“ကုသခြင်းထက် တဦးချင်းကာကွယ်ထားနိုင်ဖို့ ပိုအရေးကြီးလာတဲ့ စစ်ကောင်စီ တာဝန်မယူနိုင်တဲ့ ဗီဇပြောင်း Covid-19”
Feature
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ရန်ကုန်တွင် သရုပ်ပြဆန္ဒထုတ်ဖော်
မေ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှု တရပ်ကို ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ Yangon Revolution Force ရဲ့ တာဝန်ရှိသူတယောက်က ” တော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီက ကျောင်းတွေကို ပစ်မှတ်ထားပြီး ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုကို အထင်ကရ ဓာတ်ပုံတွေနဲ့တကွ အသိပေးလှုံ့ဆော်တာပဲဖြစ်တယ်။ ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ စက်ဆုပ်ရွံရှာဖွယ်တွေကို ထင်ဟပ်စေပြီး ပြည်သူတွေအနေနဲ့ နိုးကြားတုံ့ပြန်ဖို့ လိုအပ်ကြောင်း အသိပေးလိုတာပါ”လို့ ပြောပါတယ်။ ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ … Read more
“အိုးထိန်းကွင်းရွာဖြစ်စဥ် စစ်တပ်လက်ချက်ဖြစ်ကြောင်း တပ်မတော်ထောက်ခံသူတွေပြော”
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က မေလ ၁၂ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၂၀ နဲ့ ဆရာမ ၂ ဦး၊ စုစုပေါင်းလူ ၂၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း ဒေသခံများထံက သိရပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့လက်ချက်မဟုတ်ကြောင်း မေလ ၁၂ ရက်နေ့ ညပိုင်းမှာ MRTV အပါအ၀င် ၀ါဒဖြန့်မီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်က ငြင်းဆိုပေမယ့် စစ်တပ်ထောက်ခံသူတွေဖြစ်တဲ့ ကျော်စိုးဦးနဲ့ သဇင်ဦးတို့ကတော့ အိုးထိန်းကွင်းရွာစာသင်ကျာင်းကို စစ်တပ်ဗုံးကြဲခဲ့တာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ပြောဆိုခဲ့ပါတယ်။
မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကြားကာလပညာရေး ကျောင်းကို မေ ၁၂ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ စာသင်ချိန်ဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် မူလတန်းအရွယ် ကလေးငယ်များ အပါအဝင် ကျောင်းသူ/သား ၂၁ ဦး နှင့် ဆရာမ ၂ ဦးတို့ သေဆုံးကာ ၄၀ ကျော် ဒဏ်ရာ ပြင်းထန်ခဲ့ပြီး တချို့ အစအန ရှာမရသေးသူများလည်း ရှိသောကြောင့် သေဆုံးမှုထပ်တိုးလာနိုင်ကြောင်း ကူညီကယ်ဆယ်နေသူများက ပြောသည်။