“တာမွေ” သွေ။းစွန်းရပြန်ပီ💔🥀
တာမွေမှာ ဆန္ဒပြလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ နှစ်ဦးသေဆုံး ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းထိပ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြလူငယ် နှစ်ဦးသေဆုံးပြီး ဆန္ဒပြအဖွဲ့ဝင်လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြ သပိတ်အင်အားစုတွေက ပြောပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးနှုန်းမြင့်တက်တာ၊ လောင်စာဆီလုံလောက်မှုမရှိဘဲ ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ကားလမ်းတွေပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “နှစ်ယောက်ကျဆုံးပါတယ်။ ရန်သူက ရန်သူလိုပဲ ဆက်ဆံတာပါ။ ယူနီဖောင်းတောင် မဝတ်ရဲဘဲ အရပ်ဝတ်နဲ့ ဖမ်းဆီးပစ်သတ်တယ်ဆိုထဲက သူတို့ရဲ့လုပ်ရပ်ကိုသာ စဉ်းစားကြည့်ပါ” သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ […]
“တာမွေ” သွေ။းစွန်းရပြန်ပီ💔🥀 Read More »