ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး လူတင်ယာဉ်တစ်စီးနှင့်အတူ ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၅ ရက်နေ့က ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဆရာဝန် ဦးနေဇာအောင်သည် ကနီမြို့နယ် ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီးနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ – ADPRA ထံအလင်းဝင်ရောက်ခဲ့ပြီး ၎င်းကို နွေးထွေးစွာကြိုဆိုကာ ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ “ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ဌက်ဖျားဌာနက PS အဆင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဦးနေဇာအောင် ပေါ့၊ သူက ကနီမြို့နယ်ပြည်သူ့ဆေးရုံဆိုတဲ့ Ambulance ကားကိုယူပြီးတော့ ကျနော်တို့ ယင်းမာပင် ခရိုင်တပ်ရင်း … Read more