‘၁၀၂၇စစ်ဆင်ရေး’အတွင်း TNLAက စစ်ကောင်စီနှင့်ပြည်သူ့စစ်စခန်း ၄၆ခုထက်မနည်း သိမ်းပိုက်ထား
ညီနောင်မဟာမိတ်တပ်များ၏ ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း တအာင်းတပ်မတော် (TNLA)က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄၆ ခုထက်မနည်းကိုသိမ်းပိုက်ထားပြီးဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) အပါအဝင် မဟာမိတ်တပ်များက ၁၀၂၇စစ်ဆင်ရေး ၂၅ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားရာ TNLA တပ်က သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။ “ဒီစစ်ဆင်ရေးအတွင်းမှာ စကစ တပ်စခန်းရော ပြည်သူ့စစ်တပ်စခန်းရောစုစုပေါင်း ၄၆ ခုကျော်တော့ရှိပြီ”ဟု TNLA ပြန်ကြားရေးအရာရှိက ယနေ့ နေ့လည်ပိုင်း၌ ပြောကြားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ သံချပ်ကာယာဉ် ၁စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်သကဲ့သို့ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိထားသည်။ TNLA သည် ရှမ်းမြောက်ရှိ မူဆယ်၊နမ့်ခမ်း၊သိန္နီ၊ ကွတ်ခိုင်၊ လားရှိုး၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ … Read more