ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ်နဲ့ ရေဦးနယ်ပျူစောထီးရွာကိုတိုက်ခိုက်၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးလာ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ နောက်လိုက်တွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်၁စစ်ဒေသရဲ့ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်တွေပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ PLA ဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ယနေ့မနက်အစောပိုင်းမှာ ကားဘိုးအနောက်ဘက်က စစ်အုပ်စုနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ အောင်သာယာရွာကို ဆောင်ဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “လောလောဆယ်သိရသလောက်က ရန်သူ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရရှိကာ ရန်သူ စစ်သုံ့ပန်း ၇ ဦးဖမ်းလာနိုင်ခဲ့ပါတယ်။အသေးစိပ်အခြေအနေကတော့ မြေပြင်ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးလို့ ညနေပိုင်းလောက်မှထပ်မံထုတ်ပြန်ပေးပါ့မယ်ဗျ”လို့PLA ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ တိုက်ပွဲအတွင်းမှာ ပျူရွာတရွာလုံးကိုသိမ်းပိုက်နိုင်ဖို့ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူများ ရောက်ရှိလာမှု​ကြောင့် ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူကာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။ လက်ရဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်း ၇ယောက်ကိုတော့ PLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားမယ်လို့သိရပြီး … Read more

အခွန်မဆောင်သူများ ပြားလွန်း၍ ဝန်ကြီးဌာနတိုင်း အခွန်ကောက်ခံပေးရန် မင်းအောင်လှိုင် လျှို့ဝှက် ညွှန်ကြား

အကြမ်းဖက်စစ်ခေါင်းဆောင်က အခွန်မဆောင်သူ များပြားလွန်းနေ၍ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အခွန်အပြည့်အ၀ ရရှိစေရေး ကောက်ခံပေးရန် လျှို့ဝှက် ညွှန်ကြား လိုက်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးအမှတ်စဉ် ၆ / ၂၀၂၃ တွင် မင်းအောင်လှိုင်က “အစိုးရတစ်ရပ်အနေဖြင့် အခွန်ပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများက အခွန်ကို ဖိဖိစီးစီးနှင့် အပြည့်အ၀ ရရှိအောင် ကောက်ခံပေးရန် ညွှန်ကြားကြောင်း သိရှိရသည်။ “အခွန်ကိစ္စဆိုတာက ဝန်ကြီးဌာနတိုင်းမှာ တာဝန်ရှိတယ်။ အခွန်ဌာနပဲ တာဝန်ရှိတာမဟုတ်ဘူး။ အခွန်တွေ ရအောင် ကောက်ပေးကြဖို့ ညွှန်ကြားတာပါ။ ဝန်ကြီးဌာနတိုင်းကို ညွှန်ကြားတာ။ အခု အခွန်တွေမရလို့ အခက်အခဲ အရမ်းဖြစ်နေတယ်။ ဒါကို ပြေလည်အောင်လုပ်ဖို့ ဝန်ကြီးဌာနတိုင်းက အခွန်ကောက်ပေးဖို့ … Read more

မန္တလေးခရိုင်တရားရုံးကို ဝင်စီးမယ့်အကြောင်း PDF က တရားရုံးထဲ အသိပေးစာကပ်

မန္တလေးခရိုင်တရားရုံးကို ဝင်စီးမယ့်အကြောင်း PDF က တရားရုံးထဲ အသိပေးစာကပ် မန္တလေးမြို့ပေါ်ရှိ မန္တလေးခရိုင်တရားရုံးကို ဝင်ရောက်စီးနင်းမယ့်အကြောင်း မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခရိုင်တရားရုံးထဲအထိ ဝင်ရောက်ကာ ကြိုတင်အသိပေးစာ ကပ်သွားတာကြောင့် တရားရုံးဝန်ထမ်း တချို့ထွက်ပြေးကာ တရားခွင်ပါ ယာယီရပ်နားလိုက်ရတယ်လို့ တရားရုံးအသိုင်းဝိုင်းက နေသိရပါတယ်။ နိုဝင်ဘာ ၂၄ ရက် မနေ့ မနက် ၁၁ နာရီလောက်မှာ မန္တလေးခရိုင်တရားရုံးအဆောက်အဦအတွင်းကို ဝင်စီးမယ့်အကြောင်းအပါအဝင် သတိပေးစာကပ်သွားတာလို့ သိရပါတယ်။ “အတွင်းထဲအထိ ဝင်ကပ်သွားတာ။ အမှုသည်တွေရော၊ ရှေ့နေတွေ အကုန်ထွက်ပြေးကြတာ။ ဘယ်သူကပ်သွားလဲ မသိလိုက်ကြဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ စာကပ်သွားပြီးနောက် ရဲတွေရောက်လာပြီး တရားရုံးအဝင်အထွက် အားလုံးပိတ်လိုက်တယ်လို့ သိရပါတယ်။ တရားရုံးဝန်ထမ်းတွေပါ ထွက်ပြေးကြတာကြောင့် ထွက်ပြေးတဲ့ ဝန်ထမ်းစာရင်းကိုပါ ရဲတွေကယူသွားတယ်လို့ သိရပါတယ်။ တရားရုံးထုတ်နေတဲ့အချိန်ဖြစ်ပြီး ရုံးထုတ်လာတဲ့အချုပ်သားတဦးလည်း … Read more

ကြီးငယ် ကျားမ မရွေး တစ်မြို့နယ် လူ ၃၀ ဖမ်းပေးရမယ်ဟု အမိန့်ထုတ်

” ရန်ကုန်မြို့မှာ စစ်ကောင်စီက တစ်မြို့နယ် လူဦးရေ ၃၀ ဖမ်းပေးရမယ်လို့ အမိန့်ထုတ် ” စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ၊ ကြံ့ခိုင်ရေးအမာခံတွေ ၊ ရပ်ကွက်လူမိုက်တွေနဲ့ ပေါင်းပြီး ရပ်ကွက်တွေထဲ လူငယ်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေကြသလို မြို့နယ်တစ်ခုကို လူဦးရေ ၃၀ ခန့် ဖမ်းဆီးပေးရမယ်လို့ စစ်ကောင်စီ က အမိန့်ထုတ်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူ ပြည်သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီက ဒီရက်ပိုင်းတွေအတွင်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုပြုလုပ်လာပြီး ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါဝင်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ” ရွှေပေါက်ကံမှာ တစ်ပတ်ရှိပြီ တွေ့သမျှလူ အကုန်ဖမ်းတာ ကလေးသေးသေးလေးတွေက အစပါတယ်ပေါ့။ အသက် ၄၀ ကနေ ၆နှစ် အရွယ်ထိပါတယ်။ ဘာအမှုနဲ့ ဖမ်းဆီးခံရ​​တယ်ဆိုတာမသိရဘူး။ … Read more

လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သပိတ် အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သပိတ် အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ သပိတ် အင်အားစုများ စုပေါင်း၍ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ သပိတ် လှုပ်ရှားမှုတွင် ပါဝင်သည့် ကိုနန်းလင်းက လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့ကြောင်း သိရှိရသည်။ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ ပြိုကျနေပါပြီ ၊ ပျက်စီးနေပါပြီ ၊ တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် … Read more

တစ်တော့ဆယ်လီ ဝေယံမိုးသက် ဆို့အောက်

မြန်မာနိုင်ငံ လူမှုကွန်ယက်မှာ လူသိများတဲ့ ဝေယံမိုးသက် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရ ၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ တစ်တော့(Tiktok) လူမှုကွန်ယက်ကနေတစ်ဆင့် နာမည်ရလာတဲ့ ဝေယံမိုးသက်ဆိုသူဟာ တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့များက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။ ဝေယံမိုးသက်ဟာ စစ်ကောင်စီတပ်သားတစ်ဦးဖြစ်ပြီး ကလေးမြို့ဇာတိ ဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းစခန်းသိမ်းတိုက်ပွဲမှာ PDF-Zoland က စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိခဲ့ပြီး ဝေယံမိုးသက်လည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။ “ဟုတ်တယ် သူ့ကိုရဲဘော်တွေကလည်းသိတယ် Tiktok ဆယ်လီဆိုပြီးပြောနေကြတာ ဝေယံမိုးသက်ဖြစ်နေတယ်လို့” ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောဆိုထားပါတယ်။ သူနောက်ဆုံး တင်ခဲ့တဲ့ ဗီဒီယိုကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကဖြစ်ပြီး တောင်ပေါ်မှာ သူ့နာမည်အကြောင်း ရိုက်ထားတဲ့ ဗီဒီယိုဖြစ်သောကြောင့် ကနေဒီတောင်မှာ ရိုက်ခဲ့တဲ့ ဗီဒီယိုဖြစ်နိုင်ခြေရှိပါတယ်။ @waiyanmoethat စကားတွေး အများကြီး … Read more

စစ်ကောင်စီ လမ်းပိတ်ထား၍ ငပလီကမ်းခြေတွင် ခရီးသွား ၇၀၀၀ ကျော်ပိတ်မိ

(ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်လာနိုင်) ရခိုင်ပြည် မြောက်ပိုင်းဒေသ မြို့နယ်များတွင် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ပြည်နယ်စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစ၍ ပိတ်ပင်လိုက်သည်။ မြို့နယ်ချင်း၊ ရွာချင်းဆက်လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည့်အပြင် ဧရာဝတီ၊ မကွေးဘက်မှ ရခိုင်ပြည်သို့လာသည့် ဝင်ပေါက်များအားလုံးကို ပိတ်ထား၍ ငပလီကမ်းခြေသို့ လာရောက် အနားယူအပန်းဖြေကြသည့် ခရီးသွားဧည့်သည်များမှာ မပြန်နိုင်ဘဲ ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။ ခရီးသွားဧည့်လမ်းညွှန်များနှင့် ဟိုတယ်များ၏ ပြောပြချက်အရ ခရီးသွားဧည့်သည် ၇၀၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။ ငပလီကမ်းခြေ ဧည့်လမ်းညွှန် ကိုဇော်လင်းဦးက ” လမ်းတွေအားလုံးပိတ်ထားတော့ ဒီမှာရောက်နေတဲ့ ခရီးသွားတွေ မိမိနေရပ်ကို မပြန်နိုင်ဘဲ ပိတ်မိနေကြတယ်။ သံတွဲ-တောင်ကုတ်တောင် သွားလို့မရဘူး။ စစ်ကောင်စီက ပိတ်ထားတာ။ … Read more

ကလောသွားမယ့်သူတွေ သတိပါ

ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအားလုံး၏ ဓာတ်ပုံမှတ်တမ်းနှင့်အချက်အလက်များ ရဲစခန်းနှင့်စစ်တပ်ထံသို့ ပေးပို့ရန် ဟိုတယ်များကို အမိန့်ပေး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအား ဓာတ်ပုံမှတ်တမ်း နှင့်ကိုယ်ရေးအချက်အလက်များကို စာရင်းပို့ ပေးရမည်ဟု ရဲစခန်းနှင့်စစ်တပ်က ဟိုတယ်များကို ဖိအားပေးခြိမ်းခြောက်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များ က ပြောကြားသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ လကုန်အထိ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များကို ဓာတ်ပုံမှတ်တမ်းယူကာ သက်ဆိုင်ရာ ရဲစခန်းနှင့်စစ်တပ်သို့ Memory Stick သို့မဟုတ် CD သို့မဟုတ် Viber မှ တင်ပြ ရန်ကြားထားကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များက အဆင်မပြေနိုင်သဖြင့် ပြန်လည် စဉ်းစား ပေးရန် မေတ္တာရပ်ခံသော်လည်း အထက်အမိန့်အရဟု ဆိုကာ ဖိအားပေးပြီး မဖြစ်မနေ ဆောင်ရွက် ပေးရန် ပြောဆိုကြောင်း သိရသည်။ … Read more

ဒီဇင်ဘာမှာ စစ်သင်တန်း စတက်ရမှာ ဖြစ်ပြီး Non CDM ထွက်မပြေးနိုင်အောင် စစ်ကောင်စီက တင်းကြပ်ထား

နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသား Non CDM တွေကို အကြမ်းဖက်စစ်ကောင်စီက ကိုယ်အလေးချိန်နဲ့ အရပ်တိုင်းပြီး ရှေ့တန်းလွှတ်ဖို့အတွက် စစ်သင်တန်းပေးဖို့ စာရင်းစတင်ကောက်ယူနေတယ်လို့ သိရပါတယ်။ “အခုကဗျာ၊ နည်းနည်းကိုယ်အလေးချိန်များတဲ့သူ ဝ တဲ့သူတွေပဲ လောလောဆယ်ကျန်ခဲ့တယ်၊ အရပ်နဲ့ ကိုယ်အလေးချိန် အဆင်ပြေတဲ့သူတွေကို စာရင်းယူသွားတယ်၊ ရှေ့တန်းထွက်ရမှာဆိုတော့ အကုန်လုံးက ဘယ်ပြေးရမလဲ မသိဖြစ်နေကြတယ်” လို့ ဖရဲသီး ရင်းမြစ်ကThe Voice of Spring ကို ပြောပါတယ်။ ဝန်ထမ်းအိမ်ရာမှာ နေထိုင်လျက်ရှိတဲ့ Non CDM တွေကိုလည်း ရုံးအသွားအပြန် ဝန်ထမ်းကြိုပို့ယာဉ်နဲ့သာ သွားလာခွင့်ပြုပြီး လုံခြုံရေးတင်းကြပ်လျက်ရှိတာကြောင့် Non CDM တွေအနေနဲ့ ထွက်ပြေးဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီက စာရင်းကောက်ယူစုဆောင်းထားတဲ့ ဌာနဆိုင်ရာအသီးသီးက Non CDM တွေကို … Read more

MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး

ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် … Read more