News

စစ်ကိုင်းမြို့ပေါ်ထိ ရောက်လာပြီ (ရုပ်သံ)

စစ်ကိုင်းမြို့ စစ်ကောင်စီဌာနဆိုင်ရာများ စည်းဝေးခန်းမကို မီးရှို့ဖောက်ခွဲ ဖျက်ဆီး စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဝန်း အလယ်ခေါင်ရှိ စစ်ကောင်စီဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်ရာခန်းမကို မီးရှို့ပြီး မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ယနေ့ နိုဝင်ဘာလ ၂၄ရက် တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်သည်။ ခရိုင်စိုက်ပျိုးရေးရုံးနှင့် ၎င်းရုံးအလယ်ခေါင်တွင်ရှိသော ဇေယျာခန်းမကို နိုဝင်ဘာလ ၂၃ရက် ညနေ ၆ နာရီအချိန်တွင် ဝင်ရောက်မီးရှို့ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ “စစ်ကိုင်းတိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ ဗဟိုက ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာရဲ့ ဘယ်ဝန်ကြီးတွေပဲလာလာ အဲဒီခန်းမကိုပဲအဆုံးပြုပြီးဆောင်ရွက်ကြတာ ။ အဲဒါကြောင့် သူတို့ရဲ့ ယန္တရားလည်ပတ်ရေး ဆောင်ရွက်နေတာတွေ မလုပ်နိုင်အောင် ဖောက်ခွဲဖျက်ဆီးခဲ့တာပါ” ဟု PAFD အဖွဲ့ခေါင်းဆောင် တေဇ က ပြောသည်။ […]

စစ်ကိုင်းမြို့ပေါ်ထိ ရောက်လာပြီ (ရုပ်သံ) Read More »

ဘုန်းဘုန်း ဝါသဝ, ဝါသဝ ဘုန်းဘုန်း အဟစ်ဟစ်ဟစ် အုန်း အုန်း အုန်း🤣

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာကျေးရွာပျူစောထီး စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်သား ၁ ဦးနှင့် ပျူစောထီး ၆ ဦးအရှင်ဖမ်းမိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည် အဆိုပါပျူစခန်းက ဦးဝါသာဝရဲ့ ပျူအများအပြားကတော့ ကျဆုံးမှု့အများဆုံးဖြစ်တယ်လို့လည်းသိထားရပါတယ် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ ရေဦးမြို့နယ်၊ အောင်သာကျေးရွာပျူစောထီး စစ်စခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲအချိန်တွင် ပျူစောထီးစစ်စခန်းကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့ ကြောင်း သိရှိရသည် “တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခွဲပဲ ကြာလိုက်တယ်။ စစ်ကောင်စီစခန်းကို သိမ်းနိုင်လိုက်တယ်။ တိုက်ပွဲအတွင်း ပျူစောထီးရွာက အိမ်တစ်လုံးမီးလောင်တယ်။ နောက်ပြီး စစ်သား ၁ ဦးနဲ့ ပျူစောထီး ၆ ဦးစုစုပေါင်း ၇ ဦးအရှင်ဖမ်းမိတယ်။ ပျူစောထီးရွာက

ဘုန်းဘုန်း ဝါသဝ, ဝါသဝ ဘုန်းဘုန်း အဟစ်ဟစ်ဟစ် အုန်း အုန်း အုန်း🤣 Read More »

7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးက အမည်​ပြောင်းရိုက်ကူးသောကံကောင်းရုပ်ရှင် ရုံတင်ရန်စီစဥ်ပြန်

အာဏာသိမ်း​ခေါင်း​ဆောင်သမီးရုပ်ရှင်ထုတ်လုပ်​ရေးမှထုတ်လုပ်​သော ဇာတ်ကားဖြစ်၍ပြည်သူများသပိတ်​မှောက်ပြီး မကြည့်ရန် ​တော်လှန်​ရေးအင်အားစုများတိုက်တွန်း ရုပ်ရှင်ထုတ်လုပ်ရေးနာမည်များပြောင်း၍ ရုံတင်လေ့ရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေး က “ခတ္တိယ” ထုတ်လုပ်ရေးအမည်ဖြင့် ကံကောင်း ရုပ်ရှင်ဇာတ်ကားကိုရုံတင်ရန် စီစဉ်နေ​ကြောင်းစုံစမ်းသိရသည်။ ကံကောင်း ရုပ်ရှင်ကို ယ​နေ့ (နိုဝင်ဘာ ၂၄ ရက်)တွင် ရုံတင်ပြသမည်ဖြစ်ပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်သမီး၏ ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှုခြင်းမပြုဘဲသပိတ်မှောက်( Boycott )ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ အဆိုပါရုပ်ရှင်တွင် အဓိကပါဝင်သည့်သရုပ်ဆောင်ထား​သော ပိုင်တံခွန်သည်လည်း နွေဦးတော်လှန်ရေးအစပိုင်းတွင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မတရားဖမ်းဆီးခံရသဖြင့် ပြည်သူများ၏ ​လေးစားချစ်ခင်မှု ခံခဲ့ရသည်။ သို့​သော်ထောင်ကျပြီး စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းခဲ့ သဖြင့် ပြည်သူများ၏ ​ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရသည်။ အထူးသဖြင့်

7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးက အမည်​ပြောင်းရိုက်ကူးသောကံကောင်းရုပ်ရှင် ရုံတင်ရန်စီစဥ်ပြန် Read More »

လေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

အရေးပါသည့် မိုင်းကျက်စခန်းကို တစ်လနီးပါးကြာတိုက်ခိုက်ခဲ့ရဟုဆို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာန အရာရှိက ပြောကြားသည်။ “မနေ့ညက အဲဒီစခန်းကိုမဟာမိတ် သုံးဖွဲ့ပူးပေါင်းပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။ အဆိုပါတပ်စခန်းကို TNLAက ပထမအကြိမ် တစ်ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားပြီးဖြစ်သည်။ သို့ရာတွင် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးပစ်ကူများသုံးပြီး နေရာပြန်ယူထား၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ညပိုင်း၌ ဒုတိယ အကြိမ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ “သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက်ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့

လေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက် Read More »

မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းကြီးနားရှိ လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းကြီးနားရှိ လျှပ်စစ်မီတာရုံးစောင့်စစ်တပ်ကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့နှင့် Yangon Army တို့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနက်ပိုင်းက ပစ်ခတ်သံတွေတော့ ကြားလိုက်တယ်။ မြောက်ဥက္ကလာအ၀ိုင်းနားမှာ။ မနက်နည်းနည်းစောတော့ ပစ်ခတ်သံ တော်တော်ပီပီသသကြားရတာ” ဟု မြောက်ဥက္ကလာ၊ ဆေးတက္ကသိုလ် ၂ အနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။ Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖအဖွဲ့က ယမန် နေ့ ညပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို

မြောက်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို ယနေ့ နံနက်ပိုင်း ဝင်ရောက်ပစ်ခတ်မှုဖြစ် Read More »

မအလ ဓာတုတွေထပ်သုံးပြန်ပီ

ရှမ်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတို့မှ ဓာတု(အဆိပ်)ဗုံးများကို ထပ်မံအသုံးပြု ၂၃ ရက်နေ့ ညနေ (၁၅း၁၈)နာရီတွင် စစ်ကောင်စီတို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး (၄)လုံးလာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် MNDAA တပ်ဖွဲ့တွင်တစ်ချို့ မှ အဆိပ်များရှူမိပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ခဲ့ရပါသည်။ “၁၀.၂၇” စစ်ဆင်ရေးကာလအတွင်း၌ စစ်ကောင်စီတို့မှ တပ်စခန်း (၂၀၀)နီးပါး နှင့် မြို့နယ် (၉) ခု ကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်တိုင်တော်လှန်‌ရေးအဖွဲ့အစည်းများအပေါ် (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ၁၈ ရက်နေ့တွင် TNLA သိမ်းပိုက်ထားသော တပ်စခန်းတစ်ခုသို့ ဓာတုဗုံးများလာ‌ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရပါသည်။ ထို့အတူ ၁၄ ရက်နေ့တွင်လည်း TNLA

မအလ ဓာတုတွေထပ်သုံးပြန်ပီ Read More »

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ညတိုက်ခိုက်ကြောင်း Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်အချိန် တောင်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်မီတာရုံးစောင့် စစ်တပ် Yangon Army နှင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ “စစ်ခွေးတွေ ထိထားတယ်” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။ ယင်းနောက် စစ်တပ်က တောင်ဥက္ကလာမြို့နယ်အတွင်းတွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ ပြည်သူများကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက် ထုတ်ပြန်ထားသည်။

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားတချို့ ထိခိုက်ဒဏ်ရာရ Read More »

သီချင်းလေး တညည်းညည်းနဲ့ မွင်းခါးချက်တဲ့ပွဲ (ရုပ်သံ)

ပန်းတိုင်းခြုံစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုမှာ စစ်သား ၁၆ယောက်သေ၊ လက်နက်ချအညံ့ခံကာနီးမှာ စစ်ကူရောက်လာလို့ အောင်မြင်စွာဆုတ်ခွာလာလို့ဆို မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်က ပန်းတိုင်းခြုံရွာက စစ်အုပ်စုတပ်စွဲထားတဲ့ စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်တော် )ရဲ့ ကိုမင်းရန်မာန်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ရက်နေ့ ညနေ၄နာရီ၆မိနစ်ခန့်က စစ်အုပ်စုတပ်စွဲထားတဲ့ ပန်းတိုင်းခြုံစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကြောင်း၃ကြောင်းခွဲဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ၁၆ယောက်သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ “ခွေး၁၆ကောင်သေတယ်။ စခန်းသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုမှာ ပခုက္ကူတပ်မ၁၀၁ကခွေး စစ်ကူလာလို့ ကျနော်တို့ပြန်ဆုတ်ခဲ့ရတာပါ”လို့ BNRAကကိုမင်းရန်မာန်ကပြောပါတယ်။ တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်တွေက ဗျူဟာကျ သတ်မှတ်ထားသော နေရာသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်နေရာယူကာ M9၊ ၄၀မမ၊ အာပီဂျီ၊ စက်လက်၊ အော်တိုမောင်းပြန်များဖြင့် တိုက်ခိုက်ခဲ့ပြီး ပွဲကြာချိန်၁နာရီခွဲအတွင်းမှာ ဘန်ကာ အထိုင်

သီချင်းလေး တညည်းညည်းနဲ့ မွင်းခါးချက်တဲ့ပွဲ (ရုပ်သံ) Read More »

လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး

လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး၊ စစ်တပ်က လာစစ် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံးဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့်ဝေးရာသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။ ယနေ့ နိုဝင်ဘာလ ၂၃ရက် နေ့လည် ၁၁နာရီကျော်ခန့်အချိန် အဆိုပါ ဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ် စစ်ဆေမှုများ ပြုလုပ်ခဲ့သည်ဟု လှည်းကူး တရားရုံးအနီးရှိသူတစ်ဦးတစ်ဦးက ဆိုသည်။ “ဒီနေ့ ၁၁ နာရီကျော်လောက်ကဖြစ်တာ တရားရုံးဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အမှုသည်တွေရော တရားရေးဝန်ထမ်းတွေရော ရှေ့နေတွေရော အကုန်ထွက်ပြေးကုန်တယ်။ တရားရုံးရှေ့က ကွမ်းယာဆိုင်တောင် ပိတ်ပြေးတယ်။ ပြီးတော့

လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး Read More »

ရှေ့တန်းမထွက်ခင် နတ်ကနားပေး၍ ယတြာချေခဲ့သော မန္တလေးပျူစောထီးခေါင်းဆောင် ဘိုဟိန်း အပါအဝင် အဖွဲ့ဝင် ၇ ဦး မတ္တရာတိုက်ပွဲတွင် သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော ပျူစောထီးခေါင်း‌ဆောင် ဘိုဟိန်းနှင့် တပည့် ၇ ဦးသည် မတ္တရာမြို့နယ် တိုက်ပွဲတွင် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ နိုဝင်ဘာ ၁၆ ရက်နေ့ မတ္တရာမြို့နယ်အရှေ့ဘက်တွင် PDF များနှင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ပျူစောထီးများ ပါဝင်သော စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင် ဘိုဟိန်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ၊ ဘိုဟိန်းနှင့်အတူ ၎င်း၏ တပည့်နောက်လိုက် ပျူစောထီး ၇ ဦးပါ တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ “ဘိုဟိန်းက ရဲပြုတ်တစ်ယောက်ပါ။ နိုဝင်ဘာလ ၁၆ ရက်နေ့က မတ္တရာအရှေ့ဘက်တိုက်ပွဲမှာ သူနဲ့ သူ့ တပည့် ၇ ယောက် သေသွားတယ်။ သူ့အလောင်းကို အဲဒီနေ့ကမကောက်နိုင်ဘဲ

ရှေ့တန်းမထွက်ခင် နတ်ကနားပေး၍ ယတြာချေခဲ့သော မန္တလေးပျူစောထီးခေါင်းဆောင် ဘိုဟိန်း အပါအဝင် အဖွဲ့ဝင် ၇ ဦး မတ္တရာတိုက်ပွဲတွင် သေဆုံး Read More »

Scroll to Top