လူ့နို့ရည်ကို အရွယ်ရောက်ပြီးသူတွေ သောက်သုံးသင့်လား

လူ့နို့ရည်ကို အရွယ်ရောက်ပြီးသူတွေ သောက်သုံးသင့်လား ဒီအရည်ကို ”အာဟာရရွှေရည်” လို့ နေ့စဥ်ဘဝမှာ ရည်ညွှန်း ခေါ်ဝေါ် ကြပါတယ်။ ပညာရှင်အချို့က ဆိုရင် ဒီအရည်ဟာ ”မှော်စွမ်းအင်” ရဲ့ အရင်းအမြစ်လို့တောင် တင်စားပြောကြပါတယ်။ အဲဒါကတော့ မိခင်နို့ရည်ပါ။ မိခင်နို့ရည်ဟာ ကလေးတွေရော၊ သူတို့ရဲ့ကြီးထွားမှုအတွက်ပါ အရေးပါပြီး အဟာရဓာတ်တွေနဲ့ ရောဂါနဲ့ ဘတ်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေပါဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေက သဘောတူ လက်ခံထားပါတယ်။ ဒါပေမဲ့လည်း အဟာရဓာတ်တွေပြည့်ဝနေတယ်ဆိုတဲ့ မိခင်နို့ရည်အစွမ်းထက်မှုကို အသုံးချနိုင်ဖို့ အရွယ်ရောက်ပြီးသူအချို့ကလည်း နို့ရည်ကို စုဆောင်းတာတွေရှိလာပါတယ်။ ကလေး ၃ ဦးဖခင်၊ အသက် ၃၉ နှစ်အရွယ် ဂျိမ်းဆင် ရီတနောဟာ သူနဲ့အတူနေဖော် ဇနီးက ကလေးနို့တိုက်နေတဲ့ကာလမှာ နို့ရည်ကို ပထမဆုံး သောက်ဖူးခဲ့သူပါ။ အတူနေဖော်က ညှစ်ထုတ်လိုက်တဲ့ သက်နေတဲ့နို့ရည်ကို … Read more

ငလျင်ဘေးသင့် မန်းပြည်သူတွေ အခက်အခဲမျိုးစုံ

ငလျင်ဘေးသင့် မန်းပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရ အများစု အိမ်ပြန်နေဖို့ အဆင်မပြေသေးဘဲ ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးအကူအညီ လိုအပ်နေ၊ နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်နေလို့ ငလျင်ဒဏ်သင့် အဆောက်အဦအချို့ ထပ်မံပြိုကျနေဆဲဖြစ် မန္တလေးမြို့က ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ငလျင်လှုပ်ခတ်မှုပြီးနောက် တစ်လနီးပါးကြာချိန်ထိ ယာယီ ကယ်ဆယ်ရေးစခန်းတွေနဲ့ တခြားဘေးလွတ်ရာ နေရာတွေမှာ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရဆဲဖြစ်ပြီး အများ စုက အိမ်ပြန်နေထိုင်ဖို့ အဆင်မပြေကြသေးဘူးလို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်နဲ့အဆောက်အဦတွေ ထိခိုက် ပျက်စီးခဲ့တဲ့ မန္တလေးမြို့ခံအများစုဟာ ယာယီကယ်ဆယ်ရေစခန်းတွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပြောင်းရွှေ့နေ ထိုင်နေရဆဲကာ ငွေကြေးတတ်နိုင်သူတွေကတော့ ပြင်ဦးလွင်မြို့နဲ့အခြားဒေသတွေ အမျိုးအဆွေနေအိမ်တွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ … Read more

ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ထိုင်း -မြန်မာနယ်စပ်၊ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ၏ ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထ ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Force for Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာ စခန်းကို KNU/KNLA တပ်မဟာ ၄ ဦးဆောင်မှုဖြင့် FFD တပ်ဖွဲ့၊ PDF ရဲဘော်များ … Read more

လာမည့် ၂၁ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု အခြေအမြစ်မရှိသည့် ကောလာဟလ ထွက်ပေါ်နေပြီး သတင်းအမှားဖြန့်ဝေသူကို သဘာဝဘေးစီခံခန့်ခွဲမှုဥပဒေဖြင့်အရေးယူခံရနိုင်

လာမည့် ၂၁ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု အခြေအမြစ်မရှိသည့် ကောလာဟလ ထွက်ပေါ်နေပြီး သတင်းအမှားဖြန့်ဝေသူကို သဘာဝဘေးစီခံခန့်ခွဲမှုဥပဒေဖြင့်အရေးယူခံရနိုင် လာမည့် ဧပြီ ၂၁ ရက်နေ့တွင်ငလျင်ကြီးလှုပ်ခတ်မည်ဆိုသည့် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး သတင်းအမှား ဖြန့်သူများသည် သဘာဝဘေးစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ဖြင့်အရေးယူခံရနိုင်ကြောင်းသိရသည်။ ယခုရက်ပိုင်းအတွင်း Facebook နှင့် Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၁ ရက်နေ့၌ ငလျင်ကြီးလှုပ်ခတ်မည်ဟုသတင်းများထွက်ပေါ်နေပြီး ပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ တွင် မည်သူမဆို အများပြည်သူအထိတ် တလန့်ဖြစ် စေရန်ရည် ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ် မမှန်သတင်း လွှင့်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူကို တစ်နှစ်ထက်ပိုသော ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ် … Read more

ငလျင်ဘေး ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေ

ငလျင်ဘေး ကူညီဖို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် ရန်ပုံငွေ မလုံလောက်ဘဲ ဖြစ်နေ မြန်မာနိုင်ငံရဲ့ ငလျင် နောက်ဆက်တွဲ ကူညီရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ မလုံလောက်မှုနဲ့ ရုန်းကန်နေရကြောင်း နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ အဖွဲ့ချုပ် (IFRC)က ပြောကြားခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ဖျက်အားပြင်း ငလျင်ကြီးအပြီး မြန်မာနိုင်ငံက ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ဆွစ်ဖရန့် သန်း ၁၀၀၊ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၂.၄ သန်း ရရှိဖို့ တောင်းခံခဲ့ပေမယ့် အဲဒီပမာဏရဲ့ အပိုင်းအစ အနည်းငယ်လောက်ကိုသာ စုစည်း ရရှိထားတယ်လို့ … Read more

သံဃာတော်များကို စစ်ဗိုလ်ကတော်များက သင်္ကြန် ရေလောင်း

သံဃာတော်များကို စစ်ဗိုလ်ကတော်များက သင်္ကြန် ရေလောင်း ၂၀၂၅ သင်္ကြန်မှာ စစ်ခေါင်းဆောင်က ရဟန်းသံဃာတွေကို တရားဝင် ရေလောင်းခွင့် ပြုလိုက်တာကြောင့် ဗိုလ်ကတော်တွေက ဘုန်းကြီးတွေကို ရေလောင်းခဲ့ကြတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင်က ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်ကြီးတွေကို ဧပြီ ၁၀ ရက်မှာ ရဟန်းသံဃာတွေကို ရေလောင်းဖို့ ညွှန်ကြားခဲ့ပြီးနောက် ဗိုလ်ကတော်တွေက ဦးဆောင်ကာ ရေလောင်းခဲ့တာလို့ ဆိုပါတယ်။ “ကမ်းရိုးတန်းက ဗိုလ်ကြီးမိန်းမတယောက်က ဦးဆောင်ပြီး လောင်းရတာ၊ တပ်က ညွှန်ကြားထားလို့ လုပ်တယ်ဆိုတဲ့ပုံစံ၊ လပခတိုင်းက ရေလောင်းတာကလည်း ပျူရွာတွေက လောင်းတာ၊ တချို့ဆို ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးတွေနဲ့ မိန်းမတွေ အပြန်အလှန် လောင်းကြတာ။” ရဟန်းသံဃာတွေကို ရေလောင်းတဲ့ ဗီဒီယိုတွေကိုလည်း ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးကတော်တွေက … Read more

ဝက်လက်မြို့နယ်၊ သစ်ဆိပ်ကျေးရွာ ဆေးခန်းကို စစ်ကောင်စီတပ်က သင်္ကြန်အတက်နေ့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချမှု ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံး

ဝက်လက်မြို့နယ်၊ သစ်ဆိပ်ကျေးရွာ ဆေးခန်းကို စစ်ကောင်စီတပ်က သင်္ကြန်အတက်နေ့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချမှု ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ အကြမ်း ဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ် အရွယ် ကလေး ၁ ဦး ပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း ပြည်သူ့ အစေခံတော်လှန် ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ … Read more

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန် မြေသားထု ပြတ်တောက် နေရာရွေ့သွားပုံကို နာဆာ ရှင်းပြ

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန် မြေသားထု ပြတ်တောက် နေရာရွေ့သွားပုံကို နာဆာ ရှင်းပြ စစ်ကိုင်းငလျင်ကြီးနဲ့ ဆက်စပ်ပြီး မြေသား လှုပ်ရှားရွေ့လျားမှုတွေ ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ရှင်းပြထားတဲ့ ပုံရိပ်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးနဲ့ ၁၂ မိနစ် အကြာမှာ ထပ်လှုပ်ခဲ့တဲ့ နောက်ဆက်တွဲ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တွေဟာ မတူညီတဲ့ အစိတ်အပိုင်းတွေရဲ့ မြေသားထုတွေကို တောင်မြောက် ယိမ်းထိုး လှုပ်ခတ်စေခဲ့ကြောင်း နာဆာက ဂြိုဟ်တု ဓာတ်ပုံတွေနဲ့ တောင်ပိုင်း ကယ်လီဖိုးနီးယား အခြေစိုက် Jet Propulsion သုတေသန ဌာနရဲ့ … Read more

တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း မြောက်ဥက္ကလာပမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေမြို့မရဲစခန်းကို လက်ပစ် ဗုံး ၃ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိနိုင်သော်လည်း အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ “ထိခိုက်မှုရှိနိုင်ပေမယ့် လက်ရှိတော့ မသိရသေးဘူး။ ရဲဘော်တွေတော့ ဘေးကင်းပါပြီ။” ဟု မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန … Read more

ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲဆိုနေမှုများအပေါ် “ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး” ဟု ဇော်မင်းထွန်း တုံ့ပြန်

ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို တရားစွဲဆိုနေမှုများအပေါ် “ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး” ဟု ဇော်မင်းထွန်း တုံ့ပြန် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသော ကလေးငယ်များမှာ သောင်းကျန်သူများ၏ အစိတ်အပိုင်းဖြစ်၍ တိုက်ခိုက်ရန် ရှောင်လွှဲမရဟုဆို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို တရားစွဲဆိုနေမှုများအပေါ် စိုးရိမ်စရာမရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။ Aljazeera သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ Aljazeera သတင်းဌာနက စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူများအပေါ် တိုက်ခိုက်နေပြီး နိုင်ငံတကာက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပြင်းပြင်းထန်ထန် အဖြစ် … Read more