Author: Tartay
-
ဆားလင်းကြီးကသံဃာတွေကလည်း စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်လိုက်ကြပြီ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက သံဃာတွေဟာ အာဏာလုအကြမ်းဖက်စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ပြီလို့ ဒေသခံတွေကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့မနက်ပိုင်းက ဆားလင်းကြီးနယ်က သံဃာတွေဟာ လွတ်မြောက်နေရာတနေရာကသိမ်မှာဘဲ စစ်အုပ်စုကို ဝိနည်းတော်နဲ့အညီပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်စတင်လိုက်ပြီလို့ သိရပါတယ်။ “အခုကခွေးကြောင်းတွေကလည်း မကြာခဏထိုးနေတဲ့ကြားကနေ ဆရာတော်တွေက ကံဆောင်သပိတ်မှောက်ဖို့ကြေငြာလိုက်တာပါ။ စခဘက်ကတော့ သူတို့လှုပ်ရှားနယ်မြေထဲကကျောင်းတွေကို ဝင်ရောက်စုံစမ်းတာတွေရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ဆရာတော်တွေ ကံဆောင်သပိတ်မှောက်ရာမှာ လိုအပ်တာတွေ ကူညီပေးနိုင်ဖို့ ဝန်းရံသွားဖို့ရယ် တခြားနည်းနာအနေနဲ့ စစ်အုပ်စုကိုဆန့်ကျင်သွားဖို့ရှိပါတယ်”လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူဒေသခံတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန် ၂၃ရက်နေ့ကစပြီး ချောင်းဦးသံဃာထုက ကံဆောင်သပိတ်မှောက်ခဲ့သလို မနေ့က ဒီပဲယင်းဆရာတော်တွေနဲ့ဒီနေ့မှာ ဆားလင်းကြီးဆရာတော်တွေက အကြမ်းဖက်စစ်အုပ်စုကို ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်စတင်လိုက်ကြတာဖြစ်ပါတယ်။
-
ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တချို့တွင် ဆန်ရောင်းချမှုများအားလုံး ရပ်ဆိုင်း
စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တချို့တွင် ဆန်ရောင်းချမှုများအားလုံး ရပ်ဆိုင်း ရန်ကုန်ရှိ စူပါမားကတ်နှင့်စျေးဝယ်စင်တာတချို့ တွင် စစ်ကောင်စီက ဆန်စျေးသတ်မှတ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဆန်တင်မရောင်းချတော့ကြောင်း စျေးဝယ်စင်တာမှ ဝန်ထမ်းတချို့နှင့် စျေးဝယ်သူများထံမှ သိရှိရသည်။ “စျေးဝယ်စင်တာတချို့နဲ့ စူပါမားကတ်တချို့မှာ ဆန်တန်းတွေမှာ ဆန်တွေလုံး၀ မတင်တော့ဘူး။ ဆီတောင် ပဲဆီဗူးတွေပဲ တင်ထားတယ်။ ဒါတောင် အဲဒါတွေ ပြတ်သွားရင် ထပ်မတင်တော့ဘူးလို့ ပြောတယ်” ဟု ယနေ့ စျေးဝယ်ထွက်ခဲ့သည့် အိမ်ရှင်မတစ်ဦးက ဆိုသည်။ ရန်ကုန်ရှိ စျေးဝယ်စင်တာတစ်ခုထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အာဏာပိုင်များဘက်က ဆန်ရောင်းချမှုအပေါ် စစ်ဆေးမေးမြန်းမှုများရှိခြင်း၊ သတ်မှတ်စျေးနှုန်းအတိုင်း ဆန်များ ရောင်းချမည်ဆိုလျှင် တက်စျေးဖြင့် ဝယ်ထားသည့်ဆန်များ အရှုံးပေါ်ခြင်း၊ စစ်တပ်က အရပ်ဝတ်များဖြင့် စျေးဝယ်အယောင်ဆောင်၍ စစ်ဆေး…
-
တိုက်ပွဲကြားက ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ ဦးကို နှင်ထုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ကလေးငယ် ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၆ ဦးကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ဖမ်းဆီးပြီး မြန်မာနိုင်သို့ ပြန်လည် မောင်းထုတ်လိုက်သည်ဟု သတင်းရရှိသည်။ ကလေးငယ် နှစ်ဦးပါ လူ ၆ ဦးအား တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း ဖမ်းဆီးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်စပ်၊ နယ်ခြားမှတ်တိုင် ၅၀/၂၅ မှ လွန်ခဲ့သည့် တနင်္ဂနွေနေ့ နေ့လယ်က ဝင်ရောက်လာကြသူများဖြစ်ကြသည်ဟု ဆိုသည်။ ၎င်းတို့ ၆ ဦးအား အဆိုပါနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မြန်မာဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့သည်ဟု ဆိုသည်။…
-
မတ္တရာနယ် အရှေ့ခြမ်းမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲနေ
မန္တလေးတိုင်း၊ မတ္တရာနယ် အရှေ့ခြမ်းမှာ ဒီမနက်ပိုင်း တိုက်ပွဲ ပြင်းထန်နေပြီး မနက်(၈)နာရီလောက်က စလို့ မတ္တရာမြို့ အရှေ့မြောက်ဘက်က ဆည်တော်ကြီး၊ အင်ကြင်းမြိုင်နဲ့ ပန်းသလဲတောင် တဝိုက်ကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီနေ့ ဇွန်(၂၅)ရက် မနက်ပိုင်း မတ္တရာနယ် အရှေ့ခြမ်းက စစ်အုပ်စုရဲ့ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်ကို တော်လှန်ရေး တပ်တွေက စတင်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။ စစ်အုပ်စုဟာ ဒီမနက်(၈)နာရီ(၁၅)မိနစ် ဝန်းကျင်မှာ မတ္တရာနယ် အရှေ့ခြမ်းက ဆည်တော်ကြီးနဲ့ အင်ကြင်းမြိုင် ရွာဘက်ကို (MI-17) တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၈)နာရီခွဲ ဝန်းကျင်မှာ မန္တလေးမြို့ တံတားဦး လေဆိပ်က…
-
မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု
ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် မင်းအောင်လှိုင် တောင်းပန်မှု စစ်ကောင်စီထုတ် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြု နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ သွားရောက် လျှောက်ထားခဲ့သော်လည်း အဆိုပါ လျှောက်ထားမှုကို စစ်ကောင်စီထုတ်သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုများတွင် လုံး၀ ဖော်ပြခြင်းမပြုကြောင်း သိရှိရသည်။ ဇွန်လ ၂၄ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး တင်ဦးလွင်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်၍ ပျံလွန်တော်မူရမှုအပေါ် ဝမ်းနည်းကြေကွဲ တောင်းပန်ပါကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။ “တိုင်းသိ ပြည်သိ တောင်းပန်ဖို့…
-
သံတွဲရဲစခန်းကို AA သိမ်းယူပြီးစစ်သုံ့ပန်း ၂၀၀ နီးပါးဖမ်းမိထားဟု စစ်ရေးသတင်းရင်းမြစ်ပြော
ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က ဇွန် ၂၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့(ဇွန်လ ၂၄ရက်) တွင်သံတွဲမြို့မရဲစခန်းကို ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင် ၂၀၀နီးပါးကို AAက ဖမ်းဆီးထားကြောင်း မြို့ခံအချို့ကပြောသည်။ “ဒီနေ့ မွန်းလွဲပိုင်းမှာ သံတွဲရဲစခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့သိရတယ်။ ၅၆၆ နဲ့ ၅၅ တပ်ရင်းတွေ ကိုလည်း ထိုးစစ်ဆင်နေတယ်။ မကြာခင် သတင်းကောင်းတွေ ကြားရနိုင်တယ်”ဟု ဒေသခံတဦးက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။ ငပလီမြို့၊မဇင်ကျေးရွာအနီးရှိသည့် သံတွဲလေဆိပ်ကို AAက ဇွန်လ ၂၃ရက်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး သံတွဲမြို့မ ရဲစခန်း၊သံတွဲလေဆိပ်အနီးရှိခြေမြန်တပ်ရင်း ခမရ(၅၆၆) နှင့် ငပလီမြို့ အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၅)တို့ကို တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။ ” မနက်ကရဲစခန်းကရဲတွေထွက်ပြေးသွားတယ်။ မသွားခင်မှာသေနတ်တွေဖောက်သွားသံတွေကြားတယ်။ ဆိုင်ကယ်တွေနဲ့ရော…
-
စစ်ရေးပိုပြင်းထန်လာ၍ မြန်မာပြည်သူများ လူမှုဘ၀လုံခြုံရေးနှင့် စားနပ်ရိက္ခာကြိုပြင်ထားရန် TNLA ခေါင်းဆောင်တိုက်တွန်း
စစ်ရေးပိုပြင်းထန်လာ၍ မြန်မာပြည်သူများ လူမှုဘ၀လုံခြုံရေးနှင့် စားနပ်ရိက္ခာကြိုပြင်ထားရန် TNLA ခေါင်းဆောင်တိုက်တွန်း မြန်မာနိုင်ငံတဝန်း စစ်ရေးအရှိန်ပိုပြင်းထန်လာနေသည့် အခြေအနေတွင် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး စစ်ဆင်ရေးများ ပိုလုပ်လာ၍ ပြည်သူများအနေဖြင့် လူမှုဘ၀လုံခြုံရေးအတွက်အစီအမံများ ကြိုပြင်ဆင်ထားရန် တအာင်းတပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က တိုက်တွန်းသည်။ တအာင်း ဒေသစစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်ကို TNLAက (ဇွန်လ ၂၄ရက်)တွင် ရုပ်သံဖြင့် ဖော်ပြခဲ့ရာ တအာင်းဒေသပြည်သူများသာမက မြန်မာပြည်သူတစ်ရပ်လုံး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းချက်ကို ထည့်သွင်း ပြောကြားခဲ့သည်။ TNLAနှင့် မဟာမိတ်များသည် စစ်ကောင်စီနှင့် အပစ်ရပ်သဘောတူညီချက်ရှိသော်လည်း စစ်ကောင်စီဘက်က လိုက်နာခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာ၍ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ခြေရှိကြောင်း TNLA ခေါင်းဆောင်က အသိပေးခဲ့သည်။ “စားနပ်ရိက္ခာကိစ္စတွေက ကျနော်မြင်တယ်။ ကျနော်တို့…
-
TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ
နောင်ချို၊ မိုးကုတ် နှင့် ကျောက်မဲမြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ပြင်းထန်နေ ဟိုင်ဂင် အပစ်ရပ်စာချုပ် ၄ လကျော် အကြာတွင် ကျိုးပေါက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်များအကြား ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှစတင်ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။ ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ အချိန်မှစတင်၍ ကျောက်မဲမြို့နယ်၊ စခန်းသာတောင်ဘက်တွင်လည်း ကောင်း၊ ငြိမ်းချမ်းရေးကုန်းတွင်လည်း ကောင်း TNLA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊…
-
လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်
နှစ်ဖက်စစ်ရေးပြင်နေသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်၌ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ လားရှိုးနှင့် မိုင်းယော်တိုက်နယ်ကြား ပိန်းခမ်းရွာအနီးရှိ မိုင်တင်စစ်ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်း ထိုးလာသဖြင့် MNDAA တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပိန်းခမ်းရွာနှင့် နီးစပ်သူဒေသခံတစ်ဦးကပြောသည်။ ၎င်းက “ကိုးကန့်က အရင်ကတည်းက အဲဒီမှာ လှုပ်ရှားနေတာ စစ်တပ်က ရှေ့တိုးလာတော့ တိုက်ပွဲဖြစ်တာပေါ့။ ခဏလေးပဲ ပစ်ကြပြီးတော့ ပြန်ဆုတ်ကြတယ်လို့ ဆိုတယ်” ဟု ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ဒုတိယအကြိမ်…
-
မကွေး၊ ငဖဲနယ်က စစ်အုပ်စု ကပစ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု (၂၀)ခန့် သေ ဟုဆို
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) -၁၄ ဂိတ်ကင်းစခန်းကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၂၀)ခန့် သေကာ အများအပြား ဒဏ်ရာရတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်ပါတယ်။ ဇွန်(၂၁)ရက် မနက်(၆)နာရီက ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်ကုန်းရွာဟောင်း အနီးမှာရှိတဲ့ ကပစ (၂၄) ဂိတ်ကင်းစခန်းကို CNF-Asho နဲ့ ဧရာ၀တီ ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်း (APDF) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စု ဂိတ်ကို (၄၀မမ) ဗုံးသီးတွေနဲ့ စတင် ပစ်ခတ်ခဲ့ပြီး စခန်းသိမ်းဖို့နဲ့ လက်နက်ရရှိဖို့ ရည်ရွယ်ခဲ့ပေမယ့် တိုက်ပွဲ ဖြစ်ပွားချိန် နှစ်နာရီခန့် အကြာမှာ စစ်အုပ်စုက…