Author: Tartay

  • ကပစ ၁၄ ဂိတ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး

    ကပစ ၁၄ ဂိတ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး

    ငဖဲမြို့နယ်၊ ကျောင်းကုန်းရွာဟောင်းရှိ ကပစ ၁၄ ဂိတ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၄ ဂိတ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ဦးသေဆုံးခဲ့‌ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ပြောကြား သည်။ ယမန်နေ့ ဇွန်လ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ခန့်က ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး ကျောင်းကုန်းရွာဟောင်းရှိ အကြမ်းဖက်စစ်တပ် ကပစ ၁၄ ဂိတ်ကင်းစခန်းကို အပြီးသတ်သိမ်းပိုက် ရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်…

  • စားအုန်းဆီဝယ်ယူသူများကို လက်ဗွေရာပုံစံရယူရန် စစ်ကောင်စီတောင်းယူ

    စားအုန်းဆီဝယ်ယူသူများကို လက်ဗွေရာပုံစံရယူရန် စစ်ကောင်စီတောင်းယူ

    စစ်ကောင်စီက စားအုန်းဆီဝယ်ယူသူများကို မှတ်ပုံတင်နှင့် ဖုန်းနံပတ်အပြင် လက်ဗွေရာပုံစံပါရယူရမည်ဟု ဆီရောင်းချသူများအား ညွန့်ကြားထားကြောင်း အဆိုပါဆိုင်ရှင်များက ပြောသည်။ လက်ဗွေရာပုံစံမယူနိုင်သည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရပ်ဆိုင်းဖြစ်ပြီး ယူနိုင်သည့် ဆိုင်များကို ဆီပိုပေးမည်ဟုလည်း စစ်ကောင်စီက ညွှန်ကြားထားသည်။ ” ၅၀သား ရဖို့ မနက် ၃နာရီခွဲ၊ ၄ နာရီတည်းက တန်းစီရတယ်။ ဆီက ၅၀သားဆိုပေမယ့် ၄၀သားလောက်ပဲရတယ်။ အပြည့်အဝ မရဘူး။ ဒါကလူတိုင်းဝယ်လို့ မရဘူး။ တန်းစီပြီး မှတ်ပုံတင်ပါရတယ်”ဟု ရန်ကုန်မြို့မှ ဆီဝယ်ယူခဲ့သူ အိမ်ရှင်မတစ်ဦးက ပြောသည်။ ပြင်ပပေါက်ဈေးတွင် စားအုန်းဆီ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ အထက်ရှိလာပြီး တချို့ဒေသများတွင် စားအုံးဆီ တစ်ပိဿာ ကျပ် ၁၅,၀၀၀ အထိမြင့်တက်လာသည်။ စားအုန်းဆီဈေးမြင့်တက်လာချိန်တွင် စစ်ကောင်စီက စားအုံးဆီတစ်ပိဿာကို ကျပ် ၅,၀၀၀မှ…

  • ချင်းညီနောင် ရလိုက်သည့် မတူပီတပ်စခန်း အရေးပါဟု CDM အရာရှိများ သုံးသပ်

    ချင်းညီနောင် ရလိုက်သည့် မတူပီတပ်စခန်း အရေးပါဟု CDM အရာရှိများ သုံးသပ်

    ဇွန်လ ၁၇ ရက်နေ့က ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များသိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှ စစ်ကောင်စီ၏ အမှတ် (၃၀၄) ခြေမြန်တပ်ရင်းသည် ဒေသတွင်း စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်အရာရှိများက ပြောသည်။ ၈ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရသည့် ထိုစခန်းသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများအနက် တော်လှန်ရေးတပ်များ ပထမဆုံး သိမ်းဆည်းနိုင်ခဲ့သည့် တပ်ရင်းစခန်းတစ်ခုလည်းဖြစ်သည်။ ၎င်းက အဆိုပါတပ်ရင်းသည် မတူပီမြို့၏ အမြင့်ဆုံးဟု ဆိုနိုင်သော နေရာတွင် တည်ရှိသလို အရေးကြီးလက်နက်များ တပ်ဆင်ထားခဲ့သည်ကို တွေ့ရသည်ဟု ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။ ထိုစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များထဲတွင် ဟောင်ဝစ်ဇာအမြောက်၊ ၁၂၀ မမ စိန်ပြောင်း၊ အခြားအမျိုးအစားစိန်ပြောင်းတို့…

  • စစ်ကောင်စီတပ်စခန်း သုံးခုကို KIA တပြိုင်တည်း ဝင်တိုက်

    စစ်ကောင်စီတပ်စခန်း သုံးခုကို KIA တပြိုင်တည်း ဝင်တိုက်

    ဖားကန့် – အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို KIA တပြိုင်တည်း ဝင်တိုက် ကချင်ပြည်နယ် ဖားကန့် – အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(ဇွန်လ ၂၂ရက်) နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIA အနေဖြင့် မတ်လ ၇ရက်မှစ၍ နယ်မြေဒေသအလိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၂ရက်တွင် စစ်ရှိန်မြှင့်ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ” မနက် ၅နာရီမှ ဖားကန့်-အင်းတော်ကြီးဒေသက စကစရဲ့ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တပ်စခန်းများသည် စစ်ရေးအရ အရေးကြီးပြီး အင်းတော်ကြီးဘက်မှ ဖားကန့်သို့ သွားသည့်…

  • ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်

    ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်

    အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက် အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့နည်းသော ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရှိရသည်။ ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ကုန်သည်များ၊ ဆန်စက်များကို ဖမ်းဆီးအရေးယူခြင်းများ၊ ဆန်စက်များ၊ ဂိုဒေါင်နှင့်ပွဲရုံများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဆန်စပါးစျေးနှုန်းကိုပါ သတ်မှတ်စျေးနှုန်းများ ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသတ်မှတ်စျေးနှုန်းထက်ပိုမို၍ ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ စစ်ကောင်စီက ဆန်စျေးနှုန်းများကို သတ်မှတ်ရာတွင် အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀…

  • ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေ

    ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေ

    ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ် မြန်မာဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဘုရင့်နောင်ဆန်ကုန် စည်ဒိုင် ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ ခေါ်ယူ ထိန်းသိမ်းခံထားရ မြန်မာနိုင်ငံတွင် ဆန်စျေးနှုန်းကြီးမြင့်စေရေးအတွက် ဝိသမလောဘ စီးပွားရေး သမားများက လုပ် ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး ဆန်စက်များ၊ ပွဲရုံများကိုပါ လိုက်လံ ချိတ်ပိတ်နေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောဆိုကြသည်။ ဇွန်လ ၂၀ ရက်နေ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦးမင်းမင်းက ဆန်ကုန်သည်များနှင့် ဆန်စပါးလုပ်ငန်းရှင်များကို Zoom မှတစ်ဆင့် အစည်း အဝေး လုပ်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနေ့က…

  • စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ

    စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ

    ပျံလွန်တော်မူသွားသော ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါသော Surf ကားကို စစ်တပ်က လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြီ အရပ်သားနှင့် PDF ခွဲခြားရန် ခက်ခဲသော အခြေအနေဟု အကြောင်းပြပြီး စစ်တပ်အဆင့်မြင့်အရာရှိများက စုံစမ်းနေပြီဟု ဆိုပြန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော ပဲခူး၊ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသော Surf ကားကို စစ်ကောင်စီတပ်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း အကြမ်းဖက် ပြောခွင့်ရ ဇော်မင်းထွန်း ဝန်ခံပြောဆိုလိုက်သည်။ ယနေ့ညပိုင်း ထုတ်ပြန်သော အကြမ်းဖက်ဇော်မင်းထွန်း၏ ရုပ်သံဖိုင်တွင် ယင်းကဲ့သို့ ပထမဆုံးအကြိမ် စစ်ကောင်စီဘက်က စတင်ဝန်ခံလာခြင်းဖြစ်သည်။ ငါန်းဇွန်နှင့် မြို့သာဒေသသည် PDF များက အရပ်သားအယောင်ဆောင်၊ ရွာ သားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး…

  • အယောင်ဆောင်သာသနာပြုသူရဲ့  မျက်နှာဖုံးကွာကျခြင်း

    အယောင်ဆောင်သာသနာပြုသူရဲ့ မျက်နှာဖုံးကွာကျခြင်း

    “လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ”လို့ ကမ္ဘာကျော် အာဏာရှင် ဟစ်တလာက ပြောခဲ့ဖူးပြီး အဲဒီနည်းနဲ့ပဲ ကမ္ဘာကိုလူလည်ကျခဲ့ပါတယ်။ ဂျူးလူမျိုးသန်းချီပြီး သတ်ပစ်ခဲ့ပါတယ်။ ဟစ်တလာလိုကမ္ဘာမကျော်ပေမယ့် သူယုတ်မာအဖြစ်အပုပ်နံ့တထောင်းထောင်းနဲ့ မ​ကောင်းသတင်းနဲ့​ဒေသတွင်း​အော​​​ကြောလန်တဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်​ကောင်စီကလည်း တိုင်းသိပြည်သိအမှန်တရားကို လိမ်ဖို့ ကြိုးစား​နေကြပါတယ်။ ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်​တွေကြား ဇွန် ၂၀ ရက်ကစ​ရောက်လာတာပါ။ ပြဿနာရဲ့အစက ဒီလိုပါ။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ငြိမ်း၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ (ဇွန်လ ၁၉ ရက်)မနက်က မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)မှာ ဇွန် ၂၀ မှာပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်းဖို့ ရန်ကုန်မြို့ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာခဲ့ပါတယ်။ဆရာတော်နဲ့အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပရိယတ္တိစာသင်တိုင် ဆရာတော်…

  • တရုတ်မှာ ရေကြီး၊ မြေပြိုလို့ လူဆယ်နဲ့ချီသေဆုံးတဲ့အပြင် ဒေသခံသောင်းချီ ပြောင်းရွှေ့နေရ

    တရုတ်မှာ ရေကြီး၊ မြေပြိုလို့ လူဆယ်နဲ့ချီသေဆုံးတဲ့အပြင် ဒေသခံသောင်းချီ ပြောင်းရွှေ့နေရ

    တရုတ်နိုင်ငံ(တောင်ပိုင်း)မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရုတ်တရက် ရေကြီး၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး ရေကြီးမြေပြိုမှုဟာ နောက်ထပ်ပိုဆိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဇွန်လ ၉ ရက်နေ့ကစပြီးဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေထဲမှာ အနည်းဆုံး လူ(၁၃)ဦးသေဆုံးခဲ့ပြီး အဆောက်အအုံတွေ တချို့တဝက်ဟာလည်း နစ်မြုပ်ခဲ့ရပါတယ်။ လတ်တလော ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက စက်တပ်လှေငယ်တွေ အသုံးပြုပြီး ကယ်ဆယ်မှုတွေလုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ရုပ်သံနဲ့တကွ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆုန်ယွမ်နဲ့ ရှီကူမြစ်တွေရဲ့ စံချိန်တင်ရေကြီးမှုအတွင်း အထိအခိုက်အပျက်အစီးအများဆုံး မြစ်ကမ်းပါး အနီးနားဒေသဖြစ်တဲ့ ကွမ်တုံးပြည်နယ် မိန်ကျုံးမြို့မှာ အနည်းဆုံး လူကိုးဦး သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနဖြစ်တဲ့ CCTV က ဒီကနေ့ ဇွန် ၂၁ ရက်မှာ…

  • ဆရာတော်ကြီးရဲ့ အသက်ကို နုတ်ယူပြီး မုသားအကြိမ်ကြိမ်ဆိုခဲ့တဲ့ အာဏာသိမ်းစစ်တပ်

    ဆရာတော်ကြီးရဲ့ အသက်ကို နုတ်ယူပြီး မုသားအကြိမ်ကြိမ်ဆိုခဲ့တဲ့ အာဏာသိမ်းစစ်တပ်

    အာဏာသိမ်းစစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပါတယ်။ ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရ ဆရာတော်တို့ရဲ့ကားကို စစ်တပ်က ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ချက် ၈ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီဖြစ်ရပ်မှန်ကို ဝန်မခံတဲ့အပြင် “PDF တွေက ပစ်ခတ်ကာ တပ်မတော်က ဆေးကုပေးတယ်” ဆိုပြီး ဆရာတော်တွေရဲ့ ယာဉ်မောင်းကို ဖိအားပေး လိမ်လည်ထွက်ဆိုခိုင်းခဲ့ပါတယ်။ မကြာခဏ အာဏာသိမ်းလေ့ရှိတဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ခေတ်အဆက်ဆက် ရိုးသားမှုမရှိဘဲ လိမ်လည်လှည့်ဖျားလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာသိ ၈၈ အရေးအခင်းမှာ ပြည်သူလူထုနဲ့ သံဃာထု…