ရွှေပြည်အေးမြို့ကို PDF များတိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)
တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ထားသောမြို့ ၁၂ မြို့ ရှိလာ စစ်ကိုင်းတိုင်းအတွင်း တတိယမြောက်မြို့ အဖြစ် ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ကာသိမ်းပိုက်ပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ညတွင်ထုတ်ပြန်လိုက်သည်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကနိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၂) ရက်၊ ညနေ (၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။သို့သော်မြို့ကို PDF များသိမ်းပိုက်ပြီး တစ်ပါတ်အကြာတွင်မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ခန္တီးခရိုင် အမှတ် (၂ )တပ်ရင်း ဖြစ်သောဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံသတင်းထုတ်ပြန်ရာတွင် နိုဝင်ဘာ ၂၁ ရက်တွင်စတင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်၏ နောက်ဆုံးစခန်းကုန်းကို တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ပြေးကြသောနေ့မှာ ၂၃ ရက်နေ့ဟု ရုပ်သံမှတ်တမ်းတွင်ပြောထားသည်။ နောက်ဆုံးစခန်းကုန်းတိုက်ခိုက်နေမှုနှင့် အမိန့်ပေးမှုနှင့် ပူးပေါင်းထိုးစစ်ဆင်နေမှု အစိတ်အပိုင်းအချို့ကို ရုပ်သံဖိုင်တွင်တွေ့ရသည်။ […]
ရွှေပြည်အေးမြို့ကို PDF များတိုက်ခိုက်သိမ်းပိုက် (ရုပ်သံ) Read More »