Tag: Celebrity

  • ခြောက်ပစ်ကင်းပြီး  သဲလဲစင်တယ်ဆိုတဲ့ အဘ

    ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ

    by

    in

    😏😏 ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ “တရွာလုံးနဲ့ တယောက်” ဆိုတဲ့ စကားပုံကို ကြားဖူးကြလိမ်မယ်. ၄နှစ်အတွင်း မြန်မာပြည်ကြီး ခုလို ပျက်စီးသွားရတာဟာ (၁) အာဏာကို ဖြတ်လမ်းနည်းနဲ့ အတင်းအဓမ္မ ရယူချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် (၂)မဲစာရင်း ၁၂သန်းကို ခိုးယူခဲ့တဲ့ NLDပါတီနဲ့ အနီထောက်ခံသူတွေကြောင့် (၃)ဘဏ်အပ်ငွေတွေကို ထိမ်းချုပ်ပစ်တဲ့ အမေရိကန်နဲ့ CIAကြောင့် (၄)ရိုဟင်ဂျာတွေကိုပဲ ထောက်ပံ့ပေးတဲ့ OICကြောင့် (၅)စီပွါးရေး ဆန်ရှင် လုပ်ခဲ့တဲ့ EU နဲ့ အနောက် ဥရောပနိုင်ငံတွေကြောင့် (၆)ဦကျော်မိုးထွန်းကို မထုတ်ပယ်တဲ့ UNကြောင့် (၇)နိုင်ငံတော် မတည်ငြိမ်အောင် လက်နက်စက်ရုံတွေထောင်ပြီး ထောက်ပံ့ပေးတဲ့ တရုတ်ကြီးကြောင့် (၈)NUGကို အပြတ် ထောက်ခံတဲ့ အရှေ့တီမောကြောင့် (၉)မူငါးချက်ကို အကြောင်းပြပြီး ထိုင်ခုံပေါ်က ကန်ချထားတဲ့ အာစီယံကြောင့်…

  • ယာဥ်တိုက်မှု သူနဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့ သရုပ်ဆောင် ထူးခြား

    ယာဥ်တိုက်မှု သူနဲ့ဘာမှမဆိုင်ပါဘူးဆိုတဲ့ သရုပ်ဆောင် ထူးခြား

    by

    in

    သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး ဇူလိုင် ၃၀ ရက်ည ၇ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် အနော်မာရပ်ကွက် ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ သရုပ်ဆောင်ထူးခြားက အလုပ်ကနေ စက်ဘီးနှင့်ပြန်လာတဲ့ အမျိူးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ အဆိုပါအမျိူးသားဟာ ကားတိုက်မိရာနေရာမှာတင် သေဆုံးသွားကြောင်းသိရပါတယ်။ သရုပ်ဆောင်ထူးခြားကတော့ ကားတိုက်ပြီးနောက် ကားကိုမောင်းပြီးထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတွေကပြောပါတယ်။ “Friday Bar ကနေ ကားက ထွက်လာပြီးစက်ဘီးစီးလာတဲ့ဦးလေးကြီးတစ်ယောက်ကိုတိုက်မိခဲ့တာ အတိုက်ခံရတဲ့ဦးလေးကြီးက စက်ဘီးကတခြား လူကတစ်ခြား ထမင်းချိုင့်ကတစ်ခြားဖြစ်နေပြီး လူက “မလှုပ်” တော့ တာကိုမြင်တွေ့ရတယ်” လို့ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို တိုက်ပြီး ထွက်‌ပြေးသွားတဲ့သရုပ်ဆောင် ထူးခြားရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလည်း သယ်ဆောင်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ အထက်ပါသတင်းနဲ့ပတ်က်ပြီး…

  • သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး

    သရုပ်ဆောင် ထူးခြား ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ပြီး ထွက်ပြေး

    by

    in

    ဇူလိုင် ၃၀ ရက်ည ၇ နာရီဝန်းကျင်ခန့်က သာကေတမြို့နယ် အနော်မာရပ်ကွက် ဧရာဝဏ်လမ်းပေါ်က Friday Bar အရှေ့မှာ သရုပ်ဆောင်ထူးခြားက အလုပ်ကနေ စက်ဘီးနှင့်ပြန်လာတဲ့ အမျိူးသားတစ်ဦးကို ကားဖြင့်တိုက်မိရာ အဆိုပါအမျိူးသားဟာ ကားတိုက်မိရာနေရာမှာတင် သေဆုံးသွားကြောင်းသိရပါတယ်။ သရုပ်ဆောင်ထူးခြားကတော့ ကားတိုက်ပြီးနောက် ကားကိုမောင်းပြီးထွက်ပြေးသွားကြောင်း မျက်မြင်ဒေသခံတွေကပြောပါတယ်။ “Friday Bar ကနေ ကားက ထွက်လာပြီးစက်ဘီးစီးလာတဲ့ဦးလေးကြီးတစ်ယောက်ကိုတိုက်မိခဲ့တာ အတိုက်ခံရတဲ့ဦးလေးကြီးက စက်ဘီးကတခြား လူကတစ်ခြား ထမင်းချိုင့်ကတစ်ခြားဖြစ်နေပြီး လူက “မလှုပ်” တော့ တာကိုမြင်တွေ့ရတယ်” လို့ဒေသခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။ အဲ့ဒီလို တိုက်ပြီး ထွက်‌ပြေးသွားတဲ့သရုပ်ဆောင် ထူးခြားရဲ့ ကားပေါ်မှာ မူးယစ်ဆေးဝါးတွေလည်း သယ်ဆောင်လာကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

  • မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ

    မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ

    by

    in

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကော်ဖီမိတ်ဆက်ပွဲတက်ရောက်ခဲ့သည့် မင်းသမီး မေမြင့်မိုရ် ပွဲ၌ ဆန္ဒပြခံခဲ့ရသည်။ ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Robinson ကုန်တိုက်၌ ပြုလုပ်သည့် ကော်ဖီ မိတ်ဆက်ပွဲကို စစ်အာဏာသိမ်း​ခေါင်း​ဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်​ရေး 7 Sense နှင့် စစ်​ကောင်စီလက်​အောက်ခံ MRTV 4 တို့၏ မင်းသမီး မေမြင့်မိုရ်တတ်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ နှင့်ဆက်စပ်​သော သအနုပညာရှင်ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မသင်းသင်းနွယ်၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။ “ငါဆိုတာက သူများနိုင်ငံမှာမို့ ဒီလောက်ပဲပညာပြတာ။ ငါ့နိုင်ငံထဲဆို ဒီလိုမြေပြင်မှာဘောမကိုတွေ့ကြည့်ပါလား…ငါ့မျက်စိအောက်တင်အငွေ့ပျံတယ်” ဟု မသင်းသင်းနွယ်ကရေးသားထားသည်။ ကော်ဖီမိက်ဆက်ပွဲပြုလုပ်စဉ် မသင်းသင်းနွယ်က ပရိသတ်ကြားထဲမှ စစ်ကောင်စီဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “‌ကရင်မလေးနှစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး စင်ပေါ်ကဆင်းလာတော့ခေါ်တာ မလာရဲဘူး။ စင်ရှေ့မှာပဲရိုက် ၊…

  • မြို့ပေါ်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ သံတိုင်ကြားက လွတ်မြောက်လာတဲ့ မြန်မာသံအဆိုတော်

    မြို့ပေါ်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ သံတိုင်ကြားက လွတ်မြောက်လာတဲ့ မြန်မာသံအဆိုတော်

    by

    in

    စဥ့်ကူးရဲစခန်းက အချုပ်သားတွေကိုလက်ထိပ်ခတ်ထားပြီး ထွက်ပြေးသွားတာလို့ တေးသံရှင် တသသပြော မန္တလေးတိုင်း၊ စဥ့်ကူးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေချိန် စဥ့်ကူးရဲစခန်းထဲမှာ အချုပ်ကျနေတဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် တသသဟာ အချုပ်ခန်းထဲကနေလွတ်မြောက်ခဲ့ပါတယ်။ ဇူလိုင်ပထမပတ်အတွင်းက စဥ့်ကူးမြို့ပေါ်မှာ စတင်ပစ်ခတ်မှုတွေရှိလာချိန် စဥ့်ကူးရဲစခန်းထဲက အချုပ်သားတွေကို လက်ထိပ်ခတ်ပြီး ဧရာဝတီမြစ်တဖက်ကမ်း ရွှေဘိုမြို့နယ်၊ မခေါက်ရွာက ပျူစောထီးစခန်းကို ယာယီ ပို့ခဲ့ပါတယ်။ အဲဒီလိုအပို့ခံရတဲ့ အချုပ်သားတွေထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် တရားစွဲခံရပြီး စဥ့်ကူးမြို့မရဲစခန်းမှာ အချုပ်ကျနေတဲ့ မြန်မာသံ အမျိုးသမီးအဆိုတော် တသသလည်း ပါဝင်ပါတယ်။ “စဉ်ကူးမှာတိုက်ပွဲ၂ကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်မတို့ကိုအချုပ်ကထုတ်ပြီး လက်ထိပ်ခတ်၊ မခေါက်ရွာဘက်၇ရက်ထားပါတယ်။ ၅ရက် ၆ရက်အထိ လက်ထိပ်ဖြုတ်မပေးပါဘူး။ လက်ထိပ်ခပ်ရတ် အိပ်ခဲ့ရတယ်။ ကျွန်မနဲ့အတူအချုပ်သားမိန်းကလေးပါတယ်။ ကျား၆ယောက်ပါတယ်။”လို့ အဆိုတော်တသသက လူမှုကွန်ရက်မှာ ရေးသားပါတယ်။ အဲဒီနောက် တစ်ပတ်ခန့်အကြာ တသသအပါအဝင်…

  • ဟားငါးကောင်အဖွဲ့မှ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော် ကွယ်လွန်

    ဟားငါးကောင်အဖွဲ့မှ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော် ကွယ်လွန်

    by

    in

    စစ်အာဏာရှင်အားတော်လှန်နေသည့် ဟားငါးကောင်အငြိမ့်အဖွဲ့မှ ဟာသလူရွှင်တော်ဝိုင်းကျော်သည် ယနေ့(မေလ ၂၂ရက်) နံနက် ၁၁ နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူက အတည်ပြုသည်။ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော်သည် အသည်းခြောက်ရောဂါဖြင့် မဲဆောက်ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး အဆိုပါရောဂါဖြင့် သုံးကြိမ်မြောက် ဆေးရုံတက်ရောက် ဆေးကုသခဲ့ခြင်းဟု ဇနီးဖြစ်သူက ပြောသည်။ ကွယ်လွန်ချိန်တွင် အသက်(၃၈)နှစ်ရှိပြီး ၎င်းတွင် သားနှစ်ဦးရှိသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဝင်များသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများပါဝင်ခဲ့ရာ စစ်တပ်က လိုက်လံဖမ်းဆီးသည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၌ သွားရောက် ခိုလှုံခဲ့သည်။ လွတ်မြောက်နယ်မြေတွင် ခိုလှုံရင်း ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့သည် တော်လှန်ရေးအတွက် အငြိမ့်ကခြင်း၊ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးခြင်းများပြုလုပ်ကာ စစ်အာဏာရှင်ကို တွန်းလှန်နေကြသည်။ ထွက်သက်မတိုင်မီ 😢 အေးချမ်းစွာ…

  • သရုပ်ဆောင် ဗညားဘုန်းပြည့် အပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

    သရုပ်ဆောင် ဗညားဘုန်းပြည့် အပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

    by

    in

    လိင်အသားပေး ရိုက်ကူးထားခြင်းကြောင့်ဟုဆိုကာ “အချစ်ခံကြည့်” သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ထားသူ ဗညားဘုန်းပြည့်နှင့် အခြားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်လိုက်သည်။ သရုပ်ဆောင် ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် “တခုတ်တရ” ဇာတ်ကား အထူးပြပွဲညတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိထားသူ တဦးကပြောသည်။ ယင်းနောက် “အချစ်ခံကြည့်” သီချင်းဗီဒီယိုအတွက် ဇာတ်ညွှန်းရေးသားသူ ရွှေစုနှင့် ရိုက်ကူးသူ ဒါရိုက်တာ Kina တို့ကိုလည်း အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ အမှုဖွင့်လိုက်ကြောင်း ဆိုသည်။ “အဲ့ဒီ့သီချင်းနဲ့ ပတ်သက်ပြီး ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က လုပ်တဲ့ “တခုတ်တရ” ဇာတ်ကား အထူးပွဲပြတဲ့…

  • အောင်လကို ဂျေးထဲပို့တော့မယ့် နန်းမွေ့စံရဲ့ မိခင်

    အောင်လကို ဂျေးထဲပို့တော့မယ့် နန်းမွေ့စံရဲ့ မိခင်

    အန်တီ့သမီးကိုနံမည်ဖျက်နေကြသော သမီးနံမည်နှင့် ယခင်ကတင်ထားသောဓါတ်ပုံများကို သွားရောက်ပို့ခဲ့သည်ဆိုပါက ၄င်းမှာ သမီးပို့ခြင်းမဟုတ်၍ ဆက်လက်၍ ဤသို့ နံမည်ပျက်အေါင်ဆက်လုပ်နေပါက တရားဥပဒေအရ အရေးယူကါ တရားစွဲဆိုသွားပါမည်။ အန်တီ့သမီးသည် သူတပါးယောက်ကျားကိုဘယ်သောအခါမှ စိတ်ကူးနှင့်တေါင်မပစ်မှားသူဖြစ်ပါသည်။ ထေါင်ထည်းကတေါင်မလွတ်သေးတဲ့ မိန်းခလေးကို တဖက်သတ် နံမည်ပျက်သထက်ပျက်အေါင် ရည်ရွယ်ချက်ဖြင့်လုပ်နေသော နန်းမွေစံနံမည်နှင့် လုပ်စားနေသော နံမည်တူသမီးနံမည်နှင့် ယခင်က ဓါတ်ပုံများကိုသွားရောက်ပို့နေကြပါက ထိုပို့သူမှာသမီးမဟုတ်၍ဆက်လကိ၍ ဤကဲ့သို့လုပ်နေမည်ဆိုပါက တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းအငိပေးအပ်ပါသည်။ သတ်ပုံ မူရင်း အသံဖိုင် နားဆင်ရန်

  • ဘီယာဗိုက် သီချင်း သီဆိုသူနှင့် ဟာသ သရုပ်ဆောင်တို့ကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်နိုင်သည့်  ပုဒ်မဖြင့် အမှုဖွင့်

    ဘီယာဗိုက် သီချင်း သီဆိုသူနှင့် ဟာသ သရုပ်ဆောင်တို့ကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

    by

    in

    လူမှုကွန်ရက်တွင် ဝေဖန်မှု မြင့်တက်ခဲ့သည့် “ဘီယာဗိုက်” သီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး အဆိုတော် မေသူ နှင့် ဟာသ သရုပ်ဆောင် အိုကေ အပါအဝင် သက်ဆိုင်သူများကို အမြင့်ဆုံး ထောင်ဒဏ် (၁၅)နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။ “လူမှုကွန်ရက်တွင် “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာ ကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေ နှင့် အခြားသက်ဆိုင်သူများအား ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးကြောင်း” စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် အသိပေးကြေညာလာသည်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၏ ပုဒ်မ – ၃၃(က)တွင် နိုင်ငံတော်၏ လုံခြုံရေး၊…

  • သရုပ်ဆောင် ထူးခန့်ကျော်ကို အားကိုးနေကြသူတွေ ပရိတ်သတ်တွေ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍

    သရုပ်ဆောင် ထူးခန့်ကျော်ကို အားကိုးနေကြသူတွေ ပရိတ်သတ်တွေ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍

    ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ ဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ဟု ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်း ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ မြန်မာ နိုင်ငံဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်းထားသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ တဆင့် ယနေ့ (မတ်လ ၉ရက်)တွင် မီဒီယာများကို အသိပေးရှင်းလင်းထားခြင်းဖြစ်သည်။ သရုပ်ဆောင် ထူးခန့်ကျော် ဆေးကုသပေးနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီက သတိပေးတားမြစ်ခြင်းဆိုသော စာသည် ယနေ့ (မတ်လ ၉ရက်)၊ နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံနှံ့လာခဲ့သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံဆေးကောင်စီကထုတ်ပေးသော ဆရာဝန်မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) ဆေးကုသခွင့် လိုင်စင် တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိဘဲ ထူးခန့်ကျော်သည် အများပြည်သူတို့အား ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ သတိ‌ပေးတားမြစ်စာတွင် ရေးသားဖော်ပြထားသည်။ ထူးခန့်ကျော်အနေဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆေးကောင်စီ အမှတ်(၁၂၃) သို့ လာမည့်…