အကြမ်းဖက်စစ်ကောင်စီ ဟာ ပြည်သူတွေကို ပိုမိုခြေရာခံစောင့်ကြည့်ရေး ရည်ရွက်ချက်နဲ့ မှတ်ပုံတင်တွေကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် တွေ အဖြစ်ပြောင်းလဲထုတ်ပေးဖို့ အတွက် တရုတ်အစိုးရဆီမှာ အကူ အညီ တောင်းခံထားတယ်လို့ သိရှိရပါတယ်။
မြန်မာစစ်အစိုးရ ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အီလက်ထရွန်နစ် မှတ်ပုံတင်ဌာန အကြီးအကဲတို့ဟာ ယခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက် အကူအညီတောင်းခံ ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် အင်္ဂလိပ်သတင်းစာ Global New Light of Myanmar မှာဖော်ပြထားပါတယ်။
တရုတ်အစိုးရ ဆီမှာ အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေး နဲ့ သန်းခေါင်စာရင်း ကောက်ယူမှု ကိစ္စရပ်တွေကို အကူအညီပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ သိရှိရပါတယ်။
နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် အဖြစ်ပြောင်းလဲဖို့ စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီး အဲ့ဒီအတွက် နည်းပညာ အကူအညီ တွေကို တရုတ်အစိုးရထံတောင်းခံ ထားကြောင်း AP သတင်းဌာနက မနေ့က သတင်းဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို ပိုမိုဖိနှိပ်ဖို့အတွက် စဉ်ဆက် မပြတ် ခြေရာခံစောင့်ကြည့်နိုင်ရေး အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ်တွေ ပြောင်းလဲထုတ်ပေးဖို့ စီစဉ်နေတာ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေချိန်မှာပဲ တရုတ်အစိုးရ ဆီက အကူအညီတောင်း ခံခဲ့ တာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီဟာ အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေးကတ်ထုတ် ပေး ရေး အတွက် အသက်ဆယ်နှစ်နဲ့ အထက် နိုင်ငံသားတိုင်း ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ အချက်အလက် (Biographic Data) နဲ့ ဇီဝဆိုင်ရာ အချက် အလက် များ (Biometric Data) တွေကို သိမ်းဆည်းရယူထားမှာဖြစ်ပါတယ်။
ကိုယ်ရေး အတ္ထုပ္ပတ္တိအချက်အလက် (Biographic Data) နဲ့ ဇီဝဆိုင်ရာ အချက် အလက် (Biometric Data) တွေကို စစ်တမ်းကောက်ယူမယ့် နည်း ပညာ နဲ့ သိမ်းဆည်းမယ့်နည်း ပညာတွေ ကို တရုတ်အစိုးရထံ က အကူ အညီ တောင်းခံခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဟာလည်း နည်းပညာမြင့် အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် တွေကို အသုံးချပြီး အစိုးရ ကို ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေကို ဖမ်းဆီး ထောင် ချခဲ့ဖူးကြောင်း The New York Times သတင်းစာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ မှာဖော်ပြခဲ့ဖူးပါတယ်။
နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် (စမတ်ကတ်) အဖြစ်ပြောင်းလဲဖို့ စစ်ကောင်စီက ယခုနှစ် နှစ်လယ် လောက် ကတည်းက စတင် ဆောင်ရွက်နေပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာပါ အဆိုပါ လုပ်ငန်းစဉ် စတင်နေပြီလို့သိရပါတယ်။
အာဏာမသိမ်းခင်ကာလ အရပ်သားအစိုးရလက်ထက်ကလည်း ပြည်သူတွေ ကိုင်ဆောင် ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို စမတ်ကတ် အဖြစ်ပြောင်းလဲဖို့ ဩစတေးလျနိုင်ငံရဲ့ အကူအညီနဲ့ ဆောင်ရွက်ခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည်လုပ် ဆောင်ဖို့ ကြိုးပမ်းမှုနဲ့အတူ နိုင်ငံတဝှမ်း လူဦးရေစာရင်း ကောက်ခံ ဖို့ပါ လုပ်ဆောင်နေတာကြောင့် အခုလို နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်မှု လုပ် ဆောင်တာဟာလည်း ရွေးကောက်ပွဲအတွက် ကြိုးပမ်းမှုတခုသာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီက နိုင်ငံ သား စိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် ((Smart card ) စတင် ပြောင်း လဲပေးနေပြီး ဒါဟာ စမ်းသပ်ကာလအနေနဲ့ ဝန်ထမ်းတွေကို အရင်ဆုံး လုပ်ပေးနေတာလို့ အမည်မဖော်လိုတဲ့ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။
အလားတူပဲ ရန်ကုန်မြို့က မြို့နယ်တချို့မှာ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံ တင်)ကို စမတ်ကတ် (Smart card )ပြောင်းလဲပေးနေတာတွေ ရှိနေပြီ လို့ သိရ ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့ကလည်း သင်္ကန်းကျွန်းမြို့နယ်က ရပ်ကွက် တချို့မှာ အဆိုပါလုပ်ငန်းစဉ် ဆောင်ရွက်ကြောင်း မြို့ခံတွေရဲ့ပြောဆိုချက်အရ သိရှိရပါတယ်။
“ရပ်ကွက်ရုံးက အိမ်လာပြီး စာရင်းကောက်သွားတယ်။ မှတ်ပုံတင် စမတ်ကတ် ပြောင်းဖို့ဆိုပြီး။ သူတို့က ပြောသွားသေးတယ် မှတ်ပုံတင်ကို စမတ်ကတ် ပြောင်း ထားမှ အဆင်ပြေမှာ နောက်ပိုင်း ခရီးသွားရင် အခုမှတ်ပုံတင်နဲ့ ခရီး သွား လို့မရတော့ဘူး စမတ်ကတ်နဲ့မှ သွားလို့ရမှာလို့ပြောတယ်” လို့ ဒေသခံ တစ်ဦးကပြောပြပါတယ်။
စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လက်ရှိ နိုင်ငံသားစိစစ် ရေး ကတ်(မှတ်ပုံတင်)နဲ့ ခရီးသွားလို့မရတော့ဘဲ စမတ်ကတ်ကိုင်ဆောင်ထားမှသာ ခရီးသွားလို့ ရတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိခဲ့ပါ တယ်။
ယခင်က ပြည်ပလေကြောင်းခရီးစဉ်တွေသွားလာရာမှာလည်း မှတ်ပုံတင် မလိုအပ်ပေမယ့် နောက်ပိုင်း မှတ်ပုံတင်ယူဆောင်လာမှသာ ပြည်ပခရီးစဉ် လေယာဉ်စီးခွင့်ရရှိတော့မယ်လို့ သတင်း တွေထွက်ပေါ်နေပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)ကို စမတ်ကတ် ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ လူထုက ပါဝင်လုပ်ဆောင်မှုအခြေအနေကတော့ အင်တိုက်အားတိုက်မရှိဘူးလို့လည်း ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
“သိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။ ခရီးသွားလို့မရတော့ဘူးပြောလို့ ဝတ်ကျေတမ်းကျေ သွားလုပ်ကြသူတွေတော့ရှိတယ်။ လမ်းထဲက အိမ် တဝက်လောက်ကတော့ မသွားလုပ်ကြဘူး။ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ လုပ်ပေးနေတာ” လို့ အမည်မဖော်လိုသူ ဒေသခံက ပြောပါတယ်။
စမတ်ကတ် ပြောင်းလဲလုပ်ဆောင်ရာမှာ မျက်လုံးစကင်(Scan)ဖတ်တာ၊ လက်ဗွေ စကင် (Scan)ဖတ်တာတွေအပါအဝင် ကိုယ်ရေး အချက်အလက်တွေ အပြည့်အစုံပေးရတယ်လို့လည်း ပြုလုပ်သူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်တွေကို စမတ်ကတ် ပြောင်းလဲမယ့် လုပ်ငန်းစဉ် စတင်လုပ်ဆောင်နေပြီး ဒီလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်မှု ရှိနိုင်မလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
ဒ့ါအပြင် အာဏာသိမ်းစစ်ကောင်စီက သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက် ပွဲမှာလည်း ပုံမှန် တံဆိပ်တုံး ခတ်နှိပ်တဲ့ မဲပေးမှုပုံစံအစား အီလက်ထရောနစ် စက်အသုံးပြုပြီး မဲပေးရမယ့် စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ထုတ်ဖော်ပြော ဆိုထားတာတွေ ရှိနေပါတယ်။ (Khit Thit Media)
Leave a Reply