Tag: Feature

  • ရွှေဝါဆပ်ပြာတုံးတွေလွှမ်းခြုံလို့ ရွှေဝါရောင်နိုင်ငံတော်ကြီးဖြစ်လာပီ

    ရွှေဝါဆပ်ပြာတုံးတွေလွှမ်းခြုံလို့ ရွှေဝါရောင်နိုင်ငံတော်ကြီးဖြစ်လာပီ

    by

    in

    နိုင်ငံခြား ထုတ်ကုန်နေရာမှာ ကိုယ့်ပြည်တွင်းက ထုတ်ကုန်တွေ ဝံ့ဝံ့ကြွားကြွား နေရာယူလာဖို့ ဆိုတာ ခေတ်အဆက်ဆက် ခေါင်းဆောင်တိုင်းရဲ့ အိမ်မက်ဖြစ်မှာပါ။ တပ်မတော်လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကုန်မောင်းထုတ်လိုက်နိုင်ပြီး၊ နိုင်ငံခြား သွင်းကုန်တွေ အကုန်ပိတ်ဆို့နိုင်လိုက်ပြီမို့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ခင်ဗျားတို့အိမ်မှာ မိုင်လိုတွေ / အိုဗာတင်းတွေ ရှိသေးရင် သေချာ အရသာခံသောက်ပြီး အရသာကို ချရေးထား။ နောက်မျိုးဆက်တွေမေးရင် ဖြေလို့ရအောင်။အိမ်က အဖေတော့ ညဘက် မီးထွန်းဖို့ဆိုပြီး ရေနံဆီမီးခွက်ကြီး ပြန်ထုတ်လာတယ်။ လမ်းထိပ်က ဗွီဒီယိုရုံလေးမှာ ရုံဝင်ကြေးပေးပြီး ကြည့်ရတဲ့ ငယ်ဘဝ အငွေ့အသက်လေးတွေ ပြန်တွေးကြည့်မိပြီး ကြည်နူးမိ။ ဘယ်တော့မှ ပြန်မရတော့ဘူးလို့ ထင်ထားတဲ့ ငယ်ဘဝလေးရေ။ ဟိုအရင်ကလို လမ်းဘေးဖုန်းကနေ သူမ အိမ်ကို ဖုန်းခေါ်လိုက်ရင် ဆိုတဲ့ အတွေးလေးကြောင့် ရင်ခုန်သံတွေ မြန်ပြီး…

  • ဒီရက်ထဲ တော်-လှ-န်ပြ-ည်-သူများ အားမလိုအားမရ ဖြစ်နေတဲ့ ဓာ-တ်ငွေ့ပို-က်လိုင်းကြီးသတင်း တက်လာပါလိမ့်မယ်

    ဒီရက်ထဲ တော်-လှ-န်ပြ-ည်-သူများ အားမလိုအားမရ ဖြစ်နေတဲ့ ဓာ-တ်ငွေ့ပို-က်လိုင်းကြီးသတင်း တက်လာပါလိမ့်မယ်

    by

    in

    ဒီရက်ထဲ တော်-လှ-န်ပြ-ည်-သူများ အားမလိုအားမရ ဖြစ်နေတဲ့ ဓာ-တ်ငွေ့ပို-က်လိုင်းကြီးသတင်း တက်လာပါလိမ့်မယ်။စကစကပဲ လုပ်မှာပါ။ပြီးရင် တော်- လှ-န်-ရေးဘက်က လုပ်သလိုမျိုး ဝါ-ဒဖြ-န့်ပါလိမ့်မယ်။မအလရဲ့ စိနခရီးစဉ် မတိုင်ခင် ဖြစ်နိုင်ပါတယ် ။ဒါမှ မျ-က်ရ-ည်ချူကွက်ရမှာဖြစ်ပါတယ်။ ” သာကော ကျူးမီးငါး ” ညီလေး တကယ် အ-ဆော်ခံနေရတာ မနိုင်တော့ပါ။အနော-က်နို-င်ငံတွေ ပါလာ ပါပြီပေါ့။တကယ်တမ်းသာ ပြ-ည်ပအထော-က်အပံ့ရှိရင် နပတတောင် တစ်ရက်တ-ည်းနဲ့ သိ-မ်းလို့ရပါတယ်။ လူ-သ-စ်စု ဥပဒေအရ အတ-င်းအ-ဓမ္မ စုဆောင်းခံရ မှာ ကို စိုး-ရိ-မ်နေတဲ့ မိဘပြည်သူများ ခင်ဗျာ။မင်္ဂ -လာ-ဒုံမြို့နယ်နဲ့ ပြ-င်ဦး-လွ-င် ပြ-င်စ-ည်ကျေးရွာ ဘက်ကို ရှော-င်တိ-မ်းလို့ရပါတယ်။အဲဒီနေရာ နှစ်ခုမှာ လစဉ်ကြေး ပေးဆောင်ရင် လွ-တ်က-င်း ခွင့်ပြုမယ် ဆိုပြီး အု-ပ်ချု-ပ်ရေး-မှူး-တွေ ကို-ယ်တိုင်ပေါ်တင် ပြောဆိုနေကြပြီဖြစ်ပါတယ် 🤭🤭🤭 ဘု-တလ-င်…

  • ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ

    ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ

    by

    in

    Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။ ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက်‌ မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။ “(​ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။ Miss Grand…

  • PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

    PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

    by

    in

    စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မော်လူးကို သိမ်းပိုက်ထားပြီး အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်တို့တွင် PDF အမှတ် ၁ စစ်ဒေသမှ အင်အားများ စုစည်းပြီး မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသကဲ့သို့ စစ်ကိုင်းတိုင်း တောင်ပိုင်းတွင်လည်း ရှိသည့်အင်အားကို စုစည်း၍ တိုက်ပွဲငယ်များ တိုက်နေသည်ကိုတွေ့ရ၏။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလတွင်း စစ်ကိုင်းတိုင်းတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတိုက်ပွဲနှင့် ဘုတလင်တိုက်ပွဲမှာ လူသိများသည့်၊ အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့သည်။ ၃၅ ကီလိုမီတာခန့်သာဝေးသည့် မြို့နှစ်မြို့၌ တလခွဲအတွင်း အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့၏။ စံနမူနာပြုရမည့် တိုက်ပွဲများဖြစ်၏။ ဒီပဲယင်းတိုက်ပွဲ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး ဒီပဲယင်းမြို့ထဲရှိ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊…

  • ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ

    ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ

    by

    in

    🔺ရန်ကုန် မန္တလေးက ဇိုးတွေ ဘယ်အချိန် ရှင်းခံရမလဲ🔺 တော်လှန်ရေး အားကောင်းတဲ့ အညာဒေသမှာလဲ ခေတ်အဆက်ဆက် ရဲနဲ့ပေါင်းပြီး ထောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ခိုးဆိုးလုနှိုက်တွေ ရှိခဲ့တယ်.. အထူးသဖြင့် ဆိုင်ကယ် သူခိုးတွေ များပါတယ်.. မင်းအောင်လှိုင် အာဏာသိမ်းပြီး နောက်ပိုင်း သူခိုးဂျပိုးတွေကို ထောင်ကနေ လွှတ်ပေးခဲ့တယ်.. ခေတ်က မကောင်းရတဲ့အထဲ သူခိုးဂျပိုးရန်ပါ ကြောက်ရတော့ ရပ်ရွာက ပိုပြီး မအေးမချမ်း ဖြစ်ရပါရောလား.. မကြာပါဘူး လက်နက်ကိုင် တော်လှန်ရေး စဖြစ်လာတယ်.. တူမီးခေတ်ကတည်းက အညာဒေသ တချို့မြို့တွေမှာ တော်လှန်ရေး ရဲဘော်တွေက သူခိုးဂျပိုးတွေကို စပြီး ရှင်းလင်းရေး လုပ်ခဲ့တယ်.. ပစ္စည်းခိုးရုံမက ပြည်သူတွေကိုပါ ရန်ရှာလေ့ရှိတဲ့ နာမည်ထွက်ပြီးသား လက်ရဲဇက်ရဲ သူခိုးဂျပိုးတွေကိုတော့ ထောင်ကထွက်လာလို့ မိတာနဲ့ ကိစ္စတုံး…

  • ရှမ်း-မန်း စစ်ဆင်ရေး အတွင်းက အညာသား တော်လှန်ရေး ရဲဘော်တွေ

    ရှမ်း-မန်း စစ်ဆင်ရေး အတွင်းက အညာသား တော်လှန်ရေး ရဲဘော်တွေ

    by

    in

    အညာဒေသ ရွှေဘိုခရိုင် PDF တပ်ရင်း – ၂၆ က ရဲဘော်‌ ‌ကျော်လှိုင်မင်း တစ်ယောက် စစ်ရေး အတွေ့အကြုံ ရဖို့နဲ့ လက်နက် ရရှိဖို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ရှိရာ ရှမ်းမြောက်ဒေသကို တပ်ရင်းက ရဲဘော်ရဲဘက် ၁၀၀ ကျော်နဲ့ အတူ အခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ခွာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရဲဘော်ကျော်လှိုင်မင်းဟာ လေးနှစ်အရွယ် သားတစ်ဦး၊ ချစ်ရတဲ့ ဇနီးသည်နဲ့ အတူ ပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရေး လက်နက်ကိုင် တော်လှန်ဖို့ ရွေးချယ်ခဲ့ပြီးနောက် လိုအပ်တဲ့ စစ်ရေး အတွေ့အကြုံနဲ့ လက်နက် ရရှိဖို့အတွက် အခုလို ရှမ်းမြောက် ဒေသဆီ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ “သူကတော့…

  • သူပုန့် သား

    သူပုန့် သား

    by

    in

    “အံ့ပါရဲ့အေ၊ အံ့ပါရဲ့။ သားပစ်၊ မယားပစ်၊ အိုးပစ်၊ အိမ်ပစ်နဲ့။ မိနွယ်ရေ ညည်းတော့ ကတော်တော့ ကတော်ပဲ သူပုန်ကတော်ဖြစ်တာ” ဟဲ့။ ဖေဖေ့အမျိုးတွေ ထိုသို့ပြောလာတိုင်း မေးကြောတွေထောင်လာတဲ့အထိ အံကြိတ်ထားရုံမှလွဲပြီး မေမေဘာမှပြန်မပြော။ ဖေဖေ့အမျိုးတွေ ဖေဖေ့အကြောင်း ပြောတဲ့နေ့ဆိုရင် ညအိပ်ရာဝင်တိုင်း မေမေငိုပါလေရော။ မေမေငိုတိုင်း သားသားရင်ထဲမှာလည်း ဝမ်းနည်းသလိုလို ဖေဖေ့ကို သတိရသလိုလို။ ဖေဖေ အိမ်ကထွက်မသွားခင်တုန်းက သားသားတို့အိမ်ဟာ အခုလိုမဟုတ်။ သားသားလည်း ထမင်းကြမ်းပဲ မစားရ။ မနက်စောစော သားအဖနှစ်ယောက် လမ်းလျှောက်၊ သွေးပူလေ့ကျင်းခန်းလုပ်၊ အကြောလျှော့။ ပြီးတာနဲ့ ဖေဖေ့ဂုတ်ပေါ်ထိုင်လိုက်ပြီး လက်ဘက်ရည်ဆိုင်ကို သွားရတာ ပျော်စရာကောင်းတယ်။ စနေ၊ တနင်္ဂနွေညတွေဆို ရွာထဲက လက်ဘက်ရည်ဆိုင်မှာ ဖေဖေနဲ့ ဘောပွဲလိုက်ကြည့်ရတယ်။ အာဆင်နယ်အသင်း ကန်တဲ့ပွဲဆိုရင် ဘယ်ချိန်ဖြစ်ဖြစ် သားသားကိုနှိုးပြီး မေမေမသိအောင်…

  • Mpox ကျောက်ရောဂါ သတိပြုပါ

    Mpox ကျောက်ရောဂါ သတိပြုပါ

    by

    in

    Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတိပြု ​​ရှောင်ကျဥ် နိုင်ရန် အမျိူးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာ​ရေးဝန်ကြီးကသြဂုတ် ၂၂ ရက်တွင်ထုတ်ပြန်​သော ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်ကို People’s Spring ကဖော်ပြ​ပေးလိုက်ပါသည်။ 🔴 အဓိကအချက်များ 🦠 Mpox ကျောက်ရောဂါသည် Monkeypox ဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး Clade I နှင့် Clade II ဟူ၍ မျိုးကွဲ ၂ ခု ရှိပါသည်။ 🦠 အဖြစ်များသော လက္ခဏာမှာ အရေပြားတွင် အနီစက်၊ အနီကွက်များ (၂) ပတ်မှ (၄) ပတ်ကြာသည်အထိ ဖြစ်ပွားနိုင်ပါသည်။ အနီစက်၊ အနီကွက်များ ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် ထွက်ပေါ်ပြီးနောက် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ…

  • ဒီပဲယင်း…

    ဒီပဲယင်း…

    by

    in

    ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်…။ ကဗျာဆရာ လှသန်း ရဲ့ ကြည်မောင်သန်း ကလောင်အမည် နဲ့ ဒီပဲယင်း ကို ဖွဲ့တဲ့ “ဒီပရင်္ဂ” ကဗျာထဲက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ရွတ်ဖတ်ရတဲ့ စာကြောင်းလေးတွေ…။ မကြာသေးခင် ရက်ပိုင်းက နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့ လက်သီးဆုပ်လိုက် မိသေးတယ်။ ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း စကစ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း ရွာက သွေးစွန်း…

  • ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

    ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

    by

    in

    လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသော်လည်း ဒေါ်ရတီအုန်း အပါအဝင် နေအိမ်ရှိ လူများသည် အန္တရာယ်ကို ဂရုမစိုက်နိုင်အား။ ဗိုက်နာနေသည်မှာ ၁၅ နာရီခန့် ရှိပြီဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုသာ စိတ်ပူနေကြပြီး ဒေါ်ရတီအုန်းမှာလည်း ယင်းကိုယ်ဝန်ဆောင် အမြန်ဆုံး မီးဖွားနိုင်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်နေသည်။ သားဖွားဆရာမအဖြစ် ကူညီနေသည့် ဒေါ်ရတီအုန်းအတွက် ယခုအတွေ့အကြုံသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့်လည်း စိုးရိမ်ပူပန်မှုက အပြည့်။ သားဖွားဆရာမဖြစ်သူ မိခင်ထံမှ လက်ဆင့်ကမ်း အတွေ့အကြုံများနှင့် မိတ်ဆွေ သားဖွားမီးယပ်ဆရာဝန်၏ ဖုန်းဖြင့် အကြံပေးမှုများအတိုင်း ဒေါ်ရတီအုန်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ နှစ်နာရီခန့်အကြာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့သည်။ သို့သော်လည်း ယင်းအချိန်က ဖြစ်ခဲ့သည့် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုကို သူ မမေ့။ လက်နက်ကြီး ပစ်ခတ်သံများကြား ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရသည့် ကလေး၏ဖခင်မှာ…