ရန်ကုန်တွင် Alpha Operation၏ ပထမဆုံးစစ်ဆင်ရေးစတင်
ရန်ကုန်မြို့ နေရာ ၁၁ ခုမှာ မိုင်းဖောက်ခွဲမှုနဲ့ စစ်ဆင်ရေး စတင်ဖော်ဆောင်နေပြီလို့ Alpha Operation ထုတ်ပြန် လမ်းဘေးချထားတဲ့ Bluetooth Speaker များကိုတွေ့ရှိပါက မထိတွေ့ မကိုင်တွယ်ဖို့ အထူးသတိပေးထား လွတ်မြောက်နယ်မြေအသီးသီးက အထူးလေ့ကျင့်မှုများ ပြီးဆုံးပြီး ရန်ကုန်တိုင်းအတွင်း ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်နေကြတဲ့ အထူးတပ်ဖွဲ့များနဲ့ ရန်ကုန်မြေအောက် တော်လှန်ရေးတပ်ဖွဲ့များတဲ့ စုပေါင်းထားတဲ့ Alpha Operation ကို ရန်ကုန်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅၊ ၁၆ ရက်ကတည်းက စတင်လုပ်ဆောင်နေပြီလို့ Alpha Operation တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ပထမဆုံး Alpha Operation စုပေါင်းစစ်ဆင်ရေးကို စစ်ကောင်စီ ယန္တရားနဲ့ အဆွယ်အပွားများရှိရာ စစ်ကောင်စီ ထောက်တိုင်နေရာများကို ရည်ရွယ်ပြီး စမ်းသပ်စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။ […]
ရန်ကုန်တွင် Alpha Operation၏ ပထမဆုံးစစ်ဆင်ရေးစတင် Read More »