ဘူးလက်လူတွေ 😎 င-တ်-လာတော့ 🤗 မပျူနိုင်တော့ဘူး🤭 ဝင်လာကြပီ😂👇
ဂန့်ဂေါမြောက်ပိုင်း ပျူစောထီးရွာမှ ပြည်သူ၂၀၀ကျော် PDF ထိန်းချုပ်နယ်မြေထံ ခိုလှုံ မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းရှိ ပျူစောထီးများထိန်းချုပ်ထားသည့် မြောက်ခင်ရမ်းကျေးရွာမှ ဒေသခံ ရွာသားများထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ထိန်းချုပ်ထားသည့် နယ်မြေသို့ ခိုလှုံလာကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီးရွာများ နေထိုင်ရာတွင် စားဝတ်နေရေးနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် ထွက်ပြေးခိုလှုံလာသူများသည် ဒီဇင်ဘာ ၁၁ရက်မှစတင်ပြီး ယနေ့အထိ လူဦးရေး ၂၀၀ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ပျူရွာတွေထဲမှာ မနေချင်လို့ ထွက်ပြေးလာပြီး ဒီဘက်က ရဲဘော်တွေစီမှာ ခိုလှုံလာကြတာပါ။ ထွက်ပြေးလာတဲ့သူတွေရဲ့ အိမ်တွေကို ပျူစောထီးတွေက မီးရှို့နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ထွက်ပြေးလာသည့် ပြည်သူများကို ဟံသာဝတီကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။ “ပျူရွာတွေဘက်က ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေထဲကို […]
ဘူးလက်လူတွေ 😎 င-တ်-လာတော့ 🤗 မပျူနိုင်တော့ဘူး🤭 ဝင်လာကြပီ😂👇 Read More »