“တာမွေ” သွေ။းစွန်းရပြန်ပီ💔🥀

တာမွေမှာ ဆန္ဒပြလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ နှစ်ဦးသေဆုံး ရန်ကုန်မြို့ တာမွေမြို့နယ် သီတာလမ်းထိပ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြလူငယ် နှစ်ဦးသေဆုံးပြီး ဆန္ဒပြအဖွဲ့ဝင်လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြ သပိတ်အင်အားစုတွေက ပြောပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လောင်စာဆီဈေးနှုန်းမြင့်တက်တာ၊ လောင်စာဆီလုံလောက်မှုမရှိဘဲ ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုတွေက ကားလမ်းတွေပေါ်မှာ တာယာကွင်းတွေကို မီးရှို့ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။ ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “နှစ်ယောက်ကျဆုံးပါတယ်။ ရန်သူက ရန်သူလိုပဲ ဆက်ဆံတာပါ။ ယူနီဖောင်းတောင် မဝတ်ရဲဘဲ အရပ်ဝတ်နဲ့ ဖမ်းဆီးပစ်သတ်တယ်ဆိုထဲက သူတို့ရဲ့လုပ်ရပ်ကိုသာ စဉ်းစားကြည့်ပါ” သေဆုံးသွားတဲ့ လူငယ်နှစ်ဦးဟာ … Read more

မိုင်းကွင်းစောင့်နေတဲ့ PDF ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့တောင်ဘက်မှာရှိတဲ့ တောတွင်းတနေရာမှာ မိုင်းကွင်းနေစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ထဲက ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ဟာ မိုင်းကွင်းစောင့်ဖို့ အုပ်စု ၃ စုခွဲပြီး တောထဲမှာ စောင့်နေချိန် စစ်ကောင်စီတပ်သားတွေက သိရှိသွားပြီး ဒီဇင်ဘာ ၅ ရက် ည ၂ နာရီလောက်မှာ မိုင်းကွင်းစောင့်နေတဲ့ ရဲဘော် ၇ ဦးထဲက ၆ ဦးကိုသတ်ဖြတ်သွားပြီး ကျန်တဦးကိုတော့ အရှင်ဖမ်းဆီးသွားခဲ့ပါတယ်။ အသတ်ခံရတဲ့ ရဲဘော် ၆ ဦးထဲမှာ ၄ ဦးက သေဆုံးသွားပြီး ကျန် ၂ ဦးကတော့ ဓားဒဏ်ရာတွေနဲ့ အသက်ရှင်လျက် ကျန်ရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့ ရဲဘော် … Read more

စစ်ကောင်စီ လက်အောက်က ဆင် နဲ့ ဆင်ထိန်း တွေ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာ

ပဲခူးတိုင်းအတွင်း စစ်ကောင်စီလောက်အောက်က ပြည်သူ့ဆင် ၁၆ ကောင် ၊ ဆင်ထိန်း ၁၆ ဦးနဲ့ မိသားစုဝင် ၉၀ ဦးခန့်ဟာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အလင်းဝင်ရောက်လာတာက စက်တင်ဘာ နဲ့ အောက်တိုဘာလတွေမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှတော့ အဆိုပါ ဆင် ၊ ဆင်ထိန်း နဲ့ ဆင်ထိန်းမိသားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်းကောင်းလေးလာပီ…ဗမ တွေကြီးဘဲ(၁၇)ပွဲ

စစ်ကောင်စီ ဗိုလ်မှူးချုပ်အဆင့်ဟုယူဆရသူအပါအဝင် ဆယ့်ခုနစ်ဦးကို ကိုးကန့်တပ်မတော် ရှင်းလင်းနိုင်ခဲ့ စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ရှောင်ကိုင်ကြည်၊ လိမ်ရှမ်နဲ့ ရှောက်ပိုက်အိုက်မှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၇ ဦးကို ကိုးကန့်တပ်မတော်က မနေ့က ဒီဇင်ဘာ ၇ ရက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ချေမှုန်းခံရသူများထဲတွင် စစ်ကောင်စီ ဗိုလ်မှးချုပ်အဆင့်ရှိသူဟု ယူဆရသူ တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသ တာရင်တောင်နဲ့ လောက်ရှုကုတ်နေရာတကြောမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန်များ အင်အားပြန်လည်စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းချိန် မြောက်ဘက်ခြမ်း ရှီးရှမ်းဒေသတကြောမှာရှိတဲ့ ကိုးကန့်တပ်မတော်က စစ်ကောင်စီအဖွဲ့များကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပြန်လည်တိုက်ထုတ် ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ ဒီဇင်ဘာ ၇ ရက်ကလည်း ရှီးရှမ်းဒေသ ဖုန်းချွင်တောင်နဲ့ ရှောက်ကိုင်ကြည်နေရာကို … Read more

ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ

ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသမှ စစ်တပ် အကြွင်းအကျန်တပ်ဖွဲ့ဝင်များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိကြောင်း၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ ကိုးကန့်တုန်ရှမ်းဒေသ တာရင်တောင်နှင့် လောက်ရှုကုတ်နေရာတကြော … Read more

မုံရွာ၊ အရာတော်နှင့် ဘုတလင်မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စွဲရာနေရာများအား ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာ၊ အရာတော်နှင့် ဘုတလင်မြို့နယ်တို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ နေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ဒီဇင်ဘာ ၂ရက် ညနေက ဘုတလင်မြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)နှင့် ရဲစခန်း၊ ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဘုတလင်မြို့ကြေးရုပ်အနီးနှင့် မိုးကျောင်းရှေ့ရှိ စစ်ကောင်င်္စတပ်သားများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ ဒီဇင်ဘာ၄ ရက်ကပင် အရာတော်မြို့နယ်၊သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်သားများအား သုံးကြိမ်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers (DGF-တပ်ခွဲ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သားများနှင့် သာစည်ရဲစခန်းတို့ကို ဗုံးဖြင့် သုံးကြိမ်ချ တိုက်ခိုက်ခဲ့သည်။ သာစည်ရဲစခန်းဖြစ်စဥ်တွင် ဘန်ကာပျက်စီးပြီး စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူများကို … Read more

အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်သိမ်းလိုက်ပီ😍

TNLA က သိမ်းပိုက်ရရှိသော မိုင်းလုံ မြို့နယ်ရှိ စစ်ကောင်စီစခန်းတွင် စစ်သားများ သေဆုံးနေပြီး လက်နက်ခဲယမ်းများရရှိ၊ အရှင်ဖမ်းမိသူ ၅ ဦးရှိ (ရုပ်/သံ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်ရှိ စစ်တပ် စခန်း ကို TNLA က သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA က ပြောဆိုသည်။ ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၅ မိနစ်တွင် မိုင်းလုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းမှ စစ်သုံးပန့် ၂ ဦး၊ ရဲ ၃ ဦး၊ ၆၀နှင့် ၈၀ မမ လက်နက်ကြီးအပါအဝင်၊ … Read more

တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသည့် ဗိုလ်မှူးကြီး ၂ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး ၂ ဦးကို အကြမ်းဖက် မင်းအောင်လှိုင်က သူရဘွဲ့ ပေးအပ်

■ နိုင်ငံတစ်ဝန်း နွေဦးတော်လှန်ရေး တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်အရာရှိများ၊ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းအများစုကို စစ်ကောင်စီက ဘွဲ့များ ပေးအပ် အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးသွားကြသော စစ်အရာရှိများ၊ ရဲများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဘွဲ့များ ယနေ့ ပေးအပ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးသည့် ဗိုလ်မှူး ကြီး ၂ ဦးနှင့် ဒုတိယဗိုလ်မှူးကြီး ၂ ဦးကို သူရ ဘွဲ့ ပေးအပ်ကြောင်း သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဒီဇင်ဘာ ၇ ရက်နေ့တွင် တိုက်ပွဲကျ စစ်အရာရှိ ၄ ဦးကို စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်ဘွဲ (သူရဘွဲ့) ၄ ဦး၊ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ၃၅ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များ၊ … Read more

တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင် နေအိမ် ၁၂ လုံးမီးထဲသွား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာ ၇ ရက်)နံနက် ၁၁ နာရီ မိနစ်၄၀ခန့်က မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၊ နန်းကြီးရပ်ရှိ မင်းနှစ်ပါးနတ်နန်းအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၁နာရီခန့် ကြာလောင်ကျွမ်းခဲ့ပြီး နေအိမ်၁၂လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “မင်းနှစ်ပါးနန်းတော် တောင်ဘက်ပိုင်း ဘာမှကို မကျန်တော့ဘူး။ နန်းတော်တော့ အထိအခိုက်မရှိဘူး။”ဟု တောင်ပြုံးဒေသခံတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ လက်တလော မသိရသေးပေ။ တောင်ပြုံးမင်းနှစ်ပါးနတ်နန်းသည် မြန်မာနိုင်ငံ၌ နတ်ကိုးကွယ်သူများအကြား ထင်ရှားသည့်နေရာတစ်ခုဖြစ်ပြီး နှစ်စဥ်ဝါခေါင်လရောက်တိုင်း ကိုးကွယ်သူများဖြင့် စည်ကားလေ့ရှိသည်။ တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ – CJ

မောင်တောနယ်စပ်ကုန်သွယ်ရေးကားလမ်း နေရာအများစုကို ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားပြီ

မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက်အလွန်အ ရေးပါတဲ့အငူမော်-မောင်တောကားလမ်းက နေရာအ များစုကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီ လို့ စစ်ကောင်စီအသိုင်းအဝိုင်း၊နယ်ခြားစောင့်တွေနဲ့ဒေသခံပြည်သူတွေက အတည်ပြုပြောကြပါတယ်။ အဲဒီအငူမော်-မောင်တောကားလမ်းမပေါ်ရှိ ရသေ့တောင်မြို့နယ်က ဒုံးပိုက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီအပြင်အင်အားများတဲ့အထိုင်စခန်းကြီးချိန်ခါလိန်စခန်းကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် အငူမော်ဆိပ်ကမ်းအထိုင်စခန်းနဲ့တခြားစခန်းတွေကို စစ်ကောင်စီဘက်က ရုပ်သိမ်းထွက်ပြေးသွားခဲ့တယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။ အဲဒီကားလမ်းပေါ်ရှိ ဗောဓိကုန်းစစ်ဆေးရေးဂိတ်အ ထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့မနက်ကဝင်ရောက်တိုက်ခိုက်သိမ်းယူ ခဲ့ပါတယ်။ အဲဒါကြောင့်အငူမော်-မောင်တောကားလမ်းပေါ်မှာ အင်းဒင်စစ်ဆေးရေးဂိတ်တစ်ခုသာကျန်ပြီးနယ်စပ်ကုန်သွယ်ရေးကားလမ်းနေရာအများစုကို ရက္ခိုင့်တ ပ်တော်(AA)ကထိန်းချုပ်ထားပြီလို့ ဆိုကြပါတယ်။ ”ခုက အငူမော်-မောင်တောကားလမ်းမှာအင်းဒင်စစ် ဆေးရေးဂိတ်တခုပဲကျန်တယ်။တခြားစစ်ဆေးရေးဂိတ်တွေကအသိမ်းခံရတယ်။ရုပ်သိမ်းလိုက်ရတယ် ။ဒီနေရာကလည်းတပ်ရင်းရှေ့မှာမို့ပါ။ဒီဂိတ်လည်းနေဝင်ရင်ဘယ်သူမှမနေကြတော့ဘူး။”လို့ အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ်ရင်းမှနယ်ခြားစောင့်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။ အဲဒီအငူမော်-မောင်တောကားလမ်းမှာ အမှတ် ၆ န ယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ်ရင်းနဲ့မောရဝတီဗျူဟာစတဲ့ တပ်ရင်းကြီးနှစ်ခုသာကျန်တော့ပြီး အငူမော်ဆိပ်ကမ်းကနေအင်းဒင်တပ်ရင်းအနီးထိ ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီးလို့လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက … Read more