News

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) မှာတွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ သိရပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့စစ်​ကောင်စီ ဝန်ထမ်း​တွေထွက်ခွာ​ပေးရမှာဖြစ်သလို ၊ဒီက​နေ့ က​နေ ဒီဇင်ဘာလကုန် အထိ့နှစ်ဖက် အပစ်ရပ်ကြမယ်လို့လည်း စုံစမ်းသိရပါတယ် ။ ၁၀၂၇ စစ်ဆင်​ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာ MNDAA က ​ပြော​ရေးဆိုခွင့်ရှိသူကို ဆက်သွယ်​မေးမြန်းထားတာကို ပြန်လည်​ဖော်ပြ​ပေးလိုက်ပါတယ်။ “ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ” MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းနဲ့မေးမြန်းခန်း ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့ ပူပေါင်း ဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီးဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ […]

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ” Read More »

အင်းစိန်လူမိုက် ကျော်ဝင်းစိန်အား အုပ်စုဖွဲ့၍ မြို့လည်ခေါင်တွင် မင်းမဲ့စရိုက်ဆန်ဆန်သတ်ဖြတ်ခဲ့သည်..

အင်းစိန်မှလူမိုက်ကျော်ဝင်းစိန်အသတ်ခံရမှုဖြစ်စဥ်အကျဥ်း… အခင်းဖြစ်ပွားသောနေ့.8.12.2023.တွင်.ကြည့်မြင်တိုင်လူမိုက်ခေါင်းဆောင်ဟုပြောသောကိုမျိုး(ခ)ရဲမျိုးသိန်း၏အောင်ကြီး.ဥက္ကာ.ကိုရီးယား.တို့ဦးဆောင်၍လူ၂၀မှ၃၀ခန့်ရှိ.ကား၄စီးဖြင့်.ကျော်ဝင်းစိန်၏တပည့်ဖြစ်သူ၃ဦးအားကားပေါ်ဆွဲတင်၍ဖမ်းဆီးခေါ်ဆောင်သွားပီးညအချိန်တွင်ကျော်ဝင်းစိန်အားလာညှိရန်ဖုန်းဆက်ခေါ်ဆောင်ခဲ့ကြပါသည်. သို့သော်.ကျော်ဝင်းစိန်မှမင်းတို့နဲ့ရှင်းစရာမလိုဘူးဟုဆိုကာ.ပြန်ပေးဆွဲမှုဖြင့်အမှုဖွင့်ရန်ကြည့်မြင်တိုင်မြို့နယ်.၂၃ရဲစခန်းသို့သွားခဲ့သည်. စခန်းမှပြန်အထွက်တွင်နောက်ယောက်ခံလိုက်လာသောကိုမျိုးနှင့်အဖွဲ့များမှ.ကျောင်းကြီးလမ်းထိပ်အရောက်ကားကိုပိတ်တားကာဝိုင်းဝန်းဒါးဖြင့်ထိုးဒါးဖြင့်ခုတ်ကြသည်(ကျောင်းကြီးလမ်းထိပ်အရောက်ကားကိုပိတ်တားကာဝိုင်းဝန်းဒါးဖြင့်ထိုးဒါးဖြင့်ခုတ်ကြသည်(15ဦးခန့်).ရဲမျိုးသိန်းမှပစ္စတိုသေနပ်အားလက်တစ်ဖက်မှကိုင်၍အသင့်စောင့်ကြည့်နေသည်.. မလှုပ်နိုင်တော့သောအချိန်တွင်ရှေ့ထွက်လာ၍သူ့ရဲ့လက်သုံးစကားအတိုင်းငါကိုမျိုးကွရန်ကုန်မှာငါကနံပါတ်တစ်ဟုဆိုကာသေနတ်၂ချက်ပစ်ဖောက်ပြကာ.သူ၏တပည့်ဖြစ်သူကိုကျော်ဝင်းစိန်အားရတနာပုံလမ်းအတွင်းသို့တရွတ်တိုက်ဆွဲခေါ်စေကာ.ရက်စက်စွာသက်ဖြတ်ပစ်ခဲ့ကြသည်……တရားခံများကိုယခုချိန်ထိမမိသေးပါ…ဆက်လက်တင်ပြပါမည်… ငမျိုး(ခ)ရဲမျိုးသိန်း.၏အကျင့်စရိုက်နှင့်အကြောင်းအရာအနည်းငယ်… ငမျိုးသည်အသက်နှစ်ဆယ်ကျော်အရွယ်မှာထဲကလူမိုက်အရမ်းဖြစ်ခြင်ခဲ့သူဖြစ်ပီး ထိုချိန်ကသီရိမဂ်လာစျေးဟောင်းသို့ သောက်စားမူးယစ်ပီးလျှင်. သူအပေါင်းအပါများကိုခေါ်ဆောင်၍ စျေးရှိ သာမာန်အရပ်သားလက်လုပ်လက်စား ကျောထောက်နောက်ခံမရှိသူများကို အသက်လွတ်ခေါ်ယူ၍ လက်သွေးသည်ဟုဆိုကာ ခေါင်းအားဒါးဖြင့်ဆက်(ခုပ်)ခြင်း.ပေါင်အားဒါးနှင့်ခပ်ဖွဖွထိုးခြင်း.ပါးနားရိုက်ခြင်းများပြုလုပ်တက်သည်. ထိုသို့ပြုလုပ်ခြင်းကြောင့် သီရိမဂ်လာစျေးဟောင်းရှိ လူမိုက်အဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံရာ ငမျိုးနားရွက်ကို ဒါးဖြင့်အခုတ်ခံရဖူးသည်..(အမာရွတ်ရှိသည်)… ထိုသို့ နှစ်ဖက်အင်အားမျှစွာ ထိပ်တိုက်တွေ့လျှင် ငမျိုးမှာသွေးပျက်၍ မလုပ်တက်မကိုင်ဖြစ်ခဲ့ဖူးသည်… နောက်ပိုင်းတွင် သူသည် လက်စလက်နရှိသော လက်ရဲဇာတ်ရဲရှိသောသူများကို ကြည့်မြင်တိုင်တစ်ဖတ်ကမ်းရှိရွာ (ယခုရပ်ကွက်) များမှခေါ်ယူစုဆောင်းကမတ်လုံးများပေး၍ သူ့လူမိုက်အဖွဲ့ကို 2010 မတုိင်ခင်တွင်စတင်ခဲ့သည်… ထို့နောက်ထိုအချိန်ကကြည့်မြင်တိုင်အပိုင် လူမိုက်ဖြစ်သူ ကုလား(ခ)အကြည်လေးနဲ့ ညိရာပုခုံးခြင်းယှဥ်ရန်ကြိုးစားခဲ့သည်. သူတစ်ယောက်အင်အားနှင့်မယှဥ်နိုင်၍ ထိုအချိန်တွင် ဆင်မလိုက်၌ လက်စလက်နရှိကာ နာမည်ထွက်နေသော ဆန်နီနှင့် အကြည်လေး အကိုတို့ ပြသနာတက်ပီးဇာတ်ရှုပ်နေတာကိုငမျိုးကြားသိပီး. ဆန်နီနှင့်အုပ်စုများအားခေါ်ယူ၍ အကြည်လေးအား လုပ်ကြံသတ်ဖြတ်ရန်စီစဥ်ကာ မကြာမီမှာပင် အကြည်လေး၏နေအိမ်မာပင်

အင်းစိန်လူမိုက် ကျော်ဝင်းစိန်အား အုပ်စုဖွဲ့၍ မြို့လည်ခေါင်တွင် မင်းမဲ့စရိုက်ဆန်ဆန်သတ်ဖြတ်ခဲ့သည်.. Read More »

သွေးပျက် ထိတ်လန့်နေတဲ့ စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့တွေကို တော် လှန်ရေး တပ်တွေ မသိမ်းယူနိုင်ရေး ခုခံစစ်ဆိုင်ရာ လျှို့ဝှက် ညွှန် ကြားချက်တွေ ဆက်တိုက် ထုတ်နေ

မိုင်းထောင်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ လမ်းကြောင်းမသုံးရန်၊ သတင်းပေါက်ကြားမှု မရှိစေရေး ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား အကြမ်းဖက်စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များ တော်လှန်ရေးတပ်များ၏ လက်အောက်သို့ ကျဆုံးမှု မရှိစေရေး ဆောင်ရွက်ရန် အတွက်ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိရာ ခုခံစစ်အတွက် စခန်းအတွင်း မိုင်းထောင်ခြင်း၊ ကင်းပုန်းဝပ်ခြင်းနှင့် လမ်းကြောင်းမသုံးရန်၊ သတင်းပေါက်ကြားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို လျှို့ဝှက် ညွှန်ကြားထားကြောင်း စစ်တပ်သတင်းရင်းမြစ်များ ထံမှ သိရှိရသည်။ စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းများအနေဖြင့် စခန်းအတွင်း အခြေပြုနေထိုင်ခြင်းမပြုဘဲ စခန်းဝန်းကျင်တစ်၀ိုက် နယ်မြေစိုးမိုးရေး ဆောင်ရွက်၍ စခန်း ပြင်ပတွင် အခြေပြုနေထိုင်ရန်၊ စခန်းတွင် မိုင်းထောင်ထားရှိမှုအနေဖြင့် မြေပြင်တွင် အမှန်တကယ် မိုင်းများ ထောင်ထားရန်၊ မိုင်းထောင်ထားရန် ညွှန်ကြားချက်ကို မလိုက်နာသည့် တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။ ထို့ပြင် ကင်းပုန်းဝပ်

သွေးပျက် ထိတ်လန့်နေတဲ့ စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့တွေကို တော် လှန်ရေး တပ်တွေ မသိမ်းယူနိုင်ရေး ခုခံစစ်ဆိုင်ရာ လျှို့ဝှက် ညွှန် ကြားချက်တွေ ဆက်တိုက် ထုတ်နေ Read More »

ကုလားတန်မြစ်ဘေးမှ နှုံးဘူးဗျူဟာကုန်းကို AA သိမ်းပိုက်

စစ်ကောင်စီဗျူဟာမှူး ကျဆုံးဟု‌ဆို ကုလားတန်မြစ်ကမ်းဘေးရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ညတွင် ထုတ်ပြန်လိုက်သည်။ နှုံးဘူးဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်တိုက်ခိုက်ပြီး ၂၇ ရက်ကြာ ယမန်နေ့ (ဒီဇင်ဘာ ၁၀) တွင် ဗျူဟာကုန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟု ဆိုပြီး “နှုံးဘူး” ဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။ ၎င်းတို့ဘက်တွင်လည်း “နှုံးဘူး ဗျူဟာကုန်း” စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာ၊ သွေး၊ ချွေးများစွာ ရင်းနှီးပေးဆပ်ရမှုရှိခဲ့သည်ဟု AA က ဆိုသည်။ ဒီဇင်ဘာလ

ကုလားတန်မြစ်ဘေးမှ နှုံးဘူးဗျူဟာကုန်းကို AA သိမ်းပိုက် Read More »

တရုတ်ကြားဝင်မှုဖြင့် ညီ​နောင်သုံးဖွဲ့နှင့်စစ်​ကောင်စီ ​ဆွေး​နွေး

​လောက်ကိုင်မြို့မှ စစ်​ကောင်စီတပ်နှင့် ဝန်ထမ်းများဖယ်​ပေးရန် သ​ဘောတူထား​ကြောင်းစုံစမ်းသိရ တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းညီ​နောင် မဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကယနေ့ သတင်းထုတ်ပြန်သည်။ သတင်းဌာနအချို့ကို စစ်​ကောင်စီကဒီဇင်ဘာလ ၁၁ရက်တွင် ၂ မိနစ်​ကျော်ကြာသည့် ​ဇော်မင်းထွန်း၏အသံဖိုင်​ပေးပို့၍ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ပွဲများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဆွေးနွေးခြင်းဟု ၎င်းက ဆိုသည်။ ဆွေးနွေးပွဲကို ကိုးကန့်တပ်မတော်( MNDAA)၊ တအာင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( TNLA) နှင့် ရက္ခိုင်တပ်တော်( AA )တို့နှင့်မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ဇော်မင်း‌ထွန်းကပြောသည်။ ဆွေးနွေးပွဲကို မည်သည့်နေ့၌ ပြုလုပ်သည်ကို ပြောပြမထားပေ။ သို့​သော် ​ဆွေး​နွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင်တရုတ်နိုင်ငံကူမင်းမြို့တွင် ပြုလုပ်ခဲ့​ကြောင်း စုံစမ်းသိရသည်။ ​တွေ့ဆုံ​ဆွေး​နွေး​ပွဲနှင့် ပတ်သပ်၍ ညီ​နောင်မဟာမိတ်သုံးဖွဲ့ထံ

တရုတ်ကြားဝင်မှုဖြင့် ညီ​နောင်သုံးဖွဲ့နှင့်စစ်​ကောင်စီ ​ဆွေး​နွေး Read More »

စစ်​ရေး နိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်နဲ့ ​မေးမြန်းခန်း

“ဒီလိုအပေးအယူလုပ်ကြတဲ့ကိစ္စဟာ နွေဦးတော်လှန်ရေးကို မထိခိုက်နိုင်တဲ့ သာမာန်ကိစ္စလေးတစ်ရပ်သာ ဖြစ်တယ်လို့ ပြည်သူလူထုက သဘောထားပြီး ကိုယ့်တာဝန်နဲ့ ကိုယ့်တိုက်ပွဲကို ဆက်လက်ပြီး မြဲမြဲမြံမြံ ဆက်လက်အကောင်အထည် သွား၊ မသွားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပေါ့” တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့ စစ်​ကောင်စီ ဝန်ထမ်း​တွေ ဒီက​နေ့ထွက်ခွာ​ပေးရမှာဖြစ်ပြီး စစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။ ဒီ​တွေ့ဆုံ​​ဆွေး​နွေးမှုအ​ပေါ် စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်​မေးမြန်းထားပါတယ်။ မေး – တရုတ်ရဲ့ကြားဝင်မှုနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးတယ်လို့ သတင်းကြားရပါတယ်။ ဒီအခြေအနေအပေါ် ဆရာ့အမြင်လေး သိချင်လို့ပါ။ ဘယ်လိုဆက်ဖြစ်နိုင်မလဲ။ ဖြေ – MNDAA

စစ်​ရေး နိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်နဲ့ ​မေးမြန်းခန်း Read More »

ဆောထိမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ စွန့်ခွာ ထွက်ပြေးသွားသော ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်း

ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာ ထွက်ပြေးသွားသော ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဆောထိမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်ခြေရင်း ရှေ့တန်း တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့​ပြီး ယင်းစခန်းနှင့် အပြန်အလှန်လုံခြုံရေးအရ အထောက်အကူယူထားသည့် ဝင်းကလုံး စစ်စခန်းမှာလည်း မလုံခြုံတော့သဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝင်းကလုံး စခန်း၌ တပ်စွဲထားသော ခမရ−၃၅၂ စစ်ကြောင်း တ မှာ စခန်းကို စွန့်ခွာ ထွက်ပြေးသွား​ကြောင်း သိရသည်။ ထို့နောက်

ဆောထိမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ စွန့်ခွာ ထွက်ပြေးသွားသော ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်း Read More »

ခမ်းပတ်မြို့ ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ်က မိဘမဲ့ကျောင်းကို စီးနင်း၊ ၃၆ ဦး ဖမ်းထား

တော်လှန်ရေးအင်အားစုများ တစ်လကျော်ကြာ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကို ပြန်လည်ရရှိနိုင်ရေး ထိုးစစ်ဆင်နေသော စစ်တပ်က မိဘမဲ့ကလေးကျောင်းကို ပစ်ခတ်စီးနင်းပြီး ကလေးနှင့် ဆရာ၊ ဆရာမအပါအဝင် ၃၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းမကြီးပေါ်ရှိ ထိုမြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြီး အင်အားရာဂဏန်းဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယမန်နေ့ (ဒီဇင်ဘာ ၁၀) တွင် အင်အား ၁၀၀ နီးပါးပါ စစ်ကြောင်းက ခမ်းပတ်မြို့ ရဲစခန်းနှင့် ရဲစခန်းကုန်းအနီးရှိ AG မိဘမဲ့ကလေးကျောင်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုသည်။ ကျန်စစ်ကြောင်းများ၏

ခမ်းပတ်မြို့ ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ်က မိဘမဲ့ကျောင်းကို စီးနင်း၊ ၃၆ ဦး ဖမ်းထား Read More »

“လောက်ကိုင်ကို အပီး နှုတ်ဆက်ကြပြီ”

ဒီသတင်းက အမှန် ဆိုရင် အဘတွေအတွက် အသက်အသေခံပြီး တိုက်သွားကြတဲ့ ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီးတွေက စပြီး အောက်ခြေ စစ်သားတွေ အထိက စွရူးတွေ ဖြစ်ကုန်ကြပြီပေါ့.. အက်ဂလိုလား. ဒရုန်းတွေဝယ်ပြီး ကြဲပေးဖို အော်နေရရှာတဲ့ လော်ဘီ ငဖားလေးတွေရဲ့ အဖြစ်ကရော ဘယ်ဘဝ ရောက်သွားပြီလဲ.. လုပ်ရက်လိုက်တာ အဘ ရယ်.. 😜 စစ်ပွဲ ဆိုတာ ဒါပါပဲ.. အရှုံးကြီး ရှုံးလာတဲ့သူက စေ့စပ်ညှိနှိုင်း ဆွေးနွေးဖို့ အရင်ဆုံး ကမ်းလှမ်းရပြီး အလျှော့ပေးကြရတာပါ.. မင်းအောင်လှိုင်က သူ့ထိုင်ခုံလေး ဖင်ပူအောင် ဆက်ထိုင်ချင်သေးတော့ အရှုံးပေးပြီး နယ်မြေဖဲ့ပေးဖို့ ကြံလာတဲ့ သဘော.. ဒါပေမယ့်.. အင်္ဂလိပ်တွေ မြန်မာပြည်ကို စစ်ပွဲ ဘယ်နှကြိမ် တိုက်ပြီး သိမ်းယူသွားလဲ သမိုင်းကို ကြေခဲ့မယ် ဆိုရင်..

“လောက်ကိုင်ကို အပီး နှုတ်ဆက်ကြပြီ” Read More »

မြို့နယ် ၅ခုရှိ စစ်ကောင်စီတပ်စခန်းများ ယနေ့တိုက်ခိုက်ရာ စခန်းသုံးခုသိမ်းနိုင်ဟု TNLA အသိပေး

နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ရိက္ခာ၊ ခဲယမ်းများပို့ဆောင်ဟုဆို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံနှင့် လားရှိုးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့(ဒီဇင်ဘာ ၁၁ရက်)တွင် တိုက်ခိုက်ခဲ့ရာ နမ့်ဆန်နှင့် လားရှိုးရှိ စစ်ကောင်စီစခန်း သုံးခုကို သိမ်းနိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။ PSLF/TNLA ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေး၏ ဒီဇင်ဘာ ၁၁ရက် တိုက်ပွဲသတင်းအချုပ်ကို ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။ နမ့်ဆန်မြို့နယ် စစ်ကောင်စီ ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း)နှင့် နမ့်ဆန်ရဲစခန်း၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတို့ကို ယနေ့မနက်တွင် ရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။ မူဆယ်မြို့နယ် စစ်ကောင်စီ၏ (၁၀၅)မိုင်တပ်စခန်းကိုလည်း ယနေ့နံနက်တွင် MNDAA/AA/TNLA ညီနောင်သုံးဖွဲ့ပေါင်းပြီး ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ ထို့ပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့ ညနေပိုင်း၌

မြို့နယ် ၅ခုရှိ စစ်ကောင်စီတပ်စခန်းများ ယနေ့တိုက်ခိုက်ရာ စခန်းသုံးခုသိမ်းနိုင်ဟု TNLA အသိပေး Read More »

Scroll to Top