ထွက်ပြေးလာတဲ့စစ်သား ၇၄ ဦးကို စစ်ကောင်စီထံ အိန္ဒိယ ပြန်လွှဲပေး
အိန္ဒိယ နယ်စပ်အနီး ချင်းပြည်နယ် ၊ဖလမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းနှစ်ခု တိုက်ခိုက်ခံရချိန်မှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၇၄ ဦးကို မြန်မာစစ်တပ်ထံ အိန္ဒိယအစိုးရက ပြန်လွှဲပေးလိုက်ပါတယ်။ စခန်းသိမ်းခံရချိန် နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်စပ်မှာ ပဲ စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်တာလို့ အိန္ဒိယ သတင်းတွေဖော်ပြပါတယ်။ နိုဝင်ဘာလ ၁၃ ရက်က အသည်းပုံရေကန်ရှိရာ နယ်စပ်ကုန်သွယ်ရေးမြို့ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦး အိန္ဒိယ ဘက်ခြမ်းထဲ ကနဦးဝင်ပြေးပါတယ်။ အလားတူပါပဲ နိုဝင်ဘာလ ၁၅ ရက် ဖလမ်းမြို့နယ်ရှိ စစ်တပ်ရဲ့ သီဘွာလ် စခန်းကို ချင်းဒေသကာကွယ်ရေးတပ်တွေက ဝင်တိုက်ရာ မှာ အဲဒီစခန်းမှာရှိတဲ့ စစ်သား ၂၉ ဦးဟာ လည်းနယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး အိန္ဒိယထဲဝင်ပြေးပါသေးတယ်။ … Read more