ပဲခူးမြို့မှာ စံချိန်တင်ရေကြီးပြီး ဒေသခံတွေ ပိတ်မိနေ
ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၈ ရက်အစောပိုင်းမှာ ရေတွေ ရုတ်တရက်တက်လာခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။ မိုးများတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်လာတာတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၈ ပေလောက်အထိ ရေတက်နေပြီး ဒေသခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေပေါ်မှာပဲ နေထိုင်နေရလို့ အကူအညီတွေ လိုအပ် နေတယ်လို့ ဆိုပါတယ်။ ပဲခူးမြို့ မှော်ကန် ၁၇ လမ်းမှာ နေထိုင်သူတစ်ဦးကတော့ ‘‘အိမ်မှာ အောက်ထပ်တစ်ထပ်လုံး မြုပ်သွားပြီ။ အိမ်က အမျိုးသမီး၊ အဖေ၊ အမေနဲ့ ကလေးတွေကို ဘေးလွတ်ရာပြောင်းဖို့ လှေ အကူအညီတောင်း ထားတာ … Read more