ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ချိန်အတွင်း ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းတဦးအပါအဝင် ၅ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အဲ့ဒီထဲက ပြန်ခုခံတဲ့ ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ တမူးခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။ အင်အား ၅၀ ကျော်ရှိတဲ့ စစ်အုပ်စုစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီကျော်မှာ တမူးခရိုင်တပ်ရင်း ၄ နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။ “ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်” လို့ တမူးခရိုင်တပ်ရင်း ၄ မှတာဝန်ရှိသူက ပြောပါတယ်။ တမူးမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌလည်းဖြစ် ၂၀၁၀ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းဖြစ်သူ ဦးမြင့်အောင် ၅၁ […]