တမူးမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်မှု စစ်ကောင်စီဘက်တော်သား ၆ ဦးဖမ်းမိပြီး KNA – Burma ရဲဘော် ၂ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း၊ အောင်ဇေယျကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်သတင်းပေး ၆ ဦးဖမ်းမိပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က တမူးမြို့နယ် အထက်ပိုင်း အောင်ဇေယျကျေးရွာရှိ စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့များ၏ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်မှ ထောက်လှမ်းရေးသို့မဟုတ် စစ်တပ်အတွက် သတင်းပေး သူဟု ယူဆရသော ၆ ဦးကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။ ယင်းအကြမ်းဖက်စစ်တပ်စန်ကို ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ကူကီးအမျိုးသားတပ်မတော် … Read more