News

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင် ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာနည်းလမ်းဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ၄၄ ရက်မြောက်နေ့ကို ရောက်လာသည့် တိုင်အောင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်ဆင်ရေးကို တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ကာလသည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေခြင်းပင်ဖြစ်ကြောင်း သိရသည်။ စစ်ဆင်ရေး ဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ […]

၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း Read More »

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်သတင်းပေး ၆ ဦးဖမ်းမိပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က တမူးမြို့နယ် အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့များ၏ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်မှ ထောက်လှမ်းရေးသို့မဟုတ် စစ်တပ်အတွက် သတင်းပေး သူဟု ယူဆရသော ၆ ဦးကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ ယင်းအကြမ်းဖက်စစ်တပ်စန်ကို ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ကူကီးအမျိုးသားတပ်မတော်

တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး Read More »

ကနဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်

တမူးခရိုင်မြောက်ပိုင်း၊ ဟုမ္မလင်းအနီးရှိ အောင်ဇေယျရန်သူ့တပ်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်မှ စတင်၍ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်း၊ တမူးခရိုင်မြောက်ပိုင်း၊ ဟုမ္မလင်းအနီးရှိ အောင်ဇေယျ ရန်သူ့တပ်စခန်းကုန်းကို ယနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ကနဦးအသိပေးထုတ်ပြန်အပ်ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ကနဦးတိုက်ပွဲသတင်းထုတ်ပြန်ချက် Read More »

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို KNDF ဦးဆောင်သော တော်လှန်ရေးတပ်က သိမ်းပိုက်လိုက်ကြောင်း Progressive Karenni People Force – PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်သည်။ “မနေ့ညက သိမ်းတာပါ။ လေယာဉ်တွေနဲ့ တောက်လျှောက် ဗုံးကျဲနေလို့ အခုငြိမ်သွားမှ သတင်းထုတ်ပြန်ကြတာ” ဟု ကရင်နီတော်လှန်ရေးတပ်နှင့် အတူရှိနေသော သတင်းရင်းမြစ်ကပြောဆိုသည်။ ပြည်နယ်ရဲစခန်းသိမ်းပိုက်ရရှိမှုတွင် လက်နက်ခဲယမ်းတချို့၊ ရဲဆိုင်ကယ်၊ ရဲကားများနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ ပါ သိမ်းဆည်းရရှိကြောင်း သိရှိရပြီး တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက် Read More »

ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး

မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီး စေတီဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံ စေတီတော်ကြီး၏အတွက် လှူဒါန်းထားသော အလှူငွေနှင့် ဝင်ကြေးများမှ ရရှိသော အမေရိကန်ဒေါ်လာများကို အပ်ငွေအဖြစ် စစ်ကောင်စီဘဏ်များတွင် အပ်နှံထားရာ ယင်းငွေများကို စစ်ကောင်စီက သိမ်းယူလိုက်ကြောင်း သိရှိရသည်။ ရွှေတိဂုံစေတီတော်၏ အမေရိကန်ဒေါ်လာ အပ်ငွေများကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီက တန်ဖိုးဖြတ် သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည် ထုတ်ပေးကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူခံရရှိငွေများကို ယခင်ကတည်းက နိုင်ငံပိုင်ဘဏ်များတွင်အပ်နှံခြင်း၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံပိုင်ဘဏ်များသည် စစ်ကောင် စီလက်အောက်သို့ ရောက်ရှိသွားပြီး ရွှေတိဂုံစေတီ ဂေါပကအဖွဲ့မှာလည်း စစ်ကောင်စီက စိတ်ကြိုက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်လာကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးတွင် အလှူငွေများအဖြစ်လည်းကောင်း၊

ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး Read More »

မုန်းတိုက်ပွဲ လက်နက်ချသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သား၏သား PDF ရဲဘော်က ကြိုဆိုပြီး စစ်အာဏာရှင်စနစ်မကြိုက် တော်လှန်နေကြောင်းရှင်းပြ

“ခင်ဗျားတို့ကိုမသတ်ဘူး။ စနစ်ကိုပြောင်းဖို့ အတွက် တော်လှန်နေတာ ။ ခင်ဗျားတို့ကို မုန်းလို့ ကျနော်တို့က စစ်တိုက်နေတာမဟုတ်ဘူး၊ တော်လှန်နေတာမဟုတ်ဘူး။ ဘာမှ စိတ်မပူနဲ့”-PDF ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် PDF ရဲဘော်များက ဖြောင့်ဖြပြောဆိုမှုနှင့် လက်နက်ချ အလင်းဝင်လာသူများအား အသက်အာမခံချက်ပေးကြောင်းရှင်းပြသည့် ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မုန်းမြို့ အခြေစိုက် ခမရ(၅၉၀) ၊ခမရ(၅၉၉) နှင့် မုန်းရဲစခန်းအပါအဝင် မုန်းမြို့ရှိ စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၂ရက်ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ချ အညံ့ခံသူစစ်ကောင်စီတပ်သား ၂၁ဦးရှိခဲ့သည်။ စစ်ကောင်စီတပ်သားများ လက်နက်ချရန် PDF ရဲဘော်များက ပြောကြားသည့် ရုပ်သံတွင် “လာလာ ညီအကိုတို့” ၊ “ငါတို့ မင်းတို့ကို

မုန်းတိုက်ပွဲ လက်နက်ချသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သား၏သား PDF ရဲဘော်က ကြိုဆိုပြီး စစ်အာဏာရှင်စနစ်မကြိုက် တော်လှန်နေကြောင်းရှင်းပြ Read More »

အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင်

အိန္ဒိယ နိုင်ငံ ၊နယူးဒေလီမြို့က နာမည်ကျော် Apollo ဆေးရုံမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် အစားထိုးကုသမှုများ ပြုလုပ်နေကြောင်း ဗြိတိန်အခြေစိုက် Telegraph သတင်းဌာန က စုံစမ်းရေး သားထုတ်ဖော်ခဲပါတယ်။ အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆေးရုံ လုပ်ငန်းစုတွေထဲက တစ်ခုဖြစ်တဲ့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးလဲလှယ်ဖို့ အတွက် မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါး သူတွေကိုချဉ်းကပ်ပြီး တရားမဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူ၊ရောင်းချပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Telegraph က စုံစမ်းထုတ်ဖော်ရေးသားခဲ့ပါတယ်။ အဓိက အားဖြင့်တော့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ မြန်မာ နိုင်ငံက ငွေကြေးတတ်နိုင်သူတွေ နဲ့ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးသူတွေ ထံချဉ်းကပ်ကာ ကျောက်ကပ် ရောင်းချပေးဖို့

အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင် Read More »

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ မီးရှို့ဖျက်ဆီးလိုက်သဖြင့် တစ်စျေးလုံး ပြာကျပျက်စီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့ဖျက်ဆီးလိုက်သဖြင့် တစ်စျေးလုံး ပြာကျပျက်စီးသွားကြောင်း KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက အတည်ပြုပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစ၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးကြီးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့နေခြင်းဖြစ်ပြီး ဈေးတစ်လုံးနီးပါး ပြာကျသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာ ရုံ၊ ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။ “အခု KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့ထဲမှာရောက်ပြီလေ၊ မြို့ထဲရောက်လာတာတော့ ကြာပါပြီ၊ ဒါပေမယ့် ရပ်ကွက်တွေ၊ ဘာတွေထဲ တိုးဝင်လာတဲ့အခါကျတော့ မနေ့ကလည်း တနေ ကုန်၊ ၁

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ မီးရှို့ဖျက်ဆီးလိုက်သဖြင့် တစ်စျေးလုံး ပြာကျပျက်စီး Read More »

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းများ ပြည်သူ့ဘက် ခိုလှုံ ပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေး

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်ခိုလှုံပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေးချက် ယနေ့ ထုတ်ပြန်သည်။ မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အဓမ္မ စစ်အာဏာသိမ်းယူခြင်းကြောင့် နိုင်ငံတစ်ဝှမ်းလုံးမှ ပြည်သူများက လက်မခံဘဲ ဆန့်ကျင်ခဲ့ကြကြောင်း၊ အဆိုပါ ပြည်သူလူထု၏ အာဏာဖီဆန် လှုပ်ရှားမှုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အတိအလင်း ထောက်ခံ အားပေးကူညီလျက်ရှိပြီး အဆိုပါ အဓမ္မ အာဏာသိမ်းယူမှုကြောင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ရပ်ဆိုင်း နိဂုံးချုပ်ခဲ့ပြီး ဖြစ်ကြောင်း KNU တပ်မဟာ ၁ သထုံခရိုင်က ပြောဆိုသည်။ အာဏာသိမ်းစစ်ကောင်စီ၏

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရပ်ဆိုင်းပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းများ ပြည်သူ့ဘက် ခိုလှုံ ပူးပေါင်းကြရန် KNU တပ်မဟာ ၁ သထုံခရိုင်က သတိပေး Read More »

စက်သုံးဆီဈေးနှုန်းကို ဆက်လက်ချုပ်ကိုင်ထားဆဲ

စစ်ကောင်စီက နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက် ပယ်ဖျက်ထားသော်လည်း စက်သုံးဆီ ဈေးနှုန်းကိုဆက်လက် ချုပ်ကိုင်ထား၍ လုံလောက်စွာဝယ်ယူနိုင်မည်မဟုတ် စစ်ကောင်စီက ဗဟိုဘဏ်သတ်မှတ်ချက် နိုင်ငံခြားငွေလဲနှုန်းထားပယ်ဖျက်လိုက်ပြီး ပြင်ပသွင်း ကုန်စက်သုံးဆီဈေးပေါ်တွင် ဈေးနှုန်းချုပ်ကိုင်ထားဆဲဖြစ်၍ စက်သုံးဆီ လိုအပ်သူများအနေဖြင့် လုံလောက်စွာ ဝယ်ယူနိုင်မည်မဟုတ်ကြောင်း သိရသည်။ စက်သုံးဆီဈေးကို စစ်ကောင်စီ၏ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေရပြီး ပြင်ပ ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်၍ ရောင်းချမည်ဆိုပါက ယခုထက် ဈေးတက်နိုင်ကြောင်း စက်သုံးဆီလုပ်ငန်းနှင့် ဆက်စပ်နေသူများထံက သိရသည်။ စစ်ကောင်စီ၏ သက်မှတ်ဈေးနှုန်းဖြင့်ဆိုပါက ဆီကုန်သည်များ ရောင်းချ ပေးသလောက်သာ အကန့်အသတ်ဖြင့် ဝယ်ယူသုံးစွဲရမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းနှင့် ဆက်စပ်သူများက ဆိုသည်။ “စစ်ကောင်စီက ငွေကြေးဈေးပဲဖျက်လိုက်တာ။ သူနဲ့ချိတ်နေတဲ့ အခုဖြစ်နေတဲ့ စက်သုံးဆီကျတော့ သူတို့သတ်မှတ်ဈေးနဲ့ရောင်းရမယ်။ အဲဒီမှာကုန်သည်တွေ အတွက် မကိုက်တော့ဘူး။ ဈေးတင်ရောင်းရင်လည်း အဖမ်းခံရနိုင်တယ်။ ပြင်ပ ပေါက်ဈေး

စက်သုံးဆီဈေးနှုန်းကို ဆက်လက်ချုပ်ကိုင်ထားဆဲ Read More »

Scroll to Top