News
စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံတပ်စခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်သံ)
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်သည်။ တညောင်ဓာတ်အားခွဲရုံသည် လေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် အပြစ်မဲ့ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင်အသုံးပြုသည့် လေယာဉ်ဗုံးများ ထုတ်လုပ်ရာ ကပစ (၂၀၊ ၂၁၊ ၂၅) နှင့် ဆိပ်ဖြူမြို့အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) များသို့ အဓိက ဓာတ်အားပေးနေရာဖြစ်ကြောင်းလည်း အသိပေးသည်။ ပြည်သူများ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေသည်ကို မထောက်ထားဘဲ သဘာဝဘေးဒဏ်သင့်နေသည့်အချိန်တွင် အပြစ်မဲ့ပြည်သူများနေ ထိုင်ရာနေရာများသို့ လေယာဉ်များဖြင့် လူမဆန်စွာ ဗုံးကြဲမှုများ ဆက်လက်ဆောင်ရွက်နေသည့်အတွက် ဗမာ့တပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် မတ်လ ၃၁ရက် နံနက် ၅နာရီခန့်ကစ၍ စစ်ကောင်စီအထိုင်ချတပ်စွဲရာ တညောင်ဓာတ်အားခွဲရုံကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအလုံး ၈၀ ခန့်အား ဖျက်ဆီးတိုက်ခိုက်ခဲ့ပြီး … Read more
မန္တလေး ရွှေဝင်းအဆောင် ပြိုကျမှု ရှစ်ရက်ကြာမှ ရုပ်အလောင်းဖော်ဖို့ စတင်
အဆောင်ပိုင်ရှင် အပါအဝင် အမျိုးသမီး သုံးဦးရဲ့ ရုပ်အလောင်း ထွက်ပေါ်
ရေစကြိုမှာ ကုန်စုံဆိုင်ကြီးမီးလောင်ပြီး မီးငြှိမ်းဖို့လာတဲ့အမျိုးသား ၁ ဦးပစ်ခတ်ခံရ
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၃၊ ပန်းတော်တင်ရပ်ကွက်က ကုန်စုံဆိုင်ကြီးတဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။