News

တရုတ်ကြားဝင်မှုဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးခဲ့ဟု စစ်ကောင်စီသတင်းထုတ်ပြန်

စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းကြရန် တွေ့ဆုံခြင်းဟု စစ်ကောင်စီဆို ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားလိုက်သည်။ တရုတ်အစိုးရ၏အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲက ရှမ်းမြောက်စစ်ပွဲကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ဆွေးနွေးပွဲတိုးတက်မှုအပေါ် မူတည်ပြီး ဒီဇင်ဘာလကုန်တွင် နောက်တစ်ကြိမ်တွေ့ဆုံမည်ဟုလည်း ၎င်းက ဆိုသည်။ ဆွေးနွေးပွဲတွင် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ တက်ရောက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ နေရာနှင့် အချိန်အပါအဝင် အသေးစိတ်အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်းမရှိပါ။ အထက်ပါ အကြောင်းအရာများကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက […]

တရုတ်ကြားဝင်မှုဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးခဲ့ဟု စစ်ကောင်စီသတင်းထုတ်ပြန် Read More »

လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင် အိမ်ရာအနီး ရုံးရှေ့ မှတ်တိုင်ရှိ ကြံ့ဖွတ်ပါတီ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံးကို DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစု တို့က ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုံးခန်းတွင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ် အသွင်ယူများ အမြဲစုစည်း တွေ့ဆုံ ရုံးထိုင်ရာ စားကျက်နေရာဖြစ်ပြီး အပစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အစဉ်တစိုက် အန္တရာယ်ပေးခဲ့သည့် သူများ စုဝေးရှိနေသောကြာင့်

လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက် Read More »

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်းကို AA က တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် စစ်မေတွေပါ ကင်းစောင့်ခိုင်းနေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်- AA က ဒီဇင်ဘာလ ဒုတိယအပတ်မှာ တိုက်ခိုက်သွားမယ်လို့ သတင်းထွက်ပေါ်ပြီးနောက် တပ်မိသားစုဝင်တွေကိုပါ တပ်ရင်းမှူးက နေ့ညအလှည့်ကျ ကင်းစောင့်ခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။ အခုလို သတင်းထွက်လာပြီး တပ်ထဲမှာရှိတဲ့ တပ်မိသားစုဝင်တွေ တပ်အပြင် ထွက်တာတွေ တပ်တွင်း ဆွေမျိုးအလည်လာတာတွေကို တပ်ရင်းမှူးက ပိတ်ပင်ထားပြီး ရက်တိုအခြေခံ တတ်မြောက်ထားတဲ့ စစ်မေတွေကို နေ့ညအလှည့်ကျနဲ့ ၎င်းတို့နေတဲ့ တပ်လိုင်းခန်းအနီးရှိ ကတုတ်ကျင်းတွေမှာ လက်နက်၊ ယူနီဖောင်း အပြည့်အစုံနဲ့ ကင်းစောင့်နေရတယ်လို့ တပ်ထဲရှိ စစ်မေတစ်ဦးကပြောပါတယ်။ “တပ်ပြင်ထွက်ခွင့် မပေးတာက ပလက်ဝမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ တိုက်ပွဲ ဖြစ်ကတည်းပါ။ မဖြစ်မနေ တပ်ပြင် ထွက်ရမယ်ဆိုရင် တပ်ရင်းဗိုလ်ကြီးနဲ့ တာဝန်မှူး လက်မှတ် ယူရတယ်။

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်းကို AA က တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် စစ်မေတွေပါ ကင်းစောင့်ခိုင်းနေ Read More »

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးကွက်သစ်ကို အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်လို့လူသိများသူ ဦးအောင်သန်း ကို ဒီဇင်ဘာ ၁၀ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ ရှင်းလင်းခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲ့ဆီက သိရပါတယ်။ ရှင်းလင်းခံရသူမှာ အသက် ၄၈ ရှိပြီဖြစ်ကာ သူ့ကို မြို့သစ်မြို့နယ်၊ ကွင်းကြီးဘက်မှာ ဖမ်းဆီးမိပြီး ဓါးနဲ့ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ “သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်” လို့ ဂဠုန်တပ် နတ်မောက် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင် က ပြောပါတယ်။ ဦးသန်းအောင်ဟာ နတ်မောက်မြို့နယ်

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ Read More »

ပခုက္ကူတွင် မိုင်းရှင်းရန်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲပြီး ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ နွားထိုးကြီးတွင် စစ်ဆေးမှုမခံဘဲ ထွက်ပြေးသွားသည့် ဒုရဲအုပ် ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – မြိုင်လမ်းပေါ်တွင် မိုင်းရှင်းရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲ၊ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မိုင်းရှင်းရန် ထွက်လာ လာသော Jummer ကားတစ်စီးနှင့် စစ်ကားတစ်စီးကို ပခုက္ကူ -မြိုင်လမ်းမပေါ်၌ မိုင်းပွိုင့် ၄ ကြိမ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး

ပခုက္ကူတွင် မိုင်းရှင်းရန်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲပြီး ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ နွားထိုးကြီးတွင် စစ်ဆေးမှုမခံဘဲ ထွက်ပြေးသွားသည့် ဒုရဲအုပ် ၁ ဦးကို ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံး Read More »

နောက်တစ်လိုင်းထပ်လာမယ်လို့ ပြောကြားလိုက်တဲ့ KNDF ဒုစစ်ဦးစီးချုပ် မာဝီ (ရုပ်/သံ)

မနက်ဖြန် ၁၂၁၂ စစ်ဆင်ရေးနောက်ထပ်လှိုင်းတစ်ခုကြေငြာထားချိန်နဲ့ တိုက်ဆိုင်ပြီး အကြမ်းဖက်စစ်တပ်က တရုပ်နိုင်ငံစီစဥ်ပေးမှုအရ မြောက်မဟာမိတ်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးကြောင်းသတင်းထုတ်ပြန်လာတယ်. ဒီသတင်းကိုမြောက်မဟာမိတ်တွေဖက်က အတည်မပြုသေးပါ. သို့သော် တော်လှန်ရေးကို အဆုံးထိသွားဘို့အားလုံးကဆုံးဖြတ်ထားပြီးဖြစ်တယ်.

နောက်တစ်လိုင်းထပ်လာမယ်လို့ ပြောကြားလိုက်တဲ့ KNDF ဒုစစ်ဦးစီးချုပ် မာဝီ (ရုပ်/သံ) Read More »

ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟဟာမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကနီမြို့မှ အလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ရန် အင်အား ၈၀ ခန့်၊ လှည်း ၂ စီးပါ စစ်ကြောင်းကို ကနီမြို့နှင့် ရေလယ်ကျွန်းပျူရွာကြားရှိ‌ ချောင်းရိုးထဲ၌ မီတာ ၂၀၀ အကွာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့သို့ တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာလာစဉ် နောက်မှလိုက်လာသည့် အကြမ်းဖက်စစ်သားများကို တိုက်မိုင်းအကြီး

ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး Read More »

မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တလုပ်မြို့ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့ ထံမှ သိရသည်။ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြင်း​ခြံမြို့အမှတ် (၂)ရဲစခန်း၊ မြင်းခြံမြို့အကျဥ်းထောင် ဝန်ထမ်းအိမ်ရာနှင့် အမှတ် ၆ ပျူစောထီး ကျော်ဦး နေအိမ်တို့ကို Shar Htoo Waw နည်းပညာ ဒရုန်း ၄ စီးဖြင့် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ် ပူးပေါင်းအဖွဲ့မှ ဗုံးကျဲ

မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တလုပ်မြို့ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် Read More »

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့မှာ လောင်စာဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာနေပြီး ၂ မိုင်နီးပါးခန့်ကို တန်းစီ စောင့်ဆိုင်းဝယ်ယူနေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြည်မြို့နယ်မှာ လောင်စာဆီပြတ်လပ်မှုက တရက်ပြီးတရက်ပိုဆိုးလာနေပြီး ဆီကုန်တဲ့ဆိုင် များနေလို့ ဝယ်ရတဲ့ဆိုင်တွေမှာ တိုးဝှေ့တန်းစီနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်” လို့ မြို့ခံတဦးကပြောပါတယ်။ ဒီဇင်ဘာလဆန်းကတည်းက ဆီပြတ်လပ်မှု တကျော့ပြန်လာတာဖြစ်ပြီး ယမန့်နေ့ ဒီဇင်ဘာ ၁၀ ရက်က တိုးဝှေ့ဝယ်ယူနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဒီနေ့မနက်လည်း ဆီတိုးနေကြတာ မိုးတောင်မလင်းသေးဘူး လမ်းတွေလည်းပိတ်တယ်။ ဆိုင်တော်တော်များများက ဝယ်မရတော့ ရတဲ့နေရာကိုပြုံတိုးနေကြတာ၊ တချို့ဆို တနေကုန်တယ်၊ အိမ်ကလူတယောက်က အချိန်ပေးပြီးတော့ကို

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား Read More »

နမ့်ဆန်မြို့နယ်၊ ရဲစခန်း ၊ ကဒိုင်းဖူးတောင်စစ်စခန်း ၊ လွယ်ဆိုင်တပ်စခန်း နှင့် လားရှိုး အီနိုင်ကျေးရွာ စစ်တပ်စခန်း စုစုပေါင်း စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်နှင့် လားရှိုး မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် ရဲစခန်း အပါအဝင် စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PSLFTNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကဒိုင်းဖူးတောင်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းတိုက်ပွဲ အတွင်းမှ ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများ အပါအဝင်၊ လက်နက် ၁၉ လက် ၊ ကျည်မျိုးစုံနှင့် စစ်သုံးဆောင်

နမ့်ဆန်မြို့နယ်၊ ရဲစခန်း ၊ ကဒိုင်းဖူးတောင်စစ်စခန်း ၊ လွယ်ဆိုင်တပ်စခန်း နှင့် လားရှိုး အီနိုင်ကျေးရွာ စစ်တပ်စခန်း စုစုပေါင်း စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ Read More »

Scroll to Top