Author: Tartay
-
သံတွဲတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းနေပြီး AA က သံတွဲနှင့် ငပလီကို ပိတ်ဆို့ထား
ရခိုင်ပြည်၊ သံတွဲတွင် စစ်ကောင်စီက လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် စစ်အင်အားများဖြည့်တင်းနေပြီး AA က သံတွဲနှင့် ငပလီကို ပိတ်ဆို့ထားကြောင်း ဒေသသတင်းရင်းမြစ်များနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။ လတ်တလော သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီတပ်များကလည်း ခုခံစစ်ဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။ စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သည့်အပြင် အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။ “ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က…
-
ပြည်ပခရီးသွား ၆၃ ရာခိုင်နှုန်း တိုးတက်လာဟု စစ်ကောင်စီ ဆို
မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ယခုနှစ် ဇန်နဝါရီမှ မေလအထိ ပြည်ပခရီးသွား ၅ သိန်း ၂ သောင်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းထိ သိသိသာသာ တိုးတက်လာခဲ့သည်ဟု အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ရပ်နားထားခဲ့ရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ၁ ဒသမ ၂၈ သန်းရှိခဲ့ရာ ၂၀၂၂ ခုနှစ် ဝင်ရောက်ခဲ့သည့် ၂ သိန်း ၃သောင်းကျော်နှင့် နှိုင်းယှဉ်ပါက ၄ ဆခွဲခန့်တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလကုန်ထိ ၅ သိန်း ၂…
-
သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည်
စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည် အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့ နည်းသော ဆန်စျေးနှုန်းများကို သတ်မှတ်စျေးနှုန်းများ အဖြစ် ထုတ်ပြန်လိုက်ပြီး စူပါမားကတ်များ၊ စျေးများနှင့်ကုန်စုံဆိုင်များတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးထက် ပို၍ ရောင်းချမှု ရှိ၊ မရှိ စစ်တပ်က လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီထံမှ သိရှိရသည်။ ရန်ကုန်၊ မန္တလေး ၊ ပဲခူး ပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိကို ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲ၊ စားသုံးသူရေးရာ၊ စစ်တပ် တို့က လိုက်လံ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။ “အခု ထုတ်ပြန်ထားတဲ့…
-
ဖာပွန်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်း ၃၄၀နှင့် ၃၄၁ ဘာလို့အညံ့မခံဘဲ ဆက်တောက်ခံနိုင်တာလဲ
ဖာပွန်မြို့ရှိစစ်ကောင်စီဗျူဟာကုန်း၊ ၃၄၀နှင့် ၃၄၁ ဘာလို့အညံ့မခံဘဲ ဆက်တောက်ခံနိုင်တာလဲ။ ဗိုလ်ချစ်သူရဲ့ လှည့်စားမှုဖြင့် တစ်ပတ်အတွင်း ကားအစီးရေ ၂၀ မှ ၃၀ အထိနေ့ရောညပါ ရိက္ခာပို့ပေး KNU တပ်မဟာ ၅ မူတြော်ခရိုင် ဖာပွန်အခြေစိုက် စစ်ကောင်စီ၏ ဗျူဟာကုန်းတပ်စခန်း၊ ၃၄၀၊ နှင့် ၃၄၁ တပ်စခန်းတို့သည် အညံ့မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များကို ခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ အမည်မဖော် လိုသည့် KNU တပ်မဟာ ၅ တပ်မှူးတစ်ဉီးကပြောပါတယ်။ ဖာပွန်ဗျူဟာကုန်း၊ ၃၄၀၊ ၃၄၁ စစ်ကောင်စီအခြေစိုက်သည့်နေရာများတွင် အလွယ်တကူအညံ့ခံဖို့ အရိပ်ယောင်တော့မရှိဘဲ သူတို့မှာ ဆန်၊ ရိက္ခာခြောက်၊ချက်စရာဂစ်အိုးအပြည့်အဝရှိတဲ့အပြင် လက်နက်ခဲယမ်းပါအများအပြားရှိနေတယ်လို့ အဆိုပါတပ်မှူးကဆိုပါတယ်။ “ပြောမယ်ဆို စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေတဲ့BGFခေါင်းဆောင်စောချစ်သူရဲ့လှည့်စားမှုကို ခံရတာကြောင့်လို့ဘဲပြောရမလိုဖြစ်နေတယ်။ ဖေဖော်ဝါရီလလောက်မှာချစ်သူက KNU တပ်မဟာ ၅ တာဝန်ရှိသူနဲ့လာတွေ့ပြီး ကိုယ့်လူကြီးတွေ အယုံလွယ်တဲ့အပြင်…
-
ငပလီအခြေစိုက် စစ်ကောင်စီတပ်ရင်းကို AA ထိုးစစ်ဆင်နေ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်က ငပလီမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၅၆၆) ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ တိုက်ပွဲအခြေအနေကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အခုညနေပိုင်းမှာတော့ လေယာဉ်နဲ့ ဆက်တိုက်ဆိုသလို ဗုံးလာကြဲနေတယ်၊ ဒီနေ့တော့ အရပ်သားထိခိုက်တာ မရှိသေးဘူး၊ သံတွဲမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရတယ် ၅၆၆ ငပလီတပ်ရင်းကို ဝင်တိုက်နေတာ” ဒီတိုက်ပွဲတွေကြောင့် သံတွဲမြို့ပေါ်ကို စစ်ဘေးဒုက္ခသည် ၃၅၀ ကျော်နဲ့ လင်းသာရွာဘက်ကို ၁၅၀ ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး AA ဘက်ကတော့ တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဇွန်လ ၂၁ ရက်နေ့က…
-
ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု
ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရကြောင်း KNU တပ်မဟာ ၆ ၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ စုကလိ စစ်ကောင်စီတပ်စခန်းကို KNLA…
-
သီတဂူက ပြောဆိုမှု တိုင်းပြည် ဖျက်ဆီး အကြမ်းဖက် သူများဘက်မှ အတိအလင်းရပ်တည်ဟု ကြေညာမှုဖြစ်
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု မေ့ပျောက်၊ သည်းခံ ၊ ခွင့် လွှတ်ရန် သီတဂူက ပြောဆိုမှု တိုင်းပြည် ဖျက်ဆီး အကြမ်းဖက် သူများဘက်မှ အတိအလင်းရပ်တည်ဟု ကြေညာမှုဖြစ် NLD အစိုးရလက်ထက် မီတာခ တိုးတောင်းမှုအပေါ် သည်းမခံခဲ့သော သီတဂူ က စစ်တပ်၏ ပစ်သတ်မှု အပေါ် သည်းခံခိုင်းမှု အလွန်အံ့ဩ တရားကျစရာဖြစ်ဟု သံဃာတချို့ သုံးသပ် ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ သီတဂူက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် သံဃာများအနေဖြင့် မေ့ပျောက်၊ သည်းခံ ၊ ခွင့်လွှတ်ရန်ပြောဆိုလိုက်မှုသည် တိုင်းပြည်ဖျက်ဆီးသူများဘက်မှ အတိအလင်းရပ်တည်မှုကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက မိန့်ကြားသည်။ သီတဂူက ယနေ့ ဝင်းနိမ္မိတာရုံဆရာတော်၏ ဈာပနာသို့ လာရောက်ပြီး စစ်တပ်၏…
-
မြို့ပြပြောက်ကျားအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေဟု လှိုင်ပကဖ သတိပေး
မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၂၂ရက်) သတိပေးထုတ်ပြန်သည်။ လက်ရှိကြုံတွေ့ရသော အကြောင်းအရာများကို အခြားသောတော်လှန်ရေးအဖွဲ့များနှင့် မြို့ပြ UG အဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုစိစစ်ဆောင်ရွက်နိုင်ရန်ဟု ဆိုသည်။ လွန်ခဲ့သော တစ်လခွဲကျော်က သက်ဆိုင်ရာ ခရိုင်တာဝန်ခံနှင့်ချိတ်ဆက်ကာ မစ်ရှင်တစ်ခုဖော်ဆောင်နိုင်ရန် ခရိုင်တာဝန်ခံထံသို့ လိုအပ်သောအသုံးအဆောင်ပစ္စည်းများကို လှိုင်မြို့နယ် ပကဖက ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မစ်ရှင်ဖော်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့ပေးအပ်ထားသော ပစ္စည်းများအားပြန်လည်တောင်းခံခဲ့ပြီးနောက် လှိုင် ပကဖ၏ ပစ္စည်းများအပြင်အခြားအပိုပစ္စည်း (လက်လုပ်မိုင်း) အား အပိုပေးအပ်မည့်အကြောင်း ဆက်သွယ်ပြောကြားလာသော်လည်း လှိုင်ပကဖ မှ ငြင်းဆိုခဲ့ကြောင်း အသိပေးသည်။ ပစ္စည်းများပြန်လည်အပ်နှံသောနေ့တွင် လှိုင်ပကဖ၏ ပစ္စည်းများအပြင် လေးထောင့်ကော်ဗူး တစ်ဗူးအပိုပါဝင်လာသည့်အတွက် လမ်းတွင်ဖွင့်ဖောက်စစ်ဆေးရာ ယင်းဗူးသည်အပေါ်ယံ ( လက်လုပ်မိုင်း )ကဲ့သို့ ပြင်ဆင်ထားပြီး အလုံပိတ်ထားသော အတွင်းတွင် Mytel…
-
ကန်သုံးဆင့်ကျောင်းတိုက်တွင် စစ်သားများ ဝင်ရောက်တပ်စွဲထား
ပဲခူး ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို ထုတ်ဖော်မိန့်ကြားခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ရဲ့ကျောင်းမှာ စစ်သားတွေ တပ်စွဲထားတယ်လို ဒေသခံတွေဆီက သိရပါတယ်။ မင်္ဂလာဒုံမြိုနယ်၊ ၁/က ရပ်ကွက်မှာရှိတဲ့ ကန်သုံးဆင့်ကျောင်းမှာ စစ်တပ်က အခင်းဖြစ်တဲ့ နေ့ကတည်းက ရောက်ရှိတပ်စွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကျောင်းအနီးနေထိုင်သူတယောက်က “စဖြစ်တဲ့နေ့တည်းက ဟိုကောင်တွေရောက်နေတာပဲ။ အခုထိ စွဲထားတုန်း။ ဆရာတော်သတင်းတော့ ဘာမှမကြားဘူး” လို့ ပြောပါတယ်။ ကန်သုံးဆင့်ကျောင်းဆရာတော်အနေနဲ့ ကျောင်းကိုပြန်ရောက်တယ်လို့ မကြားရသလို လုံခြုံရေးတွေရှိနေလို့ သွားရောက်စုံစမ်းမေးမြန်းမရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။ အခုလို စစ်တပ်က လုံခြုံရေးယူတပ်စွဲတာဟာ ဆရာတော်ရဲ့ တပည့်သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေ မကျေမနပ်ဖြစ်ပြီး ဆူပူမှာကိုစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ လိုက်ပါလာတဲ့ကားကို ဇွန် ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ…
-
ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဥ်ကို သည်းခံမေ့ပျောက်ရန် သီတဂူဆရာတော် မိန့်ကြား
အာဏာရှင်ကိုထောက်ခံမှုနှင့် လူမိုက်အားပေးဟောပြောမှုဟု ရွှေဝါရောင်ဆရာတော်များ မိန့်ကြား စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဥ်အား သံဃာတော်များအနေဖြင့် သည်းခံခွင့်လွှတ်မေ့ပျောက်ပေးရန် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရက အဆိုပါ အန္တိမစျာပနအခမ်းအနား၌ မိန့်ကြားသည်။ ယနေ့(ဇွန်လ ၂၂ ရက်)က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမစျာပန အခမ်းအနားသို့ သီတဂူဆရာတော်ကြွရောက်လာပြီး သံဃာတော်များအား အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။ “ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။ နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာလက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲ့ဒါကြောင့် တိုင်းသူပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါ ဘုရား။ နှစ်…