောသည်။ လက်ရှိမှာ နောင်ချိုမြို့အဝင်ရှိ ပြည်သူ့ဆေးရုံ၊ မီးသတ်ဌာန၊ ရဲစခန်းတို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားကြောင်း သိရသည်။ “မနက်က…

  • ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု

    ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု

    ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးရွာ အခြေစိုက် ပျူစောထီး…