News

တာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ကုမ္ပဏီလုံခြုံရေးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်ရွှေထွဋ်တင်ဝင်း၊ Hexagon Complex တွင် ဂီတဖျော်ဖြေပွဲ ကျင်းပရန် ပြုလုပ်နေစဥ် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်အချိန် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း Shwe Htut Tin Compound(Outdoor Area) Hexagon Complex တွင် ပြုလုပ်သော Waterzonic ပွဲကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုပွဲကို စစ်တပ် ဒေါက်တိုင် ခေတ်ပျက်သူဌေးများက ဦးဆောင် ကျင်းပပြီး လူငယ်များအားမူးယစ်ဆေးဝါးရောင်းချခြင်းဖြစ်ကြောင်း၊ […]

တာမွေမြို့နယ်၊ ရွှေထွဋ်တင်ဝင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ကုမ္ပဏီလုံခြုံရေးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရ Read More »

ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး လူတင်ယာဉ်တစ်စီးနှင့်အတူ ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၅ ရက်နေ့က ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဆရာဝန် ဦးနေဇာအောင်သည် ကနီမြို့နယ် ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီးနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ – ADPRA ထံအလင်းဝင်ရောက်ခဲ့ပြီး ၎င်းကို နွေးထွေးစွာကြိုဆိုကာ ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ “ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ဌက်ဖျားဌာနက PS အဆင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဦးနေဇာအောင် ပေါ့၊ သူက ကနီမြို့နယ်ပြည်သူ့ဆေးရုံဆိုတဲ့ Ambulance ကားကိုယူပြီးတော့ ကျနော်တို့ ယင်းမာပင် ခရိုင်တပ်ရင်း

ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင် Read More »

”အချိန်လွန်သွားမှ ရလိုက်တဲ့နောင်တ”

အလင်းဝင်ဖို့ အချိန်မှီ ချိတ်ဆက်ကြဖို့ လိုပါတယ်။ ဒီဖြစ်ရပ်ဟာ အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ တပ်မတော်ကကျွေးမွေးထားတယ်ဆိုတဲ့ မဟုတ်မမှန်ဂျင်းတွေကို မယုံဖို့လိုတယ်။ ပြည်သူကိုပဲ သစ္စာရှိကြပါ။ HtetMyat (CDM)

”အချိန်လွန်သွားမှ ရလိုက်တဲ့နောင်တ” Read More »

ပဲခူးရိုးထဲက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်လို့ စစ်အုပ်စု ၃ ဦးသေပြီး ကျည်ဆံအချို့ရရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ် စမ်းဘုတ်ရွာထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။ ဝါးချွန်တွေအသုံးပြုကာရံထာပြီး အင်အား ၁၅ ဦးခန့်ရှိတဲ့ အဲ့ဒီစစ်ကောင်စီဂိတ်စခန်းကို ဒီဇင်ဘာ ၈ ရက် မနေ့ည ၈ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရဲတပ်သား ကောင်းမိုးထက်အပါ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ ပြောပါတယ်။ “ ဂိတ်စခန်းနားက သူတို့(စစ်အုပ်စု)က တုတ်ကျင်းတွေထဲ ဝင်ပစ်ခဲ့တာပါ။ တကောင်ကိုတော့ သူတို့ ချက်ချင်းပြန်ဆွဲသွားတယ်“လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက မြေလတ်အသံကို ပြောပါတယ်။ နှစ်ဘက်ပြန်လှန်ပစ်ခတ်မှု အချိန် ၁ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကွင်းမြို့ဘက်ကနေ

ပဲခူးရိုးထဲက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်လို့ စစ်အုပ်စု ၃ ဦးသေပြီး ကျည်ဆံအချို့ရရှိ Read More »

စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ်

စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ် ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွား မယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းကစတင်ပြီး စစ်တောင်းမြစ်အရှေ့၊ အနောက်ဒေသအားလုံးရှိ မြို့နယ်တွေကို စစ်ဆင်ရေးတိုးမြှင့် လုပ်ဆောင်မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေသူတွေအားလုံးကို ပြည်သူ့ဘက်ကို ရပ်တည်ပူးပေါင်းကြဖို့လိုတယ်လို့ ဆိုပါတယ်။ “စစ်ဆင်ရေးမြှင့်မယ်ဆိုတာ ပြည်သူတွေသိအောင် တရားဝင်အသိပေးထုတ်ပြန်တာဖြစ်တယ်။ စစ်ဆင်ရေးမြှင့်မယ်ဆိုတဲ့ နေရာမှာလည်း ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်မှာပါ။ ပြည်သူတွေအနေနဲ့က လိုအပ်တာပြင်ဆင်လို့ရအောင်ပါ”လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။ စစ်တောင်းမြစ်ဝှမ်းတခုလုံးဆိုတဲ့နေရာမှာ ကျောက်ကြီး၊ ညောင်လေးပင်၊ ဝေါ၊ ရွှေကျင်၊ မုန်း အပါအဝင် စစ်တောင်းမြစ်နဲ့ထိစပ်နေတဲ့ နေရာအားလုံး အကျုံးဝင်တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ် Read More »

မုံရွာတွင် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ဟောင်းတစ်ဦးပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ်အတွက် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦးအား ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က မုံရွာမြို့ အမတ(၅၀၈)အမြှောက်တပ်ရင်းမှ တပ်ကြပ်ကြီးဟောင်း တင်ဝင်းဆိုသူ မောင်းနှင်လာသော ခွေးဘီလူး ရိက္ခာသယ်ယာဥ်အား PDF ရဲဘော်များက တားဆီးစစ်ဆေးခဲ့ကြောင်း ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် Black Falcon Guerrilla Forces အဖွဲ့က ထုတ်ပြန်သည်။ အဆိုပါယာဥ်အား လက်နက်များနှင့်ချိန်ရွယ်၍ တားဆီးပြီး ကားမောင်းသူ တပ်ကြပ်ကြီးဟောင်းအား ဆင်းခိုင်းခဲ့သည်။ ထို့နောက် ရဲဘော်တစ်ဦးက”ကျွန်တော်တို့တောင်းပန်ပါတယ်ဗျာ။ ဦးလေးရယ် လိုက်ပေးပါ။ တက်ပါ။ ခင်ဗျား မသတ်စေရဘူး။ လုံးဝ မသတ်ဘူး။ ကျွန်တော်တို့ PDF တွေပါ။”ဟု ပြောသည်။ ထို့အပြင် အခြားရဲဘော်များကပါ သတ်မည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်ကို

မုံရွာတွင် ရိက္ခာဝယ်ပြန်လာသော တပ်ကြပ်ဟောင်းတစ်ဦးပစ်သတ်ခံရပြီး အတူပါ စစ်သမီးနှစ်ဦး ဖမ်းဆီးခံရ Read More »

ပြင်ပစျေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာ ၇၀၀၀ ကျပ်အထိ စျေးတက်လာ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စက်သုံးဆီဆိုင်များတွင် နံနက်ပိုင်းနှင့် ညပိုင်း ခဏတာသာ ဆီဝယ်လို့ရပြီး ဆီအကုန်မြန်နေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီရောင်းချသည့် အချိန်သည် နာရီပိုင်းသာကြာမြင့်ပြီး ဆီအကုန်မြန်သဖြင့် အချိန်များ ခွဲ၍ ရောင်းချနေကြောင်း ဆီဝယ်ယူကြသည့် ကားပိုင်ရှင်နှင့် မော်တော်ဆိုင်ကယ်ပိုင်ရှင်များက ပြောဆိုကြသည်။ “ကျနော်တို့ဆို မနက် ၄ နာရီလောက်မှာ တန်းစီတယ်။ တချို့လူတွေက လမ်းပေါ်မှာ ကားထားခဲ့တယ်။ ကားမှန်မှာ ဖုန်းနံပါတ်လေးတွေ ရေးထားပြီး ကားကို ဆီဆိုင်ရှေ့တန်းစီပြီး ရပ်ခဲ့တာ။ အဲဒါ မနက် ၅ ခွဲလောက်ဆို ဆိုင်တွေက စရောင်းတယ်။ မနက် ၉ ခွဲ ၊ ၁၀ နာရီလောက်ဆိုရင် ဆီကုန်သွားပြီ။ ညနေမှ ပြန်ပေးမယ်ဆိုပြီး ဆိုင်းဘုတ်ထောင်တယ်။ ဆိုင်းဘုတ်မှာကတော့

ပြင်ပစျေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာ ၇၀၀၀ ကျပ်အထိ စျေးတက်လာ Read More »

တာမွေတွင် ဆန္ဒပြလူငယ် ၄ ဦးကို ဗုံးထောင်သည်ဟုဆိုကာ ဖမ်းဆီးရမိဟု စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်၊ လူငယ် ၂ ဦး သေဆုံးဟု စစ်လော်ဘီများက ပြောဆိုထား

တာမွေတွင် ဆန္ဒပြလူငယ် ၄ ဦးကို ဗုံးထောင်သည်ဟုဆိုကာ ဖမ်းဆီးရမိဟု စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်၊ လူငယ် ၂ ဦး သေဆုံးဟု စစ်လော်ဘီများက ပြောဆိုထား ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဗုံးထောင်သည်ဟုဆိုကာ ဆန္ဒပြ လူငယ် ၄ ဦးကို ဖမ်းဆီးရရှိကြောင်း စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်ပြီး စစ်လော်ဘီများက ဆန္ဒပြလူငယ် ၂ ဦး သေဆုံးသည်ဟု တယ်လီဂရန်ချန်နယ်များမှတစ်ဆင့် ရေးသားဖော်ပြနေကြသည်။ “မနေ့က တာမွေမြိုနယ်ဘက်မှာ အများပြည်သူသွားလာနေတဲ့လမ်းကို တာယာကွင်းချပြီး အဓိပ္ပာယ်မဲ့ မီးထရှိတယ်။ အနီးနားက တာမွေရဲစခန်းကို ရီမုဒ်လက်လုပ်ဗုံးနဲ့ ဖောက်ခွဲဖိုကြိုးစားတဲ့ PDF ခွေး ၄ကောင်ကတော့ ရန်ကုန်ရွှေဘက ကြိုတင်သတင်းရလို အသွင်ယူပြီး စောင့်ဗြင်းပေးလိုက်တာ ပြန်ခုခံတဲ့ ၂ကောင်ကတော့ ဆန့်ငင် ဆန့်ငင်ဖြစ်သွားတယ်။ ကျန်

တာမွေတွင် ဆန္ဒပြလူငယ် ၄ ဦးကို ဗုံးထောင်သည်ဟုဆိုကာ ဖမ်းဆီးရမိဟု စစ်တပ်ဘက်က လိမ်လည် သတင်းထုတ်ပြန်၊ လူငယ် ၂ ဦး သေဆုံးဟု စစ်လော်ဘီများက ပြောဆိုထား Read More »

တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ

ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသမှ စစ်တပ် အကြွင်းအကျန်တပ်ဖွဲ့ဝင်များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိကြောင်း၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ ကိုးကန့်တုန်ရှမ်းဒေသ တာရင်တောင်နှင့် လောက်ရှုကုတ်နေရာတကြော

တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ Read More »

မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်၊ စမ်းဘုတ်ကျေးရွာထိပ်ရှိအကြမ်းဖက် စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ည ၈ နာရီခန့်က မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ကျေး ရွာထိပ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးဖြင့် အခိုင်အမာ တပ်စွဲထားသော စစ်ကောင်စီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ကောင်းမိုးထက် နှင့် အကြမ်းဖက်စစ်သား ၂ ဦး စုစုပေါင်း ၃ ဦးပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “စခန်းက မသိမ်းနိုင်ခဲ့ဘူး၊ စခန်းထဲအထိတော့‌ ရောက်ခဲ့တယ်၊ စခန်းထဲက စစ်ခွေး ၂

မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး Read More »

Scroll to Top