News

“မင်းတို့ရဲ့လက်တွေကို လေထဲမှာ မြှောက်ထားလိုက်” တဲ့

မအလနဲ့ ဘောမတွေ ကြားမှာ အသံတိတ်သွားတာ တခုရှိပါတယ်။ “အခုဖြစ်နေတဲ့ ပြသနာဟာ NLDပါတီနဲ့ ဖြစ်တဲ့ ပြသနာ၊ အနီ အစိမ်း ပြသနာ”လို့ တောက်လျှောက် ဂျင်းထည့်လာခဲ့တဲ့ စကားပါ။ အဲဒီဂျင်းဟာ မြောက်ပိုင်းသုံးဖေါ် ပွဲဝင်ကတာနဲ့ အထုတ်ပြေပြီး ဆက်မအော်ရဲရှာတော့ဘူး။ ပြီးခဲ့တဲ့ရက်က မအလဟာ စောက်ခေါမကို လက်ကဆွဲ၊ သေနတ်ကို ခါးကြားထိုး၊ လုံခြုံရေး အထူအထပ်ချပြီး လားရိူးကို ခိုးကြောင်ခိုးဝက် သွားပြတယ်။ အဲဒီနောက် “MNDAA နဲ့ အပစ်ရပ်လိုက်ပြီ၊ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဟေ့”လို့ ဘောမတွေက အားရဝမ်းသာ ဂျင်းထည့်ပြန်တယ်။ သူတို့ခမြာ ဂျင်းထည့်လို့မှ မဆုံးသေးဘူး၊ မြောက်ပိုင်းသုံးဖွဲ့က မူဆယ် ၁၀၅ မိုင် ဗျုဟာကုန်းကြီးကို တက်သိမ်းပြီး MNDAA အလံ ထောင်ပြတယ်။ နမ့်ဆမ်မြို့ကို […]

“မင်းတို့ရဲ့လက်တွေကို လေထဲမှာ မြှောက်ထားလိုက်” တဲ့ Read More »

စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူး ဒီဇင်ဘာလ ၁၆ ရက် မနေ့နေ့လည် ၁၂ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သေဆုံးသွားသူမှာ ငပြင်းအင်းကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၆ နှစ်အရွယ် ဦးကျော်ဝင်းနိုင် ဖြစ်ပြီး စဥ့်ကူးမြို့ကနေ ငပြင်းအင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တဦးတည်းပြန်လာချိန် ကျေးရွာအနီးအရောက်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။ “သူက စကစ ခန့်အုပ်ကြီး၊ ကျေးရွာ ပျူစောထီးအဖွဲ့ဝင်ပါ။ ဖြစ်တာက မြို့ကနေပြန်အလာ ရွာတောင်ဘက်လမ်းပေါ်မှာ ပစ်ခံရတာ”လို့ စဉ့်ကူးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးကျော်ဝင်းနိုင်ရဲ့ နားထင်နဲ့ပုခုံးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာဘဲ သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးအလောင်းကိုဒေသခံတွေက စဥ့်ကူးဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။ အုပ်ချုပ်ရေးမှူးအသတ်ခံရတာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်လာတာမျိုးတော့ မတွေ့ရသေးပါဘူး။

စဥ့်ကူးက ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး Read More »

ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တွင်းမကျေးရွာကနေထွက်လာတဲ့ ခလရ ၂၅၁ စစ်ကြောင်းကို သာစည်ကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပကဖဆီက သိရပါတယ်။ တွင်းမကျေးရွာက ထွက်လာတဲ့ ခလရ ၂၅၁ ရဲ့ စစ်ကား ၃ စီးနဲ့ အင်အား ၁၂၀ ပါစစ်ကြောင်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်ကတည်းက မြိုင်မြို့နယ် သာစည်ကျေးရွာအနီးမှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုက ၁ နာရီနီးပါးကြာခဲ့ပြီး အဲ့ဒီနေရာမှာပဲ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့လို့ စစ်ကောင်စီတပ်သားတွေက သာစည်ရွာကို မီးဝင်ရှို့ခဲ့ပြီး အိမ်ခြေ ၅၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မတိုင်ခင် ၂ ရက်အလိုလောက်မှာကတည်းက

ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ Read More »

အားရတယ်ကျေနပ်တယ်.. ခိုးရာပါတွေ ဝေစုခွဲနေချိန် တီးထည့်လိုက်တာ ရှော (ရုပ်သံ)

လောင်းလုံးမြို့မ ရဲစခန်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး(ရုပ်/သံ) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်း အတွင်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ စစ်ပြဲကျေးရွာနှင့် ပြင်း ထိန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ များထံမှ ရွှေ၊

အားရတယ်ကျေနပ်တယ်.. ခိုးရာပါတွေ ဝေစုခွဲနေချိန် တီးထည့်လိုက်တာ ရှော (ရုပ်သံ) Read More »

နမ့်ဆန်စစ်ကောင်စီဗျူဟာကုန်းမှ ဟောင်ဝစ်ဇာအမြောက် ၂လက်အပါအဝင် လက်နက်များစွာရဟု TNLA ပြော

နမ့်ဆန်မြို့ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို TNLAက ဒီဇင်ဘာ ၁၀ရက်တွင် စတင်ခဲ့ရာ ၆ရက်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် တပ်စခန်းအားလုံးကိုသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ နမ့်ဆန်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ခဲယမ်းများစွာရရှိကြောင်း ဒေသအခြေစိုက်ရွှေဖီမြေက သတင်းနှင့် ဓာတ်ပုံများဖော်ပြခဲ့ရာ ယင်းသတင်းမှာ မှန်ကန်သည်ဟု TNLAအရာရှိက အတည်ပြုသည်။ “နမ့်ဆန်မြို့စခန်းကိုတော့ ဒီဇင်ဘာ ၁၅ရက်ကတည်းက သိမ်းပိုက်ရရှိတယ်။ ဒါပေမဲ့ အကုန်လုံးရှင်းလင်းရင်းနဲ့ အချိန်နည်းနည်းကြာသွားတယ်။ အခု ပြောနိုင်တာက ဟောင်ဝစ်ဇာ ၂လက်ပါမယ်။လက်နက်ကြီး ပစ်တာတွေ အများအပြားရှိမယ်ပေါ့နော်။။ ပြီးရင် လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိတာရှိတယ်။စာရင်းအသေးစိတ်တော့ ကျမတို့ဆီမရောက်သေးဘူး”ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိပြီး စာရင်းအသေးစိတ် မသိရသေးဟု

နမ့်ဆန်စစ်ကောင်စီဗျူဟာကုန်းမှ ဟောင်ဝစ်ဇာအမြောက် ၂လက်အပါအဝင် လက်နက်များစွာရဟု TNLA ပြော Read More »

ရန်ကုန်မြို့ရှိ ရွှေပြည်သာရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ယနေ့ (ဒီဇင်ဘာ ၁၆) အသိပေးထုတ်ပြန်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတွင် ရွှေပြည်သာမြို့နယ် ရဲစခန်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြောက်ဒဂုံရှိ K2 KTV၊ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ B3 Bar & KTV တို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ “တော်လှန်ရေးကြီး မပြီးသေးပါ။ ပုံမှန်မဟုတ်သောအချိန်မှာ ပုံမှန်ဖြစ်နေသကဲ့သို့ နိုင်ငံတကာမှထင်အောင် နေထိုင်ပြုမူခြင်းသည် ပြည်သူ့ရန်သူ စစ်ကောင်စီကို ထောက်ခံအားပေးရာ ရောက်တယ်။ ဒါ့ကြောင့် အပျော်လွန်ပွဲများ ကျင်းပခြင်းကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပါတယ်”ဟု ရန်ကုန်တိုင်းပြည်သူ့တပ်မဟာအဖွဲ့က ဆိုသည်။ “ရွှေပြည်သာရဲစခန်းကို ပြီးခဲ့တဲ့ရက်က ဗုံးပေါက် သေးတယ်။

ရန်ကုန်မြို့ရှိ ရွှေပြည်သာရဲစခန်းနှင့် စီးပွားရေးထောက်တိုင်များ မိုင်းခွဲတိုက်ခိုက် Read More »

KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွား

KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တပ်မဟာ၃တွင် စစ်ကောင်စီတပ်နှင့်KNU/KNLAပူးပေါင်းတပ်ဖွဲ့တိုက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့KNUသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ “နေ့တိုင်းလိုလိုဘဲတိုက်ပွဲဖြစ်နေတယ်။ ကညွတ်ကွင်း၊၄၃၉နှင့်ဖြူးမြို့ဘက်အဝေးပြေးလမ်းမဘက်မှာလှုပ်ရှားမှုပိုများတယ်။ အနောက်ဘက်မှာဆို ကျောက်ကြီးဘက်တွေမှာစကစ တို့ညဘက်မှာလက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်တာလည်းရှိနေတယ်။ စစ်ကောင်စီဘက်က လေကြောင်းဖြင့် မြို့အနီးနားဝန်းကျင်အပါအဝင်တောတောင်များကိုပါရမ်းသမ်းပစ်ခတ်မှုလည်းလုပ်နေတယ်” လို့KNUသတင်းရင်းမြစ်တစ်ဉီးကလည်းပြောဆိုပါတယ်။ ဒီဇင်ဘာလ၉ရက်နေ့ကနေ၃ရက်အတွင်းတိုက်ပွဲပြင်းထန်နေတာလည်းရှိနေပြီးစစ်ကောင်စီဘက်မှလေကြောင်းဖြင့်ပစ်ခတ်မှုလည်းလုပ်ဆောင်နေတယ်လို့ထိုသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မုန်းမြို့ထဲတွင်ပြန်လည်ဝင်ရောက်တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တို့သည်ပြည်သူပိုင်အိမ်များကိုဖောက်ထွင်းဝင်ရောက်ပြီးပစ္စည်းများမွှေနှောက်ရှာဖွေခိုးယူမှုများလုပ်ဆောင်နေတာတယ်လို့သူကဆိုပါတယ်။ “မုန်းမြို့ထဲတွင်ကျန်ရှိနေသည့်ပြည်သူအချို့သည်စစ်ကောင်စီတပ်ဖွဲ့နှင့်ပတ်သက်ဆက်နွယ်နေတဲ့လူရှိနေတယ်။ အိမ်ထဲမှာဝင်ခိုးတာဝင်မွှေတာလုပ်ဆောင်နေတဲ့ထဲမှာစစ်ကောင်စီနဲ့ဆက်နွယ်နေသူအချို့ပါဝင်နေတာတော့သတင်းရရှိထားတယ်” လို့KNLAတပ်မှူးတစ်ဉီးကလည်းပြောဆိုထားပါတယ်။

KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွား Read More »

တန်ဖိုးကြီးတဲ့ အရာတွေကို ဘယ်တော့မှ အလကားမရဘူး

တန်ဖိုးကြီးတဲ့ အရာတွေကို ဘယ်တော့မှ အလကားမရဘူး။ စိတ်ဓါတ်ပြင်းထန်မှု့တွေကို ရှေ့တန်းတင်ပြီး အောင်ပွဲဆင်နိုင်အောင်ကြိုးစားရတယိ။ ဒါဏ်ရာရလာတဲ့တွေရဲဘော်ကို ကုန်းတလမ်း ရေတလမ်းနဲ့ ခက်ခက်ခဲခဲသယ်ရတယ် ။ ငါတို့ရဲဘော်တွေလဲ အသက်ရှင်အောင်ကြိုးစားကယ်ထုတ်ပြီး ငါတို့ဆေးအဖွဲ့တွေဆီအရောက်ခေါ်လာနိုင်တယ်။ တိုက်ခိုက်စွမ်းရည် ပြည့်စုံတဲ့အပြင် ရှေ့တန်းကယ်ဆယိရေးတွေကလဲတော်၊ အားလုံးစည်းလုံးပြီးသိပ်တော်တဲ့လူငယ်တွေ ဦးဆောင်တဲ့ဒီပွဲ ရှေ့ဆက်ပြီး အောင်ပွဲတွေနဲ့ ရှေ့ဆက်ကြဦးစို့ ရဲဘော်တို့ရေ။ 1111Operation ကရင်နီမြို့သိမ်းတိုက်ပွဲ စကားမစပ် – ဒါဏ်ရာလေးရတာတောင်ဆေးကုတဲ့နေရာရယ်မရှိတော့ မဒွမ်သေးလဲ ကြုံတဲ့နေရာ မြေဖို့ခံရတယ် နင်တို့ တွေကတော့ ဒါတွေ ဘယ်သိပါ့မလဲ ။

တန်ဖိုးကြီးတဲ့ အရာတွေကို ဘယ်တော့မှ အလကားမရဘူး Read More »

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံပုရာကျေးရွာကို စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက် မနေ့ကညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ မကွေးလေတပ်ကနေ ထွက်လာတဲ့ F 7 တိုက်လေယာဥ်တစီးနဲ့ ရဟက်ယာဥ်တစီးဟာ သံပုရွာကျေးရွာထဲကို ၁၀ မိနစ်ကြာ ပစ်ခတ်ခဲ့တာပါ။ ခုလိုပစ်ခတ်မှုကြောင့် ရေခပ်နေတဲ့ မမေသင်္ကြန် ၂၃ နှစ်နဲ့ မယုနန္ဒာ ၂၂ နှစ်တို့ သေဆုံးခဲ့ပြီး ဒေါ်တင်စန်းထွေး ၄၉ နှစ်၊ မသီတာသိမ့် ၁၁ နှစ်နဲ့ မဇင်ယမုံထွန်း ၁ နှစ်ခွဲတို့ ဒဏ်ရာရခဲ့ကာ မူလွန်စာသင်ကျောင်း ၁ ကျောင်းလည်း

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ Read More »

ရန်ကုန်မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ

ရန်ကုန်မှာ မနေ့ညပိုင်းက မြို့နယ် ၇ မြို့နယ် မှာပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ပေါက်ကွဲမှုတွေဟာ မင်္ဂလာဒုံ ၊ အလုံ ၊ တာမွေ ၊ဒေါပုံ ၊ တောင်ဒဂုံ ၊ဒဂုံဆိပ်ကမ်း ၊ ဒလမြို့နယ်တွေမှာဖြစ်ပွားခဲ့တာပါ။ မင်္ဂလာဒုံမြို့နယ်အတွင်းမှာဆိုရင် ည ၆ နာရီခွဲဝန်းကျင်ကနေ ည ၈ နာရီအတွင်း ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ် ရန်ကုန် − ပြည်လမ်းဘေးက ပန်းခြံကုန်း ကားမှတ်တိုင် ၊ အ.ထ .က ( ၄ ) ကျောင်းရှေ့ နဲ့ အမှတ် ၃ လမ်းမတို့မှာပေါက်ကွဲမှုတွေဖြစ်တာလို့သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်ထဲက ပေါက်ကွဲမှုတွေမှာတော့ ၇ ဦး

ရန်ကုန်မှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ Read More »

Scroll to Top