Author: Admin
-
ပင်လည်ဘူးမြို့ကို PDF အပြီးသတ်သိမ်းပိုက်
ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်း မြစ်က ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမြောက် ပိုင်း၊ ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။ “ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က…
-
သီပေါ ခလရ(၂၃)တွင် တိုက်ပွဲ ဆက်ဖြစ်
သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်းတွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ အောက်တိုဘာ ၆ ရက်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၀၄ ရက်မြောက်နေ့အဖြစ် အောက်တိုဘာ ၆ရက် စစ်ရေးသတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။ ယနေ့တွင်ခလရ(၂၃)၌တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက ခလရ(၂၃) တပ်စခန်းနေရာသို့ထောက်ပို့ လေယာဉ် Y12 ဖြင့် ၇ကြိမ်လက်နက်ခဲယမ်း ၁၂ ထုပ်လာရောက်ကြဲချခဲ့သည်ဟုလည်း TNLAကထုတ်ပြန်သည်။ TNLAသည် သီပေါမြို့ကိုသိမ်းပိုက်ထားပြီးမြို့နယ်အတွင်းကျန်နေသည့်ခမရ(၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃) တပ်ရင်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ခမရ( ၅၀၄)နှင့် (၅၀၃) တပ်ရင်းများကို စက်တင်ဘာလကုန်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်မြေပြင် သတင်းရင်းမြစ်အချို့က အသိပေးထားသော်လည်း TNLAက စစ်ကောင်စီတပ်ရင်းများသိမ်းပိုက်မှုကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ တအာင်းတပ်မတော် (TNLA)၏ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်။ နောင်ချိုမှာရှိတဲ့ ၉၀၂ မှာလည်းပြင်းထန်နေသလို…
-
အထက်အမိန့်အရ လုပ်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုး ဝန်ခံ
ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်ဖို့ နဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီတပ်ရဲ့ အကြီးအကဲတွေက အမိန့်ပေးတာကြောင့် အထက်အမိန့်အရ လုပ်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုး ဝန်ခံ ပြည်သူနဲ့ တော်လှန်ရေးရဲဘော် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်မှု ခွင့်လွှတ်ပေးဖို့ စစ်သုံ့ပန်း ခမရ ၃၀၉ မှ ဗိုလ်ကြီးအောင်သူဇင် တောင်းပန် စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်ဖို့နဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးဖို့အတွက် စစ်ကောင်စီအကြီးအကဲတွေရဲ့ ဆုံးဖြတ် အမိန့်ပေးချက်အရ လုပ်ဆောင်ရတာလို့ ခမရ ၃၆၂ မှ တပ်သား အောင်စိုးမိုးက ဝန်ခံလိုက်ပါတယ်။ ဘုတလင်မြို့နယ်တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င်တွေထဲမှာ ခမရ ၃၆၂ မှ တပ်သားအောင်စိုးမိုးလည်း ပါဝင်ခဲ့ပြီး သူက အဲဒီလို ၀န်ခံထွက်ဆိုထားတာဖြစ်ပါတယ်။ “ကျေးရွာတွေ မီးရှို့တာရယ်…
-
စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး
အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာသော စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာသော အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေး စစ်ကြောင်းနှင့် ကင်းထောက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။ အောက်တိုဘာ ၄ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းမှ တက်လာသည့် အင်အား ၁၂ ဦးပါ စစ်တပ်၏ ရှေ့ပြေးစစ်ကြောင်းကို တာဝါတိုင်ရွာအတွင်း၌ သာယာဝတီခရိုင် တပ်ရင်း…
-
KIA က ပန်ဝါမြို့သွားလမ်းပေါ်ရှိ စစ် စခန်းအချို့ကို ထပ်မံ သိမ်းပိုက်
ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ သွားလမ်းပေါ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောက်တိုဘာ လဆန်းတွင် ဆော့လော်မြို့၊ စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA ပူးပေါင်းတပ်သည် အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။ လန်းဂျော်စစ်ကောင်စီ ယာယီစခန်းသိမ်းပိုက်စဉ် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟုသိရသည်။ ယင်းနှင့်ပတ်သက်၍ အခြား သတင်းရင်းမြစ်တစ်ဦးအား မေးမြန်းရာ ၎င်းက “ ပန်ဝါတော့ မရောက်သေးဘူး။ ပန်ဝါအနီးအနားက စခန်းတစ်ခု အဲဒါ သူတို့ရဲ့ ပန်ဝါတက်သွားမယ့် ၁၁ မိုင်ထဲက…
-
နေပြည်တော်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ ရိုးမစစ်ကြောင်းတွင် အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေ ပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁ ၊ ရိုးမစစ်ကြောင်းတွင် အခြေခံစစ် ပညာသင် တပ်သားသစ် သင်တန်းအပတ်စဥ် ၂ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အောက်တိုဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
-
ကျောင်းဆရာများ နိုင်ငံကာကွယ်ရေးတွင် တာဝန်ရှိကြောင်း စစ်ကောင်စီသတင်းစာဖော်ပြ
ကျောင်းဆရာများအနေဖြင့် နိုင်ငံကာကွယ်ရေးတွင်လည်း တာဝန်ရှိကြောင်း အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်ဟောင်း ဒေါက်တာမောင်သင်း၏ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုဆောင်းပါးတွင် ထိုသို့ရေးသားထားခြင်း ဖြစ်သည်။ အဆိုပါ ဆောင်းပါးတွင် ကျောင်းဆရာများကို ပညာရေးခံကတုတ်မှ ကာကွယ်ပေးနေသူများဟု ထည့်သွင်းသုံးနှုန်းထားပြီး နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းကဖြစ်ကြောင်း တိုက်တွန်းရေးသားထားသည်။ ကျောင်းဆရာများအနေဖြင့် စာသင်ခန်းထဲတွင် လူမမည်မျိုးဆက်များကို အဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မည့်ဘေးမှ ပညာစွမ်းအားဖြင့် ကာကွယ်နိုင်ပြီး တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများကိုဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း ဒေါက်တာမောင်သင်းက ဆိုသည်။ လက်နက်ကိုင် ဖျက်ဆီးနေသူများသာလျှင် အဖျက်သမားစစ်စစ်မဟုတ်ဘဲ လက်နက်ကိုင်ဆောင်သည့် အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း အဖျက်သမား စစ်စစ်များဖြစ်ကြောင်း၊ အသိဉာဏ်ပညာဆင်းရဲမွဲတေခြင်း၊ အမျိုးသားရေးစံများပျက်သုဉ်းခြင်း အပါအဝင် အချက်ခုနစ်ကို အဖျက်မျိုးစေ့များဟု…
-
ရေဦးမြို့နယ်တွင် စစ်ကောင်စီ၏ဒရုန်း ကိုယ့်စခန်းပေါ်ပြန်ပျက်ကျပြီး ထိခိုက်မှုရှိ
စစ်ကောင်စီတပ် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာစခန်းမှ ကျေးရွာများအား ဗုံးကြဲပြီး ပြန်ခေါက်လာသည့် စစ်ကောင်စီတပ်၏ဒရုန်း ကိုယ့်စခန်းပေါ် ပြန်ပျက်ကျ၍ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့(အောက်တိုဘာ ၄ရက်) နံနက် ၅နာရီခန့်က ရေဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာစခန်းမှ စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ (၈)နှစ်အရွယ်မိန်းကလေး တစ်ဦး၊ (၈၀) ကျော်အရွယ် အဘွားအို တစ်ဦး၊ (၄၀) ကျော်အရွယ် အမျိုးသမီး နှစ်ဦးနှင့် (၄၅) နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် နယ်မြေချင်းထိဆက်နေသည့် ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာကိုပါ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ (၃၀)ခန့်အရွယ် အမျိုးသားတစ်ဦး…
-
တပ်စခန်းစွန့်ပြန်လာသည့် စစ်ကြောင်းတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၃၀သေ၊ လက်နက် ၃၅လက်ရဟု KNU တပ်မဟာ(၅)ထုတ်ပြန်
nကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်စခန်းတစ်ခုမှ စခန်းစွန့် လာသည့် စစ်ကြောင်းကို KNU/KNLA တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၃၀ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၃၀ရက်တွင် ဖာဂေါ်လိုးစခန်းမှ ပေါ်ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ဆုတ် အပြန်တွင် KNLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ” အဲဒါ သူတို့ အယောက် ၃၀လောက်ဆုံးသွားတယ်။ သေနတ်လည်း ၃၅လက်လောက်ရတယ်။ဖာပွန်ခရိုင် လူသောမြို့နယ်ထဲမှာ ဖြစ်တာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ တပ်စခန်းစွန့်ဆုတ်ခွာပြီးပြန်လာသည့် စစ် ကောင်စီတပ်ကို လယ်ဝါးထာနှင့် စောမူပလောဒေသတွင် KNU/KNLA တပ်မဟာ(၅) လက်အောက်ရှိ ကရင်အမျိုးသားဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦးအပါအဝင် ၃၀ဦး မရှုမလှသေဆုံးခဲ့ဟု တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌…
-
စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများ အရက်ထိုင်သောက်နေသည့် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သား ၅ ဦး ဘန်ကာထဲ၌ အရပ်ထိုင်သောက်နေစဉ် မြို့ပြ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း…