News

သာလီစွာပါ (၁၀၅)မိုင်ဟု နှုတ်ခွန်းဆက်လိုက်သည့် AA စစ်ဦးစီးချုပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) တပ်က ကင်းပုန်းနဲ့ စနိုက်ပါကို ပြန်ကင်းပုန်းဝပ်တိုက်ခိုက်ရာ စစ်တပ်က စနိုက်ဘာသမား သေဆုံးသွားတယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃)တပ်က ကင်းပုန်းနဲ့ စနိုက်ဘာ အဖွဲ့များဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်နိုင်ဖို့ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာထိပ်မှာ တပ်စွဲထားကြောင်း သတင်းရရှိတာကြောင့် တပင်ရွှေထီးစစ်ကြောင်း၊ တပ်ခွဲ(၂) နဲ့ တပ်ရင်း sniper team တို့ သွားရောက်စောင့်ဆိုင်းခဲ့ရာ sniper team ပြန်လည်ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ် စနိုက်ဘာသမား ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ မူဆယ်(၁၀၅)မိုင် စစ်တပ်ဗျူဟာကုန်းတွင် ရက္ခိုင့်တပ်တော်(AA)အလံ […]

သာလီစွာပါ (၁၀၅)မိုင်ဟု နှုတ်ခွန်းဆက်လိုက်သည့် AA စစ်ဦးစီးချုပ် Read More »

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပိုဆောင်ခဲ့သော စစ်ကူစစ်ကြောင်းကို TNLA က တိုက်ခိုက်ရာ စစ်သားများ သေဆုံးမှုများပြားပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရရှိ

လက်နက် ၄၀ လက်နှင့် ကျည်ဆန် ခဲယမ်းမြောက်မြားစွာ သိမ်းဆည်းရရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြိုရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပိုဆောင်လိုက်သော စစ်ကူစစ်ကြောင်းများကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အလောင်းများနှင့် ဗိုလ်မှူးအဆင့် အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စခန်းသစ်ကုန်းဘက်သို စစ်ကူပေးရန် နမ့်ခမ်းမြိုနယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင် ရဟတ်ယာဥ်ဖြင့် စစ်ကူ အင်အား ၁၀၀ နီးပါး (၃)ကြိမ် လာရောက်ပိုချခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ပို့ဆောင်လိုက်သော စစ်ကူစစ်ကြောင်းကို တအာင်းတပ်မတော် PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ

နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပိုဆောင်ခဲ့သော စစ်ကူစစ်ကြောင်းကို TNLA က တိုက်ခိုက်ရာ စစ်သားများ သေဆုံးမှုများပြားပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရရှိ Read More »

မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်ခံရပြီး MNDAA အလံစိုက်ထူ

ရှမ်းမြောက်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် MNDAA အလံကို စိုက်ထူခဲ့ကြောင်း သိရသည်။ အဆိုပါဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းကတည်းက ပူးပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေခြင်းဖြစ်ပြီး ညပိုင်းအတွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း TNLA တပ်ဖွဲ့ ၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ လက်ရှိတွင် အဆိုပါဗျူဟာကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် MNDAA အလံကိုစိုက်ထူခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း သိမ်းပိုက်ခံရပြီး MNDAA အလံစိုက်ထူ Read More »

ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ညပိုင်းမှ ယခုနံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်းအတွင်းရှိ ဗိုလ်တထောင်၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ အလုံ၊ မြောက်ဒဂုံ၊ ဒလ၊ တာမွေ၊ စမ်းချာင်း၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်းတို့ တွင် ယမန်နေ့ညပိုင်းမှ ယခု နံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ရန်ကုန်ပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် နတ်စင်လမ်းထိပ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း ဗုံးပေါက်ကွဲပြီးနောက် ရဲကားနှင့်စစ်ကားများ ရောက်ရှိလာပြီး ဗုံးပေါက်ကွဲမှုကို စစ်ဆေးသွားခဲ့ကြောင်း သိရှိရသည်။ “ဒီမနက် ၁ နာရီခွဲလောက်မှာ ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့နတ်စင်လမ်းထိပ်မှာ ဗုံးကွဲတယ်။ ဗုံးကွဲတဲ့အသံက အတော်ကို ကျယ်တာ။ စမ်းချောင်းနဲ့ ဗဟန်းဘက်က ကြားလို့ မိတ်ဆွေတွေက ဖုန်းဆက်မေးကြတယ်။

ရန်ကုန်တိုင်း၊ မြို့နယ် ၁၁ ခုတွင် ယမန်နေ့ညပိုင်းမှ ယခုနံနက်အစောပိုင်းအထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲ Read More »

ပဋိပက္ခတိုးပွားအောင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သွေးထိုးလှုံ့ဆော်နေဟု စစ်ကောင်စီစွပ်စွဲ

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့ကို ဝိုင်းဝန်းဆန့်ကျင်ကြရန် အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်သူလူထုအား တိုက်တွန်းစည်းရုံးနေကြောင်း သိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က နိုင်ငံတစ်ဝှမ်း တိုက်ပွဲအခြေအနေများကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို မလိုလားသည့်သူများဖြစ်ပြီး ပဋိပက္ခလျော့နည်းရေးကိစ္စနှင့် လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးကိစ္စကို မတည်ငြိမ်စေရန် သွေးထိုးလှုံ့ဆော်နေသူများဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။ ” ဒါကြောင့် သူတို့အနေနဲ့ မြန်မာ နိုင်ငံထဲမှာ အပစ်အခတ်ရပ်စဲမယ့်ကိစ္စတွေ၊ ပဋိပက္ခလျော့နည်းမယ့်ကိစ္စတွေ၊ လူမှုစီးပွား ဘဝတည်ငြိမ်စေမယ့်ကိစ္စတွေကို မျိုးစုံသွေးထိုးလှုံ့ဆော်ပြီး ဆောင်ရွက်နေကြခြင်းဖြစ်တယ် ဆိုတာကို အားလုံးကသတိပြုရမှာဖြစ်ပါတယ်။

ပဋိပက္ခတိုးပွားအောင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သွေးထိုးလှုံ့ဆော်နေဟု စစ်ကောင်စီစွပ်စွဲ Read More »

နမ့်ဆန်မြို့ကို တအာင်းတပ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ရဟပ်ယာဉ်နဲ့ ဗျူဟာမှူးကို ကယ်ဖို့ လုပ်ပေမယ့် မရခဲ့

၆ရက်တာ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် တအာင်းဒေသ နမ့်ဆန်မြို့ကို တအာင်းတပ်(PSLF/TNLA)က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ တိုက်ပွဲဟာ အပြင်းအထန်ဖြစ်ခဲ့ပြီး နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ ဗျူဟာကုန်းကို ဒီနေ့ ဒီဇင်ဘာ ၁၅ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ရေအများအပြား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၈လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။ ဗျူဟာကုန်းသိမ်းပိုက်ရရှိပြီးနောက် ထွက်ပြေးသွားတဲ့ ဗျူဟာမှူးနဲ့ အပေါင်းအပါ ၅ယောက်ကို စစ်ကောင်စီဘက်က ရဟပ်ယာဉ်နဲ့ လာရောက်ကယ်ဆယ်ဖို့ လုပ်ပေမယ့် မကယ်နိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ တိုက်ပွဲပြီးခဲ့ပေမယ့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ နောက်ဆုံးဗျူဟာကုန်းကို တိုက်ခိုက်ချိန်မှာ အရပ်သားတစ်ဦး ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

နမ့်ဆန်မြို့ကို တအာင်းတပ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ရဟပ်ယာဉ်နဲ့ ဗျူဟာမှူးကို ကယ်ဖို့ လုပ်ပေမယ့် မရခဲ့ Read More »

လျှိူ့ဝှက်စာ လာပြန်ပီ ဘယ်သူမှမသိစေနဲ့အူး

စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား ဖုန်းယူမလာရ၊ အခမ်းအနားပြီးဆုံးသည်အထိတက်ရမည်၊ လက်ကိုင်အိတ်မယူရ၊ X-ray စက် ဖြတ်ရမည် အပါအဝင် စစ်ဆေးရမည့် အချက် ၁၁ ချက် လုပ်ဆောင်ရမည် အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေး အခမ်း အနားများတွင် ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံ ရေး အထူးတင်း ကျပ်ရန် လျှို့ဝှက် ညွှန်ကြားချက်များ ထုတ်ပြန်လိုက်ကြောင်း စစ်ကိုင်းတိုင်း စစ်ကောင်စီ သတင်းရင်းမြစ်ကပြောဆိုသည်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် လုပ်ဆောင်စစ်ဆေးရမည့် စည်းကမ်းချက် ၁၁ ချက်ကို စစ်ကောင်စီက တိုင်း/ပြည်နယ်စစ်ကောင်စီများသို့

လျှိူ့ဝှက်စာ လာပြန်ပီ ဘယ်သူမှမသိစေနဲ့အူး Read More »

ပျူခေါင်းဆောင်ကို သေနတ် အဖြုတ် အတပ် သင်ပေးရာက ဒုရဲအုပ်နဲ့ ရာအိမ်မှူး ကျည်မှန် ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ ရဲစခန်းမှာ ပျူစောထီးခေါင်းဆောင်တဦးကို သေနတ် အဖြုတ်အတပ်သင်ပေးနေစဉ် သေနတ်ကျည်ထွက်ပြီး ဒုရဲအုပ်နဲ့ ရာအိမ်မှူးကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဝေါမြို့နယ် ပကဖထံက သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်မှာ သူရဲသမိန်ကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင် ဆန်းဝင်းနိုင်ဟာ ရဲစခန်းအတွင်း ကျည်ရှင်းချိန် ကျည်ထွက်သွားပြီး ဒုရဲအုပ်နဲ့ ရာအိမ်မှူး သန်းဦးတို့ကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ “ပျူခေါင်းဆောင်ကို သေနတ်အဖြုတ်အတပ်နဲ့ပတ်သက်ပြီး ရဲကသင်ပေးနေချိန်မှာ ကျည်က ညပ်နေတာ။ အဲ့ဒါကို ပျူခေါင်းဆောင်က သေနတ်ဒင်ကို မြေကြီးနဲ့ဆောင့်ချလိုက်တာ ကျည်ထွက်သွားပြီး ထိတာ” လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။ ပေါက်ထွက်သွားတဲ့ ကျည်က ထိမှန်လို့ ဒုရဲအုပ်ရဲ့ ခါးမှာ ကျည်ရှပ်မှန်ပြီး ရာအိမ်မှူးကတော့ လက်ကို ရှပ်မှန်သွားတယ်လို့ ဆိုပါတယ်။

ပျူခေါင်းဆောင်ကို သေနတ် အဖြုတ် အတပ် သင်ပေးရာက ဒုရဲအုပ်နဲ့ ရာအိမ်မှူး ကျည်မှန် ဒဏ်ရာရ Read More »

ဝမ်းတွင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် ကမ်းပါးနီရွာသား ပျူစောထီးအဖွဲ့ဝင် တင်မင်းကို Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသွားသော ပျူစောထီး အလောင်းကို လာကောက်သည့် စစ်သားများလိုက်ပါလာသော ယာဥ်တန်းကိုလည်း WTRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့​​ရာ ကား ၁ စီး ထိမှန် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု

ဝမ်းတွင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံး Read More »

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အရပ်ဝတ်ဖြင့် မူးယစ်ဆေးဝါး ဖြစ်သည့် WYဆေးပြားများ‌ သယ်ဆောင် ရောင်းဝယ်နေသော ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရရှိကြောင်း KNDFတပ်ရင်းအမှတ် ၅ က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ၊ (၁၁)ရက်နေ့၊ လွိုင်ကော်မြို့တွင် ရဲတပ်သား တင်မောင်နိုင်ကို လက်ပစ်ဗုံး ၃ လုံး၊ WYဆေးပြား ၁၂ ပြား၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် ငွေသားတချို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ရဲတပ်သား တင်မောင်နိုင်သည် လွိုင်ကော်မြို့၊ တောင်ဈေးအနီးရှိ KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်များထဲမှတစ်ဦးဖြစ်ကြောင်း ၊ WYဆေးပြားများကို အပြင်မှဝယ်ယူကာ

လွိုင်ကော်မြို့တွင် အရပ်ဝတ်ဖြင့် WY မူးယစ်ဆေးဝါးများ ရောင်းဝယ်နေသူ ရဲတပ်သားတစ်ဦးကို လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိ၊ လွိုင်ကော် KBZ ဘဏ်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့ဝင်ဖြစ်ဟုဆို Read More »

Scroll to Top