Tag: Feature

  • PDF အားကောင်းလာသည့် ပဲခူးရိုးမ

    PDF အားကောင်းလာသည့် ပဲခူးရိုးမ

    by

    in

    ဗကပ ဆုတ်ခွာခဲ့ရသော ပဲခူးရိုးမတွင် ဝင်ရောက်လှုပ်ရှားနေသည့် PDF သည် နေပြည်တော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ နောက်ကျောတွင် ထောက်နေသော ဆူးတစ်ချောင်းဖြစ်လာသည်။ နာမည်ကျော် ပဲခူးရိုးမကို လက်နက်ကိုင်တော်လှန်ရေးသမားများက ပြောက်ကျားဒေသအဖြစ် ခြေကုပ်ယူလာကြသည်မှာ ၄ နှစ်ထဲ ဝင်လာပြီဖြစ်သည်။ ပဲခူးရိုးမသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြားတွင် တည်ရှိပြီး ဤဒေသသည် ရွာလုံးကျွတ်မီးရှို့မှုများ ဆက်တိုက် ပေါ်ပေါက်နေသော၊ တော်လှန်ရေးအင်အားစု နယ်မြေထိန်းချုပ်မှု အားကောင်းသော စစ်ကိုင်းတိုင်းနှင့် စစ်ရေးအခြေအနေ မတူညီပေ။ ပဲခူးတိုင်းတွင် စစ်ဌာနချုပ်များနှင့် စစ်တပ်အခြေစိုက်စခန်းပေါင်း ၈၀ ကျော်က ပဲခူးရိုးမကို ဝန်းရံ တည်ရှိနေပြီး လက်နက်စက်ရုံ အများအပြားလည်း ရှိနေသည်။ အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော၊ စစ်တပ်နယ်မြေဖြစ်သော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းများ ဝင်ရောက်အခြေချနေသဖြင့်…

  • ဝရမ်းရှင် ကြင်စိုး

    ဝရမ်းရှင် ကြင်စိုး

    by

    in

    (က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်က အားရပါးရ မိန့်တော်မူနေလေရာ အစိမ်းဒကာကျော် အဘစိမ်းမောင်က အားတက်သရော ထောက်ခံလျက် ရှိပေ၏။ အရွှင်အဘ စောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ပြုံးစ ပြုံးစနှင့် အလိုက်သင့် ခေါင်း‌တွေတညိတ်ညိတ် လုပ်‌နေကြကာ ကျွန်ု‌ပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြပါလေရာ များမကြာခင် တိုက်စစ်မြင်ရမည်ဟု ခန့်မှန်းရပါလေ၏ ခင်ဗျာ။ “ ‘ဝရမ်း’ ထုတ်တာတို့၊ ဝင်ဖမ်းမှာတို့ကို ခေါင်းမရှိတဲ့ကောင်တွေပဲ စွတ်ယုံကြတာ စိမ်းမောင်ရ” “မှန်ပါဘုရာ့၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရ မတဲ့လား၊ တပည့်တော်တို့က ကိုယ့်အချုပ်အချာနဲ့ ကိုယ်နေတာလေ” “အေးလကွာ၊ ပြီးတော့ တပ်ချုပ်ကြီးကို ဖမ်းဝရမ်းထုတ်ရအောင်ကလည်း ငါတို့နိုင်ငံက အဲသည် ‘ICC’ အဖွဲ့ထဲ ဝင်ထားတဲ့နိုင်ငံလည်း မဟုတ်ဘူးဟ” “အဲဒါကြောင့် ‌ပြောတာပေါ့၊ ‘တဖက်ပိတ်’ တွေဆိုတာ” “ဝါး…

  • မင်းအောင်လှိုင်  ဝန်ခံရပြီ

    မင်းအောင်လှိုင် ဝန်ခံရပြီ

    by

    in

    မင်းအောင်လှိုင် ဝန်ခံရပြီ ဒါမှမဟုတ် အရင်က အောက်လက်ဝန်ကြီးဌာနတွေကစာရင်းလိမ်တင်ခဲ့လို့ ဆိုပြီး အောက်လက်တွေအပေါ်ပုံချတော့မှာလား? NLD အစိုးရဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ သူလည်းတတ်နိုင်သလောက်လုပ်ခဲ့မှာပါ။ ဒါပေမယ့် သူအုပ်ချုပ်လိုက်ပြီးမှတိုင်းပြည်စီးပွားရေးဦးမော့လာခဲ့တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပေမယ့် ယခုအခုမှာတော့ မြေပြင်အခြေအနေနဲ့စာရင်းအခြေအနေတွေကွဲပြားနေတယ် စီးပွားရေး ကျရှုံးနေတာကိုထုတ်ဖော်ပြောကြားလာရပါပြီ။ သူညံ့လို့ ဝန်မခံချင်လို့ အောက်ကစာရင်းလိမ်တင်တာခံရတယ်ဆိုပြီး အပြစ်တွေကိုငယ်သားတွေဆီပုံချလိုက်တာပါ။ လက်ရှိတိုင်းပြည်အာဏာက မင်းအောင်လှိုင်လက်ထဲမှာပါ။ တိုင်းပြည်ရဲ့ကောင်းခြင်း ဆိုးခြင်းကို မင်းအောင်လှိုင် အပြည့်အဝတာဝန်ယူရမှာပါ။ NLD လက်ထက်လျှပ်စစ်မီးကို တောရွာတွေထိ တိုးချဲ့မီးပေးနိုင်ခဲ့ပေမယ့် မင်အောင်လှိုင်လက်ထက် တိုင်းပြည်ရဲ့လျှပ်စစ်လိုအပ်ချက် 35% သာပေးနိုင်တော့တဲ့ထိ ဆုတ်ယုတ်လာခဲ့တာပါ။ ဒါကလိမ်မရပါဘူး တတိုင်းပြည်လုံးအရှင်းကြီးမြင်တွေ့ခံစားနေရတာကို လျှပ်စစ်လုံလောက်ပါတယ်လိမ်ညာလို့မရပါဘူး။ အဘက်ဘက်ကကျဆုံးနေတဲ့ တိုင်းပြည်အခြေအနေကို အရင်လိုပြန်လုပ်နိုင်ဖို့ မင်းအောင်လှိုင် ဘာမှမတတ်နိုင်တော့ပါဘူး။ သူလုပ်နိုင်တာက ကျန်တဲ့နေရာတွေထပ်ဖျက်စီးမယ် ပြည်သူကိုရန်သူလိုသဘောထားမယ်ဆိုတာပဲ တတ်နိုင်ပါတော့တယ်။ လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်ရယူဖို့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ လက်လွတ်လိုက်တဲ့နေရာကို အုပ်ချုပ်ခွင့်မရအောင် အစွမ်းကုန်ဖျက်ဆီး ပြာပုံဘဝရောက်အောင်သာလုပ်နိုင်တော့တာပါ။…

  • ဟ — အဘကို ထူကြဦး

    ဟ — အဘကို ထူကြဦး

    by

    in

    ဟ — အဘကို ထူကြဦး။ 😂😂 ❝ ICC က ဖမ်းဝရမ်းထုတ်ပါပြီတဲ့။ တကယ်ဖမ်းမှာမို့လား— ဟဟ ❞ လုပ်နေ၊ ဟိုကဖြင့်မူးလဲနေပြီ။ ❝ အေး..တကယ်ဖမ်းချင်မှ ဖမ်းမှာ သိသားပဲ— ဟဟ ❞ နင်တို့ ဘောမတွေ ကလည်း နားဝေးလိုက်တာ။ ဖမ်းတာ၊ မဖမ်းတာ အဓိကမဟုတ်ဘူး။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) က ‘လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တဲ့ ရာဇဝတ်ကောင်’ လို့ တံဆိပ်တပ်ခံလိုက်ရတာ ငါတို့အတွက် အရမ်းကိုမြတ်တာ။ မင့်တို့ အဘ မင်းအောင်လှိုင် နာမည်က ICC မှာ ကမ္ဘာတည်သရွေ့တည်ရှိနေမှာ ပြဿနာပဲကွ။ အဲ့ဒီ့ နာမည်ဆိုးကြီးက မင့်အဘ မင်းအောင်လှိုင်ရဲ့တစ်သက်တာလုံး နောက်ယောင်ခံလိုက်နေမယ်၊ နောင်လာနောက်သား မျိုးဆက်တွေက အဲ့ဒီ့အရိပ် အောက်မှာနေရမှာနော်။…

  • Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း

    Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း

    by

    in

    “မင်းအောင်လှိုင်က ကမ္ဘာ့ချဉ်ဖတ်။ ဝရမ်းပြေး ဘဝနဲ့တော့ နိုင်ငံကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ဝရမ်းပြေးဘဝနဲ့ နိုင်ငံတွင်းမှာ နေလို့ရတယ်။ အာဏာကို ဆက်ပြီး ကိုင်ထားဖို့ တော်တော်လေးကို ခဲယဉ်းတယ်” Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်လာမယ့်…

  • ကာကွယ်ရေးစခန်းကို တိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး  ၂၀ ဦး သေဆုံး ဟုဆို

    ကာကွယ်ရေးစခန်းကို တိုက်ခိုက်သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ ဦး သေဆုံး ဟုဆို

    by

    in

    မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက်သည့် စစ်ကြောင်းကို မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Chauk Guerrilla Force(CGF) က ယနေ့ ( နိုဝင်ဘာလ ၁၈ရက်) တွင် ထုတ်ပြန်သည်။ ချောက်မြို့နယ် ၊ ဆည်ကန်ကျေးရွာအနီးရှိ CGF နှင့် ချောက်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအထိုင်ချထားသည့် ယာယီစခန်းကို အင်အား ၈၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာလ ၁၃ ရက် နံနက် ၈နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ “သတင်းကြိုတင်ရရှိခဲ့လို့ ကြိုတင်စောင့်နေပြီး လက်ဦးမှုရယူခဲ့တာဗျ ။ တိုက်ပွဲဖြစ် တာမရှိပါဘူး ။ မိုင်းဆွဲပြီးတာနဲ့ ပြန်လည်ဆုတ်ခွာလာခဲ့တာပါ” ဟု Chauk Guerrilla Force တာဝန်ခံ ကိုပိုင်…

  • သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်

    သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်

    by

    in

    မြန်မာစကားမှာ ‘သူခိုးရွှေရ တပြပြ’ ဆိုတဲ့ အသုံးအနှုန်းဆိုတာ တခါမှ မရဖူး၊ မပိုင်ဖူးသူဟာ နည်းနည်းအဖိုးတန်တယ်လို့ ထင်တဲ့ အရာတခုခု ရခဲ့ရင် လူတွေ သိအောင် မြင်အောင် ဟိုပြ ဒီပြ လုပ်နေတာမျိုးကို အထင်မကြီးတဲ့အပြင် မတော်မတည့်မို့ သူခိုးရွှေရ တပြပြ လုပ်တယ်လို့ ပြောဆို သုံးနှုန်း ရယ်မော လှောင်ပြောင်တတ်ကြပါတယ်။ အခုလည်း အာဏာလု အကြမ်းဖက်သမ္မတရူး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အဆင့်တောင် မဟုတ်ဘဲ ပြည်နယ်အဆင့်မျိုး ဆက်ဆံခံရတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၆၊ ၇ ရက်တွေက ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ခရီးစဉ်ဆိုတာ သူ့ရဲ့အာဏာလုသက်တမ်းမှာ တခါဖူးမှ မရဘူးသေးတဲ့အရာ ဆိုတော့ အထီးကျန်…

  • တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

    တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

    by

    in

    တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။ ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။ အမှတ်စာရင်း ကြေညာပြီးတော့…

  • ဘုတလင်မျက်ရည်

    ဘုတလင်မျက်ရည်

    by

    in

    ဘုတလင်မျက်ရည် ဒီခြံစည်းရိုးမှာ အမေ့သားကြီး ဦး6ခါc်းကို ချိတ်ဆွဲသွားခဲ့တာပေါ့။ သူ့ခန္ဓာကတော့ ဘယ်ဆီမှန်းမသိ။ လူတယောက်ပါ အရပ်ကတို့ရယ်။ ရှင်တို့ ကျုပ်တို့လိုပဲ ရယ်တတ် ငိုတတ် ကြောက်တတ်တဲ့ လူသားစစ်စစ်ကြီးတယောက်ပါ။ ဘာလို့များ သူ့ကို ဒီလိုရ၊_က်စ၊_က်သွားရသလဲ? အမယ်အို ကိုလုပ်ကျွေးခဲ့တယ်။ ရပ်ရွာကို ကာကွယ်ခဲ့တယ်။ ဘာသာတရားကို လေးစားရိုကျိုးခဲ့တယ်။ ကိုယ့်မြေမှာ ကိုယ်နေပြီး မိစ္ဆာတွေကို လက်မခံခြင်းတခုကပဲ သူ့မှာ အပြစ်ကြီးဖြစ်လေရော့သလား? အမေ့သားကို ဘာလို့ ဒီလို လုပ်သွားရတာလဲဟင်။ ဒီခြံစည်းရိုးတိုင်လေးတွေကို မေးမိတယ် အမေ့သားကြီး ဘယ်လောက်တောင် နာကြင်ခဲ့ရှာမလဲ? အမေ့သားရဲ့ နောက်ဆုံးထွm်သm်ကလေးဟာ ဒီတိုင်လေးတွေမှာ တွယ်ငြိနေမလား? အဖြစ်ဆိုးလှချေရဲ့လို့ ညည်းတွားရမှာထက် မယုံနိုင်အောင်ကို ဖြစ်မိခဲ့တာ။ လောကမှာ ဒီလောက်ဆိုးရွားတဲ့ wုတ်မာသူတွေဆိုတာ ရှိနေတယ်တဲ့လား? လူသားတယောက်ကို လူသားလို ဆက်ဆံသင့်တယ်။ လူနဲ့လူချင်း…

  • နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

    နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

    by

    in

    နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Miss Grand International(MGI) ပြိုင်ပွဲအပြီးတွင် မြန်မာအလှမယ် နှင့် National Directorတို့၏ အပြုအမှုအ​ပေါ် နိုင်ငံတကာမှ ပြိုင်ပွဲ ပရိတ်သတ်များက အပြင်းအထန် ​ဝေဖန်​နေကြသည်။ ပြိုင်ပွဲတွင် တတိယဆု (Second runner up)ရပြီး မ​ကျေမနပ်ဖြစ်​​နေ​သော MGI အတွက် မြန်မာနိုင်ငံNational Director ထူးအံ့လွင်က မြန်မာအလှမယ်စင်ပေါ်မှဆင်းလာစဥ်ခေါင်းပေါ်မှ တတိယဆု အတွက်​ပေး​​သော သရဖူကို ​ဒေါသတကြီးဖြုတ်ချခဲ့သည်။ ထို့အပြင် စလွယ်ကိုလည်း အတင်းဆွဲဖြုတ်ခဲ့သည်ကို အွန်လိုင်း၌ တင်ထားသည့် ဗီဒီယိုများ၌ တွေ့မြင်ရသည်။ ထို့​နောက် အလှမယ်ကို ပွဲမှအပြင်သို့အ​လောတကြီး ဆွဲ​​ခေါ်သွားပြီး ငို​နေ​သော အလှမယ်ကိုဓါတ်ပုံ ၊ဗီဒီယို ရိုက်​နေသည်ကိုလည်း ထူးအံလွင်က “အဲကင်မရာ…