Tag: Celebrity

  • သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်

    သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်

    by

    in

    မြန်မာစကားမှာ ‘သူခိုးရွှေရ တပြပြ’ ဆိုတဲ့ အသုံးအနှုန်းဆိုတာ တခါမှ မရဖူး၊ မပိုင်ဖူးသူဟာ နည်းနည်းအဖိုးတန်တယ်လို့ ထင်တဲ့ အရာတခုခု ရခဲ့ရင် လူတွေ သိအောင် မြင်အောင် ဟိုပြ ဒီပြ လုပ်နေတာမျိုးကို အထင်မကြီးတဲ့အပြင် မတော်မတည့်မို့ သူခိုးရွှေရ တပြပြ လုပ်တယ်လို့ ပြောဆို သုံးနှုန်း ရယ်မော လှောင်ပြောင်တတ်ကြပါတယ်။ အခုလည်း အာဏာလု အကြမ်းဖက်သမ္မတရူး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အဆင့်တောင် မဟုတ်ဘဲ ပြည်နယ်အဆင့်မျိုး ဆက်ဆံခံရတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၆၊ ၇ ရက်တွေက ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ခရီးစဉ်ဆိုတာ သူ့ရဲ့အာဏာလုသက်တမ်းမှာ တခါဖူးမှ မရဘူးသေးတဲ့အရာ ဆိုတော့ အထီးကျန်…

  • စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်

    စစ်ခေါင်းဆောင်ကို ဖိနပ်ချွတ်အရိုအသေပေးသည့်ဇာတ်မင်းသားဖိုးချစ်အား ကြံ့ဖွတ်ပါတီဝင်များကပါ လှောင်ပြောင်

    by

    in

    အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။ ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။ ” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦး‌ဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။ ၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု…

  • တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

    တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

    by

    in

    တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။ ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။ အမှတ်စာရင်း ကြေညာပြီးတော့…

  • နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

    နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

    by

    in

    နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Miss Grand International(MGI) ပြိုင်ပွဲအပြီးတွင် မြန်မာအလှမယ် နှင့် National Directorတို့၏ အပြုအမှုအ​ပေါ် နိုင်ငံတကာမှ ပြိုင်ပွဲ ပရိတ်သတ်များက အပြင်းအထန် ​ဝေဖန်​နေကြသည်။ ပြိုင်ပွဲတွင် တတိယဆု (Second runner up)ရပြီး မ​ကျေမနပ်ဖြစ်​​နေ​သော MGI အတွက် မြန်မာနိုင်ငံNational Director ထူးအံ့လွင်က မြန်မာအလှမယ်စင်ပေါ်မှဆင်းလာစဥ်ခေါင်းပေါ်မှ တတိယဆု အတွက်​ပေး​​သော သရဖူကို ​ဒေါသတကြီးဖြုတ်ချခဲ့သည်။ ထို့အပြင် စလွယ်ကိုလည်း အတင်းဆွဲဖြုတ်ခဲ့သည်ကို အွန်လိုင်း၌ တင်ထားသည့် ဗီဒီယိုများ၌ တွေ့မြင်ရသည်။ ထို့​နောက် အလှမယ်ကို ပွဲမှအပြင်သို့အ​လောတကြီး ဆွဲ​​ခေါ်သွားပြီး ငို​နေ​သော အလှမယ်ကိုဓါတ်ပုံ ၊ဗီဒီယို ရိုက်​နေသည်ကိုလည်း ထူးအံလွင်က “အဲကင်မရာ…

  • Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး

    Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး

    by

    in

    Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အောက်တိုဘာ၂၁ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အသိပေးဆိုထားပါတယ်။ “Missတစ်ယောက်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့။အဲ့လိုလူတစ်ယောက်ဟာ ကိုယ့်နိုင်ငံ့အရေး မပြောနဲ့၊ ကိုယ့်နိုင်ငံကို ဖျက်ဆီးနေတဲ့ – နိုင့်ထက်စီးနင်း အကြမ်းဖက်မှုတွေ၊ – – ရက်စက်စွာ သတ်ဖြတ်ခံရမှုတွေ၊ – – အပြစ်မဲ့ ပြည်သူတွေဆီကပါ အသက်၊ အိုးအိမ် လုယူ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ ဟမသွားတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်လို့ ပြောရင် ဒီနိုင်ငံဟာ ဂုဏ်သိက္ခာမဲ့ရာ ကျသွားပါလိမ့်မယ်။ Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept…

  • ခြောက်ပစ်ကင်းပြီး  သဲလဲစင်တယ်ဆိုတဲ့ အဘ

    ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ

    by

    in

    😏😏 ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ “တရွာလုံးနဲ့ တယောက်” ဆိုတဲ့ စကားပုံကို ကြားဖူးကြလိမ်မယ်. ၄နှစ်အတွင်း မြန်မာပြည်ကြီး ခုလို ပျက်စီးသွားရတာဟာ (၁) အာဏာကို ဖြတ်လမ်းနည်းနဲ့ အတင်းအဓမ္မ ရယူချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် (၂)မဲစာရင်း ၁၂သန်းကို ခိုးယူခဲ့တဲ့ NLDပါတီနဲ့ အနီထောက်ခံသူတွေကြောင့် (၃)ဘဏ်အပ်ငွေတွေကို ထိမ်းချုပ်ပစ်တဲ့ အမေရိကန်နဲ့ CIAကြောင့် (၄)ရိုဟင်ဂျာတွေကိုပဲ ထောက်ပံ့ပေးတဲ့ OICကြောင့် (၅)စီပွါးရေး ဆန်ရှင် လုပ်ခဲ့တဲ့ EU နဲ့ အနောက် ဥရောပနိုင်ငံတွေကြောင့် (၆)ဦကျော်မိုးထွန်းကို မထုတ်ပယ်တဲ့ UNကြောင့် (၇)နိုင်ငံတော် မတည်ငြိမ်အောင် လက်နက်စက်ရုံတွေထောင်ပြီး ထောက်ပံ့ပေးတဲ့ တရုတ်ကြီးကြောင့် (၈)NUGကို အပြတ် ထောက်ခံတဲ့ အရှေ့တီမောကြောင့် (၉)မူငါးချက်ကို အကြောင်းပြပြီး ထိုင်ခုံပေါ်က ကန်ချထားတဲ့ အာစီယံကြောင့်…

  • ယာဥ်တိုက်မှု သူနဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့ သရုပ်ဆောင် ထူးခြား

    ယာဥ်တိုက်မှု သူနဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့ သရုပ်ဆောင် ထူးခြား

    by

    in

    သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး ဇူလိုင် ၃၀ ရက်ည ၇ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် အနော်မာရပ်ကွက် ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ သရုပ်ဆောင်ထူးခြားက အလုပ်ကနေ စက်ဘီးနှင့်ပြန်လာတဲ့ အမျိူးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ အဆိုပါအမျိူးသားဟာ ကားတိုက်မိရာနေရာမှာတင် သေဆုံးသွားကြောင်းသိရပါတယ်။ သရုပ်ဆောင်ထူးခြားကတော့ ကားတိုက်ပြီးနောက် ကားကိုမောင်းပြီးထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတွေကပြောပါတယ်။ “Friday Bar ကနေ ကားက ထွက်လာပြီးစက်ဘီးစီးလာတဲ့ဦးလေးကြီးတစ်ယောက်ကိုတိုက်မိခဲ့တာ အတိုက်ခံရတဲ့ဦးလေးကြီးက စက်ဘီးကတခြား လူကတစ်ခြား ထမင်းချိုင့်ကတစ်ခြားဖြစ်နေပြီး လူက “မလှုပ်” တော့ တာကိုမြင်တွေ့ရတယ်” လို့ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို တိုက်ပြီး ထွက်‌ပြေးသွားတဲ့သရုပ်ဆောင် ထူးခြားရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလည်း သယ်ဆောင်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ အထက်ပါသတင်းနဲ့ပတ်က်ပြီး…

  • သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး

    သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး

    by

    in

    ဇူလိုင် ၃၀ ရက်ည ၇ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် အနော်မာရပ်ကွက် ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ သရုပ်ဆောင်ထူးခြားက အလုပ်ကနေ စက်ဘီးနှင့်ပြန်လာတဲ့ အမျိူးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ အဆိုပါအမျိူးသားဟာ ကားတိုက်မိရာနေရာမှာတင် သေဆုံးသွားကြောင်းသိရပါတယ်။ သရုပ်ဆောင်ထူးခြားကတော့ ကားတိုက်ပြီးနောက် ကားကိုမောင်းပြီးထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတွေကပြောပါတယ်။ “Friday Bar ကနေ ကားက ထွက်လာပြီးစက်ဘီးစီးလာတဲ့ဦးလေးကြီးတစ်ယောက်ကိုတိုက်မိခဲ့တာ အတိုက်ခံရတဲ့ဦးလေးကြီးက စက်ဘီးကတခြား လူကတစ်ခြား ထမင်းချိုင့်ကတစ်ခြားဖြစ်နေပြီး လူက “မလှုပ်” တော့ တာကိုမြင်တွေ့ရတယ်” လို့ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို တိုက်ပြီး ထွက်‌ပြေးသွားတဲ့သရုပ်ဆောင် ထူးခြားရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလည်း သယ်ဆောင်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

  • မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ

    မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ

    by

    in

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကော်ဖီမိတ်ဆက်ပွဲတက်ရောက်ခဲ့သည့် မင်းသမီး မေမြင့်မိုရ် ပွဲ၌ ဆန္ဒပြခံခဲ့ရသည်။ ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Robinson ကုန်တိုက်၌ ပြုလုပ်သည့် ကော်ဖီ မိတ်ဆက်ပွဲကို စစ်အာဏာသိမ်း​ခေါင်း​ဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်​ရေး 7 Sense နှင့် စစ်​ကောင်စီလက်​အောက်ခံ MRTV 4 တို့၏ မင်းသမီး မေမြင့်မိုရ်တတ်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ နှင့်ဆက်စပ်​သော သအနုပညာရှင်ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မသင်းသင်းနွယ်၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။ “ငါဆိုတာက သူများနိုင်ငံမှာမို့ ဒီလောက်ပဲပညာပြတာ။ ငါ့နိုင်ငံထဲဆို ဒီလိုမြေပြင်မှာဘောမကိုတွေ့ကြည့်ပါလား…ငါ့မျက်စိအောက်တင်အငွေ့ပျံတယ်” ဟု မသင်းသင်းနွယ်ကရေးသားထားသည်။ ကော်ဖီမိက်ဆက်ပွဲပြုလုပ်စဉ် မသင်းသင်းနွယ်က ပရိသတ်ကြားထဲမှ စစ်ကောင်စီဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “‌ကရင်မလေးနှစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး စင်ပေါ်ကဆင်းလာတော့ခေါ်တာ မလာရဲဘူး။ စင်ရှေ့မှာပဲရိုက် ၊…

  • မြို့ပေါ်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ သံတိုင်ကြားက လွတ်မြောက်လာတဲ့ မြန်မာသံအဆိုတော်

    မြို့ပေါ်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ သံတိုင်ကြားက လွတ်မြောက်လာတဲ့ မြန်မာသံအဆိုတော်

    by

    in

    စဥ့်ကူးရဲစခန်းက အချုပ်သားတွေကိုလက်ထိပ်ခတ်ထားပြီး ထွက်ပြေးသွားတာလို့ တေးသံရှင် တသသပြော မန္တလေးတိုင်း၊ စဥ့်ကူးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် စဥ့်ကူးရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် တသသဟာ အချုပ်ခန်းထဲကနေလွတ်မြောက်ခဲ့ပါတယ်။ ဇူလိုင်ပထမပတ်အတွင်းက စဥ့်ကူးမြို့ပေါ်မှာ စတင်ပစ်ခတ်မှုတွေရှိလာချိန် စဥ့်ကူးရဲစခန်းထဲက အချုပ်သားတွေကို လက်ထိပ်ခတ်ပြီး ဧရာဝတီမြစ်တဖက်ကမ်း ရွှေဘိုမြို့နယ်၊ မခေါက်ရွာက ပျူစောထီးစခန်းကို ယာယီ ပို့ခဲ့ပါတယ်။ အဲဒီလိုအပို့ခံရတဲ့ အချုပ်သားတွေထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် တရားစွဲခံရပြီး စဥ့်ကူးမြို့မရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာသံ အမျိုးသမီးအဆိုတော် တသသလည်း ပါဝင်ပါတယ်။ “စဉ်ကူးမှာတိုက်ပွဲ၂ကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်မတို့ကိုအချုပ်ကထုတ်ပြီး လက်ထိပ်ခတ်၊ မခေါက်ရွာဘက်၇ရက်ထားပါတယ်။ ၅ရက် ၆ရက်အထိ လက်ထိပ်ဖြုတ်မပေးပါဘူး။ လက်ထိပ်ခပ်ရတ် အိပ်ခဲ့ရတယ်။ ကျွန်မနဲ့အတူအချုပ်သားမိန်းကလေးပါတယ်။ ကျား၆ယောက်ပါတယ်။”လို့ အဆိုတော်တသသက လူမှုကွန်ရက်မှာ ရေးသားပါတယ်။ အဲဒီနောက် တစ်ပတ်ခန့်အကြာ တသသအပါအဝင်…