ရွှေဝါဆပ်ပြာတုံးတွေလွှမ်းခြုံလို့ ရွှေဝါရောင်နိုင်ငံတော်ကြီးဖြစ်လာပီ
နိုင်ငံခြား ထုတ်ကုန်နေရာမှာ ကိုယ့်ပြည်တွင်းက ထုတ်ကုန်တွေ ဝံ့ဝံ့ကြွားကြွား နေရာယူလာဖို့ ဆိုတာ ခေတ်အဆက်ဆက် ခေါင်းဆောင်တိုင်းရဲ့ အိမ်မက်ဖြစ်မှာပါ။ တပ်မတော်လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကုန်မောင်းထုတ်လိုက်နိုင်ပြီး၊ နိုင်ငံခြား သွင်းကုန်တွေ အကုန်ပိတ်ဆို့နိုင်လိုက်ပြီမို့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ခင်ဗျားတို့အိမ်မှာ မိုင်လိုတွေ / အိုဗာတင်းတွေ ရှိသေးရင် သေချာ အရသာခံသောက်ပြီး အရသာကို ချရေးထား။ နောက်မျိုးဆက်တွေမေးရင် ဖြေလို့ရအောင်။အိမ်က အဖေတော့ ညဘက် မီးထွန်းဖို့ဆိုပြီး ရေနံဆီမီးခွက်ကြီး ပြန်ထုတ်လာတယ်။ လမ်းထိပ်က ဗွီဒီယိုရုံလေးမှာ ရုံဝင်ကြေးပေးပြီး ကြည့်ရတဲ့ ငယ်ဘဝ အငွေ့အသက်လေးတွေ ပြန်တွေးကြည့်မိပြီး ကြည်နူးမိ။ ဘယ်တော့မှ ပြန်မရတော့ဘူးလို့ ထင်ထားတဲ့ ငယ်ဘဝလေးရေ။ ဟိုအရင်ကလို လမ်းဘေးဖုန်းကနေ သူမ အိမ်ကို ဖုန်းခေါ်လိုက်ရင် ဆိုတဲ့ အတွေးလေးကြောင့် ရင်ခုန်သံတွေ မြန်ပြီး […]
ရွှေဝါဆပ်ပြာတုံးတွေလွှမ်းခြုံလို့ ရွှေဝါရောင်နိုင်ငံတော်ကြီးဖြစ်လာပီ Read More »