Article

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည် ယခုဆိုလျှင် လေးနှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ PDF များ စတင်ဖွဲ့စည်းခါစက တူမီးများ၊ လက်လုပ် တလုံးထိုးသေနတ်များ၊ လက်လုပ်မိုင်းများနှင့် စခဲ့ကြရသကဲ့သို့ ချောင်း-ပစ်-ပြေးနှင့် စတင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ PDF များသည် စစ်ပညာကလည်း ကောင်းစွာ မသင်ကြရသေး၊ စစ်ယူနီဖောင်းအပါအဝင် စစ်ဝတ်စစ်စားကလည်း မပြည့်စုံကြသေး၊ တိုက်ပွဲအတွေ့အကြုံကလည်း မရှိကြသေးသည်ဖြစ်ရာ အတော်များများက အထင်သေးခဲ့ကြသည်။ အထင်အမြင်အသေးဆုံးကတော့ စစ်တပ်နှင့် စစ်တပ်လော်ဘီများဖြစ်သည်ဟု ဆိုရပါမည်။ အခေါ်အဝေါ်ကစ၍ PDF များကို ‘ပဒတ်’ (ပုတတ်) ဟု ခေါ်ကြသည်ကို တွေ့ရ၏။ ‘အညာစာ အကောင်ငယ်လေးတမျိုး’ ဟု လှောင်ပြောင်သရော်ခဲ့ကြသည့်အပြင် လေး၊ ငါး၊ ခြောက်လအတွင်းတွင်

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF Read More »

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံ တန်ဖိုးကြီးကျောက်စိမ်းပါ အိတ် ပျောက်ဆုံးနေမှု ရှာဖွေပေးရန် ဂရိတ်ဝေါဟိုတယ်ကိုတောင်းဆိုသော်လည်း ပြန်မရ မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူ ၁ ဦးလျှင် ငွေကျပ် သိန်း ၆၀ နစ်နာကြေးပေးရန် ကမ်းလှမ်းသော်လည်း ခင်ပွန်းနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေ လက်မခံကြောင်း ကာယကံရှင် ကိုယ်တိုင်က ပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်မှာ ပြိုကျသွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ် မနှင်းနှင်းရွှေ၏ ခင်ပွန်းဖြစ်သူ

မန္တလေးတွင် ငလျင်ကြောင့် ပြိုကျသွားသော ဂရိတ်ဝေါဟိုတယ် Read More »

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည်

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည် စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား

စစ်ကောင်စီအသက်ဆက်နိုင်ရေး ယွမ်ငွေဘီလီယံချီ တရုတ်ကူညီမည် Read More »

တ.လ.ရ ဟာ 😇ကျနော်တို့ ထင်ထားတာထက်🫡 ပိုမြန်မယ်

မင်းအောင်လှိုင်ဟာ သူ့​ေ-သ-တွင်း-သူ-တူး-ပြီး ခုန်ဆင်းသွားပြီမို့ တော်လှန်ရေးက ခဗျ-ားတို့ ကျနော်တို့ ထင်ထားတာထက် ပိုမြန်တော့မယ်လို့ ​​ေ-သ-​ေ-သ-ချာချာ အာမခံပြီး ပြောနိုင်ပြီဖြစ်တယ် ဒီကနေ့မှာ စစ်ကောင်စီကဦးဆောင်ပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဆန့်-ကျင်ရေး တရု-တ်ဆန့်-ကျင့်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်သွားတယ် အမျိုးသားရေး-အ-မည်-ခံ ၅၀၀၀ စ-ားတွေ မျိုး-ချစ် မျိုး-ညစ် အမည်ခံ မ-ဘ-သတွေနဲ့ အကြ-မ်းဖက်စစ်တပ်ကို ထောက်ခံသူတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ MNDAA ဆန့်-ကျင်ရေးအပြင် တရု-တ်အစိုးရကိုပါ အကြ-မ်းဖက်သမားတွေလို့ စွပ်-စွဲ-သွားကြတယ် “စစ်-သွေး-ကြွ MNDAA” “ယူ-နန်-တရု-တ် အကြ-မ်းဖက်များ” အစရှိသော တရု-တ်လူ-မျိုး စကားလုံးကို အခြေခံသော လူ-မျိုး-ရေး-ခွဲ-ခြားသော စကားလုံးများဖြင့်လည်း ကြွေး-ကြော်-ခဲ့ကြသေးတယ်လို့ စစ်တပ်လော်ဘီ ချန်နယ်များတွင် ရေးသားထားကြတယ်လို့ မြန်မာနောင်းမ်မှာ ဖော်ပြတယ် ဒါပြင် မနေ့က မင်းအောင်လှိုင်ဟာ

တ.လ.ရ ဟာ 😇ကျနော်တို့ ထင်ထားတာထက်🫡 ပိုမြန်မယ် Read More »

မင်းအောင်လှိုင်၏ သွေးပျက် စကား

မင်းအောင်လှိုင်သည် ယမန်နေ့ည က ဂယောင် ခြောက်ချား ဖြင့် ရုပ်မြင်သံကြား ရှေ့ ထွက်ရပ်ကာ နိုင်ငံသို့ ၎င်းတို့ ရှုံးနိမ့်မှု များ ကို ဝန်ခံသွားခဲ့သည်။ ၎င်း၏ စကားများထဲတွင် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် နယ်စပ်ဒေသများ မှ တဆင့် အဆင့်မြင့် လက်နက်များ ရရှိနေပြီး၊ MNDAA အား ပြည်ပ ကြေးစား နည်းပညာရှင်များ” က အဆင့်မြင့် ဒရုန်းများ တပ်ဆင်ပေးထားသည်ဟု စွပ်စွဲ ပြောဆိုသွားသည်။ ယင်းသည် စစ်တပ်ကို ထောက်ခံနေသူ များ အတွက် မည်သို့မျှ အားတက်စရာ ဖြစ်မလာသည့် အပြင် ရေးထားသော စာရွက်ကို ဖတ်ပြနေခြင်း မျိုး ဖြစ်နေသည်။ “ငါ

မင်းအောင်လှိုင်၏ သွေးပျက် စကား Read More »

ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်)

ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်) ကိုယ်နေတဲ့ မြို့ပတ်ဝန်းကျင်မှာ ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင် အရေးကြီးစာရွက်စာတမ်းတွေ တန်ဘိုးရှိ လက်ဝတ်လက်စားတွေနဲ့ ငွေသားတွေကို တပါတည်းယူသွားဖို့ စီစဉ်ထားပါ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ် အတွေ့အကြုံအရ အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး (အနည်းငယ်သောသူများမှအပ) မီး-ခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ) အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဉ်ပါ (အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ) ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ (လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်) မိုးကုတ်ကနေ မန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ်

ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်) Read More »

Scroll to Top