ရခိုင်ပြည်တွင် ၁၀ ရက်အတွင်း စစ်ကောင်စီစခန်း ၅၀ နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း AA ပြော

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ခန့်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီတပ်စခန်း လေးခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသော စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဘူးသီးတောင်အခြေစိုက် “ခထီးလှ” စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် ၈ နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နံနက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ပေါက်တောမြို့နယ်သို့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၁၀၀ ခန့်ကို … Read more

ကလေးလေဆိပ်ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကိုအရေးပေါ်ပိတ်

စစ်ကိုင်းတိုင်း၊ကလေးမြို့လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် လေယာဉ်ခရီးစဉ်များ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ကလေးမြို့ခံနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များကပြောသည်။ ကလေးမြို့လေဆိပ်တွင် နိုဝင်ဘာ ၂၁ရက်(ယမန့်နေ့) နံနက် ၆နာရီခန့်က ပေါက်ကွဲဖြစ်ပွားခဲ့ပြီးနောက် စစ်​ကောင်စီကလေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ “လေယာဉ်ပြေးလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်။ ဒရုန်းနဲ့ ဗုံးသီးချခံရတယ်လို့ပြောတယ်။ လူထိခိုက်တာတော့မရှိဘူး။ လေဆိပ်ကိုတော့ မနေ့ကစပြီးအရေးပေါ်ပိတ်လိုက်တယ်”ဟု ကလေးလေဆိပ်နှင့်ပတ်သတ်သည့် သတင်းအရင်းမြစ်တစ်ခုကပြောသည်။ မည်သူက ၊မည်သည့်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်သည်ကိုမူ မသိရ​ပေ။ လေယာဉ်လက်မှတ်အရောင်းဆိုင်များက လက်မှတ်ဝယ်ယူထားသူများကို လက်မှတ်အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းနှင့် လေယာဉ်ခရီးစဉ်အသစ်အတွက်လက်မှတ်ရောင်းချခြင်းများကို ရပ်တန့်ထားရသည်ဟု လေယာဉ်လက်မှတ်အရောင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။ “ကလေးလေဆိပ် ယာယီပိတ်ထားပါတယ်။ ဘယ်လေကြောင်းမှ ထွက်ခွာ/ဆိုက်ရောက် မရသေးပါဘူး။ လက်မှတ်ထုတ်ထားတဲ့ ခရီးသည်များ Refund (ငွေပြန်ထုတ်ရန်)အတွက် ဆက်သွယ်နိုင်ပါတယ်”ဟု လေယာဉ်လက်မှတ်ရောင်းအရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်း၊ ကလေးလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်းနှင့် ထိုသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် … Read more

ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ချိန်အတွင်း ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းတဦးအပါအဝင် ၅ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အဲ့ဒီထဲက ပြန်ခုခံတဲ့ ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ တမူးခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။ အင်အား ၅၀ ကျော်ရှိတဲ့ စစ်အုပ်စုစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီကျော်မှာ တမူးခရိုင်တပ်ရင်း ၄ နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။ “ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်” လို့ တမူးခရိုင်တပ်ရင်း ၄ မှတာဝန်ရှိသူက ပြောပါတယ်။ တမူးမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌလည်းဖြစ် ၂၀၁၀ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းဖြစ်သူ ဦးမြင့်အောင် ၅၁ … Read more

စစ်ကောင်စီမှ တပ်မတော်(ရေ) နှစ်ပတ်လည်ပွဲအား အခမ်းအနားဖြင့် ကျင်းပရဲခြင်း မရှိဖြစ်နေ

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်အား အခမ်းအနားဖြင့် ကျင်းပရဲခြင်း မရှိသဖြင့် မှတ်တမ်းဓာတ်ပုံများသာ ရိုက်ကူးကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီရေတပ်စခန်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် သတင်းအရင်းအမြစ် တစ်ဦးထံမှ သိရသည်။ နှစ်စဉ် အခမ်းအနားများဖြင့် ကျင်းပလေ့ရှိပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် တက်ရောက်မည်မဟုတ်ကြောင်း၊ နှစ်စဉ် စျေးရောင်းပွဲတော်များ ညစာစားပွဲများ လုပ်ဆောင်သော်လည်း ယခုနှစ်တွင်မူ မည်သည့် အစီအစဉ်မှ လုပ်ဆောင်ခြင်း မရှိဘဲ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဝါဒဖြန့်ချိမှုများသာ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ “Navy Day ကို ဒီနှစ်မှာ သူတို့ ကြီးကြီးကျယ်ကျယ် မလုပ်ရဲဘူး၊ … Read more

PDF နှစ်ယောက် အလင်းဝင်တယ်ဆိုပြီး ပျူအဖွဲ့ထဲ နှစ်လလောက်ဝင် ပြီးတော့ ပျူခေါင်းဆောင်အပါအဝင် သုံးကောင်ကို ဗျင်းသွား

PDF နှစ်ယောက် အလင်းဝင်တယ်ဆိုပြီး ပျူအဖွဲ့ထဲ နှစ်လလောက်ဝင် ပြီးတော့ ပျူခေါင်းဆောင်အပါအဝင် သုံးကောင်ကို ဗျင်းသွားသတဲ့။ မင်းတို့ပဒတ်တွေ အဘတွေကို ပြောင်းဖူးမှတ်နေလား။ လှည့်စားရက်လိုက်တာကွာ။ PDF မှလက်နက်ချ၍ ပျူ​စောထီးလုပ်ခဲ့​သည်ဆိုသော လူငယ်နှစ်ဦးက တမူးပျူ​ခေါင်း​ဆောင်အပါအဝင်ပျူ ၃ဦးကိုသတ်၍ PDF နှင့်ပြန်ပူး​ပေါင်း စစ်ကောင်စီထံ လက်နက်ချပူး​ပေါင်းခဲ့သည့် PDF နှစ်ဦးကပြည်သူ့စစ်(ပျူ) ဝင်လုပ်ရင်း တမူးမြို့မှ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ပြည့်သူ့စစ်ခေါင်းဆောင်အပါအဝင် ပြည်သူ့စစ်သုံးဦးကို သတ်၍ PDF ထံ ပြန်လည်ပူးပေါင်းခဲ့သည်။ ” ဘာ တွေ ဘယ်လိုဖြစ်ကုန်တယ်မသိဘူး။ အလင်းဝင်သွားတဲ့ ကလေးနှစ်ယောက်က ပြည်သူ့စစ်ထဲဝင်နေတာ ကြာပြီ။ အခု ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သုံး‌ယောက်ကို မြို့ပြင်ကိုခေါ်ထုတ်ပြီး သတ်ပစ်တာ” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။ သတ်ဖြတ်ခံရသူသည် သမ္မတ ဦးသိန်းစိန်လက်ထက်က တမူးမြို့၊ အမှတ်(၁)တိုင်းဒေသကြီးအမတ်ဦးမြင့်အောင်ဖြစ်သည်။ … Read more

လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းမိသားစု ၂၀၄ ဦးကို ပြန်လည်ကယ်ထုတ်မယ်လို့ စစ်ကောင်စီကြုံးဝါးနေ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ဝန်ထမ်းမိသားစုတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲကနေ ပြန်လည်ကယ်ထုတ်မယ်လို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ကြုံးဝါးလာပါတယ်။ CDM လှုပ်ရှားမှုမှာမပါဝင်ခဲ့ဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာနဲ့ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ဆရာမနဲ့ ဝန်ထမ်းမိသားစုတွေကို KNPP နဲ့ PDF အဖွဲ့တွေက အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အဲ့ဒီလူတွေအကုန်လုံးကို ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပြန်လည်ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက မနေ့က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲအတွင်းမှာ ကယ်ထုတ်ခဲ့တဲ့ ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၂၀၄ ဦးဟာ ဘေးကင်းလုံခြုံရာမှာရှိနေကြောင်းကို ကာယကံရှင်တွေဖြစ်ကြတဲ့ ပါမောက္ခချုပ်ဦးအောင်ခင်မြင့်အပါအဝင် ကထိကနဲ့ လက်ထောက်ကထိကတွေကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့က … Read more

ဗုံးခိုကျင်းတူးတာ မပြီးခင် ​ကြွေလွင့်ခဲ့ရတဲ့ ၆ တန်း ကျောင်းသူလေး

ညနက်လို့ မိသားစု အိပ်မောကျနေချိန် ကျယ်လောင်တဲ့ အသံတစ်ခု ကြားရပြီးနောက် သမီးဖြစ်သူက မိခင်ကို မား (အမေ) မား (အမေ)ဆိုပြီး နှစ်ခါသာ ခေါ်ပြီးတော့ နေရာမှာတင် သေဆုံးသွားပါတယ်။ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသူ လွေးခင်မာလွင်ခေါ် မြသန္တာလင်းတစ်ယောက် မိခင်၊ ညီမလေးနဲ့အတူ နေအိမ်ရဲ့ ဘုရားစင်ဘေး အိပ်နေချိန် စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နေအိမ်ဘေး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ တိုက်ပွဲ လုံးဝ မဖြစ်ပွားတဲ့ တအာင်းဒေသ နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာဘက်ကို နမ့်ဆန်မြို့ရှိ စစ်တပ်က မနေ့ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခွဲကျော်မှာ လက်နက်ကြီး တစ်ဖက်သတ် ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေအိမ်ဘေး ကျရောက်တဲ့ … Read more

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ လုံခြုံရေးအရ စစ်ကောင်စီဖျက်သိမ်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ကျင်းပမည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား၏ (၁၇) ကြိမ်မြောက် ပြင်ဦးလွင်တန် ဆောင်တိုင်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ပွဲကျင်းပရေးကော်မတီနှင့် ဒေသခံများထံက သိရသည်။ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၄ မှ ၂၈ ရက်ထိ ကျင်းပရန် ပြင်ဆင်ထားပြီး ပွဲတော် ကျင်းပရန် ၄ ရက်ခန့်အလို နိုဝင်ဘာ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ပွဲတော်ကျင်းပရေးကော်မတီမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “တန်ဆောင်တိုင်ပွဲ ဖျက်သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်၊ ကျနော်တို့ သိရသလောက်ကတော့ လုံခြုံရေးအခြေအနေအရ ဖျက်သိမ်းလိုက်တယ်ဆိုတာပဲ သိရတယ်၊ ကျနော်တို့ကိုတော့ မီးပုံပျံပွဲပျက်သွားတယ်လို့ပဲ အသိပေးတယ်၊ ကျန်တာတွေ ဘာမှ ထပ်မပြောဘူးဗျ၊ အခုက ပွဲတော်ကြီးတခုလုံးကို ဖျက်သိမ်းလိုက်တာ”ဟု အတည်ပြုပြောကြားသည်။ ထိုသို့ ဖျက်သိမ်းလိုက်ခြင်းမှာ ပြင်ဦးလွင်မြို့နှင့် ကပ်လျက်တည်ရှိသည့် နောင်ချိုမြို့နယ်အတွင်း၌ … Read more

ရှေ့တန်းကို သွားရောက်ဖြော်ဖြေသည့် ရုရှားရုပ်ရှင်မင်းသမီး စစ်သားများနှင့်အတူ ဟိုင်းမားစ်ထိမှန်သေဆုံး

ရုရှားရုပ်ရှင်မင်းသမီးနဲ့ ဒါရိုက်တာ ပိုလီနာ မန်ရှီဟာ ဒိုးနက်စ်ဒေသက ရုရှားစစ်တပ်ကို သွားရောက်ဖြော်ဖြေအားပေးရင်း ယူကရိန်းဟိုင်းမားစ်ထိမှန်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။ အသက် ၄၀ အရွယ် မင်းသမီး ပိုလီနာဟာ တခြားရုပ်ရှင် ဂီတပညာရှင်တွေနဲ့အတူ ရုရှားလက်နက်ကြီးတပ်ဖွဲ့များနေ့ သူရဲကောင်းဆုပေးပွဲအခမ်းအနားကို သွားရောက်ဖြော်ဖြေခဲ့တာလို့ ဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရုရှား မရိန်းအထူးတပ်ဖွဲ့အခြေစိုက်ရာ စတာရိုဘက်ရှ် အထက်တန်းကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ပိုလီနာ သီချင်းဆိုဖြော်ဖြေနေချိန်မှာပဲ ယူကရိန်းက ပစ်ခတ်တဲ့ ဟိုင်းမားစ်ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒုံးကျည်တစ်စင်းက ဖြော်ဖြေပွဲကျင်းပနေတဲ့ ကျောင်းပြဇာတ်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကျန်ဒုံးကျည် တစ်စင်းကတော့ ပြဇာတ်ရုံဘေးက ကားတွေကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် မင်းသမီးပိုလီနာနဲ့အတူ ဂီတပညာရှင်တချို့နဲ့ မရိန်းတပ်သားအနည်းဆုံး ၃၀ နေရာမှာတင် သေဆုံးခဲ့ရ … Read more