မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း ၇၀ နီးပါး ရောက်ရှိခဲ့ပါပြီ။
Article
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF
၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည် ယခုဆိုလျှင် လေးနှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ PDF များ စတင်ဖွဲ့စည်းခါစက တူမီးများ၊ လက်လုပ် တလုံးထိုးသေနတ်များ၊ လက်လုပ်မိုင်းများနှင့် စခဲ့ကြရသကဲ့သို့ ချောင်း-ပစ်-ပြေးနှင့် စတင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ PDF များသည် စစ်ပညာကလည်း ကောင်းစွာ မသင်ကြရသေး၊ စစ်ယူနီဖောင်းအပါအဝင် စစ်ဝတ်စစ်စားကလည်း မပြည့်စုံကြသေး၊ တိုက်ပွဲအတွေ့အကြုံကလည်း မရှိကြသေးသည်ဖြစ်ရာ အတော်များများက အထင်သေးခဲ့ကြသည်။ အထင်အမြင်အသေးဆုံးကတော့ စစ်တပ်နှင့် စစ်တပ်လော်ဘီများဖြစ်သည်ဟု ဆိုရပါမည်။ အခေါ်အဝေါ်ကစ၍ PDF များကို ‘ပဒတ်’ (ပုတတ်) ဟု ခေါ်ကြသည်ကို တွေ့ရ၏။ ‘အညာစာ အကောင်ငယ်လေးတမျိုး’ ဟု လှောင်ပြောင်သရော်ခဲ့ကြသည့်အပြင် လေး၊ ငါး၊ ခြောက်လအတွင်းတွင် … Read more