News

စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA အပြီးသတ် သိမ်းပိုက်ရရှိ

စစ်တပ်က အပြင်အထန် ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်- PSLF/TNLA က မနေ့ ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “လက်နက်ချသွားတဲ့ပုံစံပါဘဲ။ ကားတွေနဲ့ မူဆယ်ဘက်ကနေ လူနာတွေ သယ်သွားတာ တွေ့ရတယ်။ တချို့ဆို အနာတွေက ပုတ်ပွနေပြီ။ အရင်က ရထားတဲ့ ဒဏ်ရာတွေထင်တယ်။ ဆေးကုသခွင့်မရတော့ ဒဏ်ရာတွေက ပုတ်နေပြီ။ ခြေပြတ်တဲ့လူရော လက်ပြတ်တဲ့လူတွေရော အမျိုးမျိုးဘဲ” နမ့်ခမ်းမြို့အနီး သာယာကုန်းရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကလည်း စခန်းသစ်ကုန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “ညကတည်းက သိမ်းနိုင်တာဖြစ်တယ်။ အခုတော့ TNLA ဘက်က ရှင်းလင်းရေးတွေ လုပ်နေတာ။ […]

စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ နမ့်ခမ်း စခန်းသစ်ကုန်းကို TNLA အပြီးသတ် သိမ်းပိုက်ရရှိ Read More »

“နမ့်ဆန် တိုက်ပွဲ”

တပ်ရေးဗိုလ်ကြီး ၊ ငါ့အိမ်ကို သန့်ရှင်းရေးလုပ် ငါ့ မိန်းမကို ဗျူတီပါလာလွှတ်ပြီး အလှပြင်ခိုင်းထားလိုက် ဆိုတဲ့ တပ်ရင်းမှူး ဒုမှူးကြီး ငြိမ်းချမ်း “ငါမသေ ငါ့ဗူးစင် မကျစေရ” ဆိုပြီး မြန်မာပေါကားတွေထဲလို ဘလာဘလာ ပြောမသွားနိုင်ရှာပါဘူး။ ဒရုန်းဗုံးက ငယ်ထိပ်တည့်တည့်ကို အုံးကနဲ လာမှန်တော့ အလောင်းတောင် တစစီ ဖြစ်သွားပြီး ဂေါ်ပြားနဲ့ ကြုံးယူရသတဲ့.. အခုတော့ သူ့မိန်းမလဲ ဗျူတီပါလာကနေကို မပြန်တော့ပါဘူး.. အသက်ကလဲငယ် ရမ္မက်ကလဲ ကြွယ်ဦးမှာကိုး.. အ..ဟစ်..ဟစ်.. နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး

“နမ့်ဆန် တိုက်ပွဲ” Read More »

နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ

နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် မြောက်မြားစွာသော ကျည်ဆန် ခဲယမ်းသေတ္တာများရရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီး အပါ အဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နေပြည်တော်

နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ Read More »

ဆားလင်းကြီး​နှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား PDFများ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး​နှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား ဒေသတွင်း PDFများက ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်း၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနှင့် ဆေးရုံတို့ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး ရှေ့တန်းမှ တိုက်ခိုက်ခဲ့သော ရဲဘော်များ၏ မျက်မြင်အရ စစ်သား ငါးဦးသေဆုံးဟုအတည်ပြုနိုင်ကြောင်း Golden Eagle Force-Monywa အဖွဲ့ကဆိုသည်။ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅)မှ စစ်ကြောင်းမှူးတစ်ဦးနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် သုံ’ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ၃၅ –

ဆားလင်းကြီး​နှင့် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများအား PDFများ ဝင်ရောက်တိုက်ခိုက် Read More »

ရေမျက်နီရွာက ခလရ ၅၀ တပ်သားတွေ ချောင်းမြောင်းပစ်ခတ်ခံရလို့ ၃ ဦးသေ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ နေအိမ်တွေမှာ အင်အား ၁၀၀ ကျော်နဲ့ ဖြန့်ကျက်နေထိုင်ပြီး နေအိမ်ထဲကထွက်လာတဲ့ စစ်သားတွေကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ခလရ ၅၀ တပ်ရင်းမှ တပ်ရင်းမှူး အေးမင်းအပါအဝင် လက်‌ထောက်တဦးနဲ့ တပ်သားတဦး သေဆုံးခဲ့တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁၀ နာရီကျော်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။ ထီးလင်းမြို့နယ် ရေမျက်နီရွာမှာ ဒီဇင်ဘာဒုတိယပတ်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအဆုံးများတာကြောင့် ခလရ ၅၀ ကနေ တပ်ကူလာပြီး ရေမျက်နီကျေးရွာထဲက နေအိမ်တွေမှာပဲ အင်အား ၁၀၀ ကျော်‌လောက်ဖြန့်ကျက်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။ “သူတို့နေတဲ့အိမ်ထဲက

ရေမျက်နီရွာက ခလရ ၅၀ တပ်သားတွေ ချောင်းမြောင်းပစ်ခတ်ခံရလို့ ၃ ဦးသေ Read More »

အင်းလေးမှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ် ရှင်းလင်းခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းအနောက်ဘက် ကျေးရွာမှာ ဆက်ကြေးကောက်ပြန်လာတဲ့ ပျူစောထီး ၂ ဦးဟာ ပစ်ခတ်ရှင်းလင်း ခံလိုက်ရတယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ရွာအဝင် လမ်းမကြီးပေါ်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။ ကျေးရွာချင်း နီးစပ်သူ အမျိုးသမီး တစ်ဦးက “ဘယ်အဖွဲ့က ပစ်သတ်လဲ မသိဘူး။ မင်းချောင်းရွာက အသိတစ်ယောက်က ဖုန်းဆက်လာတယ်။ မင်းချောင်းရွာအဝင် လမ်းမကြီးပေါ်မှာ ပျူစောထီး ၂ ယောက် ပစ်သတ်ခံရတယ်တဲ့။ ခြေကားယား လက်ကားယားနဲ့ သေနေတာ။ နောက်တော့ ရဲနဲ့ စခ(စစ်ကောင်စီ)တွေ အလောင်းလာသယ်သွားတယ် ပြောတယ်။ ညောင်ရွှေကို” လို့ ပြောပါတယ်။

အင်းလေးမှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ် ရှင်းလင်းခံရ Read More »

ဘုံဇုံးတပ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၆ဦး အရှင်ဖမ်းမိ၊ စစ်ကောင်စီတပ် ၇ဦးသေ

လက်နက်ခဲယမ်းများစွာရရှိပြီး ထွက်ပြေးစစ်ကောင်စီတပ်များကို လိုက်လံဖမ်းဆီး ချင်းပြည်နယ် – မကွေးတိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘုံဇုံးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ဦးကို အရှင်ဖမ်းမိသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး၊ CDF ထန်တလန်၊ CDF-KKG ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ဒီမနက်စောစောကတည်းက သွားပြီးတိုက်တယ်။စခန်းသိမ်းတိုက်ပွဲ လုပ်တယ်။ အဲဒီမှာ သူတို့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးတော့ အရှင်ဖမ်းတယ်။ လက်နက်ချတော့ဖမ်းတယ်။ ပြီးတော့ ၇ယောက်ကတော့ ကျသွားတယ်။ လက်နက်ရရှိမှုကတော့ အခုနယ်မြေရှင်းလင်းရေးက လုပ်နေဆဲဖြစ်တယ်။ အတည်ပြုလို့မရသေးဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း CDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု CDF

ဘုံဇုံးတပ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၆ဦး အရှင်ဖမ်းမိ၊ စစ်ကောင်စီတပ် ၇ဦးသေ Read More »

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် စခန်း ၁ ခုကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းသို့ ပြန်ဝင်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်း၊ ရော့ကတ်၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးကပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၈ နံနက် ၆ နာရီခန့်ကမြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ သနပ်ကုန်းကျေးရွာ နှင့် ကျောက်တန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးပြီး ပြန်လည်သော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် Air Bomb ၁၂ လုံး

မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် စခန်း ၁ ခုကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် Read More »

ရဲစခန်းထဲ လင်းတပြုတ်ကျလို့ ပွဲပေးကာ မောင်းတီးပြီးပြန်လွှတ်ပေးခဲ့ (ရုပ်သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရဲစခန်းထဲကို လင်းတ(လဒ)တကောင်ကျရောက်ခဲ့လို့ အုန်းပွဲငှက်ပျောပွဲတွေနဲ့ မောင်းတီးကာ ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄နာရီဝန်းကျင်က နတ်တလင်းမြို့နယ်၊ တာပွန်နယ်မြေ ရဲစခန်းဝန်းအနောက်ဘက်ကို ၇ ပိဿာဝန်းကျင်အလေးချိန်ရှိတဲ့ လင်းတတကောင် ထိုးကျလာခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီလင်းတကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ထွေအုပ်ရုံးကတဆင့် ဆိုင်ကယ် ကယ်ရီမောင်းသူတွေက တောစပ်တနေရာမှာ သွားလွှတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို လင်းတပြုတ်ကျလာတာနဲ့ပတ်သက်ပြီး လက္ခဏာဆရာမတဦးကလည်း အတိတ်နိမိတ်မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။ ရဲစခန်းထဲ လင်းတပြုတ်ကျတယ်ဆိုလို့ လာရောက်ကြည့်ရှုကြသူတွေလည်း အများအပြားရှိခဲ့သလို အယူအဆရှိသူ မြို့ခံအချို့ကလည်း ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ဆယ်လပိုင်းကုန်လောက်ကနေ ၂ လပိုင်းအလယ်လောက်ထိ လင်းတအပါအဝင်ဆောင်းခိုငှက်အချို့

ရဲစခန်းထဲ လင်းတပြုတ်ကျလို့ ပွဲပေးကာ မောင်းတီးပြီးပြန်လွှတ်ပေးခဲ့ (ရုပ်သံ) Read More »

ကလေးမြို့ မြောက်စည်းစခန်းသိမ်း တိုက်ပွဲက ရရှိခဲ့တဲ့ စစ်အုပ်စု အသံဖိုင်ကို CNDF ထုတ်ပြန်၊

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာက သိမ်းဆည်း ရရှိခဲ့တဲ့ စစ်အုပ်စု လက်အောက်ခံ ဗိုလ်လေး (ရဲ ဒု-ရဲအုပ်အဆင့်)ဆိုသူရဲ့ ဖုန်းထဲက တွေ့ရှိတဲ့ အသံဖိုင်ကို ချင်းအမျိုးသား ကာကွယ်ရေးတပ် – CNDF က ထုတ်ပြန် ထားပါတယ်။ နိုဝင်ဘာ(၃)ရက် မနက်ပိုင်းက ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာ စစ်အုပ်စု အထိုင်စခန်းကို ကလေးခရိုင် PDF တပ်ရင်း (၄)၊ CNDF၊ CDF-KKG၊ VAKOK-CNDF၊ RKDF၊ ကလေးမြို့နယ် ပကဖ စတဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တွေက စီးနင်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီ မြောက်စည်းစခန်းသိမ်း တိုက်ပွဲမှာ စစ်အုပ်စု ကိုးယောက် သေကာ တချို့ ထွက်ပြေး လွတ်မြောက်သွားပြီး တော်လှန်ရေးရဲဘော် သုံးဦး

ကလေးမြို့ မြောက်စည်းစခန်းသိမ်း တိုက်ပွဲက ရရှိခဲ့တဲ့ စစ်အုပ်စု အသံဖိုင်ကို CNDF ထုတ်ပြန်၊ Read More »

Scroll to Top