Article

စစ်အုပ်စုရဲ့ ဒေါက်တိုင်များထဲက တစ်ယောက် (သို့မဟုတ်) ဂရိတ်ဝေါ ဦးတင်မောင်

ဂရိတ်ဝေါကုမ္ပဏီလို့ဆိုလိုက်ရင် မြန်မာနိုင်ငံမှာတော့ မသိသူမရှိလောက်အောင်ပါပဲ။

စစ်အုပ်စုရဲ့ ဒေါက်တိုင်များထဲက တစ်ယောက် (သို့မဟုတ်) ဂရိတ်ဝေါ ဦးတင်မောင် Read More »

PDF အားကောင်းလာသည့် ပဲခူးရိုးမ

ဗကပ ဆုတ်ခွာခဲ့ရသော ပဲခူးရိုးမတွင် ဝင်ရောက်လှုပ်ရှားနေသည့် PDF သည် နေပြည်တော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ နောက်ကျောတွင် ထောက်နေသော ဆူးတစ်ချောင်းဖြစ်လာသည်။ နာမည်ကျော် ပဲခူးရိုးမကို လက်နက်ကိုင်တော်လှန်ရေးသမားများက ပြောက်ကျားဒေသအဖြစ် ခြေကုပ်ယူလာကြသည်မှာ ၄ နှစ်ထဲ ဝင်လာပြီဖြစ်သည်။ ပဲခူးရိုးမသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်အကြားတွင် တည်ရှိပြီး ဤဒေသသည် ရွာလုံးကျွတ်မီးရှို့မှုများ ဆက်တိုက် ပေါ်ပေါက်နေသော၊ တော်လှန်ရေးအင်အားစု နယ်မြေထိန်းချုပ်မှု အားကောင်းသော စစ်ကိုင်းတိုင်းနှင့် စစ်ရေးအခြေအနေ မတူညီပေ။ ပဲခူးတိုင်းတွင် စစ်ဌာနချုပ်များနှင့် စစ်တပ်အခြေစိုက်စခန်းပေါင်း ၈၀ ကျော်က ပဲခူးရိုးမကို ဝန်းရံ တည်ရှိနေပြီး လက်နက်စက်ရုံ အများအပြားလည်း ရှိနေသည်။ အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော၊ စစ်တပ်နယ်မြေဖြစ်သော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းများ ဝင်ရောက်အခြေချနေသဖြင့်

PDF အားကောင်းလာသည့် ပဲခူးရိုးမ Read More »

ဝရမ်းရှင် ကြင်စိုး

(က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်က အားရပါးရ မိန့်တော်မူနေလေရာ အစိမ်းဒကာကျော် အဘစိမ်းမောင်က အားတက်သရော ထောက်ခံလျက် ရှိပေ၏။ အရွှင်အဘ စောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ပြုံးစ ပြုံးစနှင့် အလိုက်သင့် ခေါင်း‌တွေတညိတ်ညိတ် လုပ်‌နေကြကာ ကျွန်ု‌ပ်ဖေကြီးအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြပါလေရာ များမကြာခင် တိုက်စစ်မြင်ရမည်ဟု ခန့်မှန်းရပါလေ၏ ခင်ဗျာ။ “ ‘ဝရမ်း’ ထုတ်တာတို့၊ ဝင်ဖမ်းမှာတို့ကို ခေါင်းမရှိတဲ့ကောင်တွေပဲ စွတ်ယုံကြတာ စိမ်းမောင်ရ” “မှန်ပါဘုရာ့၊ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရ မတဲ့လား၊ တပည့်တော်တို့က ကိုယ့်အချုပ်အချာနဲ့ ကိုယ်နေတာလေ” “အေးလကွာ၊ ပြီးတော့ တပ်ချုပ်ကြီးကို ဖမ်းဝရမ်းထုတ်ရအောင်ကလည်း ငါတို့နိုင်ငံက အဲသည် ‘ICC’ အဖွဲ့ထဲ ဝင်ထားတဲ့နိုင်ငံလည်း မဟုတ်ဘူးဟ” “အဲဒါကြောင့် ‌ပြောတာပေါ့၊ ‘တဖက်ပိတ်’ တွေဆိုတာ” “ဝါး

ဝရမ်းရှင် ကြင်စိုး Read More »

သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ်

မြန်မာစကားမှာ ‘သူခိုးရွှေရ တပြပြ’ ဆိုတဲ့ အသုံးအနှုန်းဆိုတာ တခါမှ မရဖူး၊ မပိုင်ဖူးသူဟာ နည်းနည်းအဖိုးတန်တယ်လို့ ထင်တဲ့ အရာတခုခု ရခဲ့ရင် လူတွေ သိအောင် မြင်အောင် ဟိုပြ ဒီပြ လုပ်နေတာမျိုးကို အထင်မကြီးတဲ့အပြင် မတော်မတည့်မို့ သူခိုးရွှေရ တပြပြ လုပ်တယ်လို့ ပြောဆို သုံးနှုန်း ရယ်မော လှောင်ပြောင်တတ်ကြပါတယ်။ အခုလည်း အာဏာလု အကြမ်းဖက်သမ္မတရူး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အဆင့်တောင် မဟုတ်ဘဲ ပြည်နယ်အဆင့်မျိုး ဆက်ဆံခံရတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၆၊ ၇ ရက်တွေက ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ် အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ခရီးစဉ်ဆိုတာ သူ့ရဲ့အာဏာလုသက်တမ်းမှာ တခါဖူးမှ မရဘူးသေးတဲ့အရာ ဆိုတော့ အထီးကျန်

သူခိုးရွှေရတပြပြနဲ့ အမြီးနန့် လို့ သခင်ပြေးကြိုရတဲ့ စစ်ကျွန်အနုပညာရှင်တအုပ် Read More »

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။ ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။ အမှတ်စာရင်း ကြေညာပြီးတော့

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ Read More »

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ

ရခိုင်ပြည်နယ်တွင် တကျော့ပြန်စစ်ပွဲ စခဲ့သည်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ဆိုလျှင် တနှစ်ပြည့်တော့မည် ဖြစ်၏။ အာရက္ခတပ်တော် (AA) သည် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် ဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်နှစ်ဖွဲ့နှင့် မတူသည့်အချက်မှာ ရခိုင်စစ်မျက်နှာ၌ AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် စစ်ဆင်ရေး စကတည်းက ယခု တနှစ်နီးပါးကြာသည်အထိ စစ်ရှိန်ကို လျှော့ချခြင်း၊ အပစ်ရပ်ခြင်း မရှိဘဲ ရခိုင်ရှိ စစ်ကောင်စီတပ် အားလုံးကို ချေမှုန်းမည်ဆိုသည့် ရည်မှန်းချက်အတိုင်း တောက်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်သည်ကို တွေ့မြင်ရ၏။ လောလောဆယ် ရခိုင်စစ်မျက်နှာတွင် မောင်တော၊ အမ်းနှင့် ဂွမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တောင်ကုတ်အား ထိုးစစ်ဆင်ရန်

ထိုးစစ်ရှိန် ပိုမြင့်လာသည့် ရခိုင်စစ်မျက်နှာ Read More »

နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ

နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Miss Grand International(MGI) ပြိုင်ပွဲအပြီးတွင် မြန်မာအလှမယ် နှင့် National Directorတို့၏ အပြုအမှုအ​ပေါ် နိုင်ငံတကာမှ ပြိုင်ပွဲ ပရိတ်သတ်များက အပြင်းအထန် ​ဝေဖန်​နေကြသည်။ ပြိုင်ပွဲတွင် တတိယဆု (Second runner up)ရပြီး မ​ကျေမနပ်ဖြစ်​​နေ​သော MGI အတွက် မြန်မာနိုင်ငံNational Director ထူးအံ့လွင်က မြန်မာအလှမယ်စင်ပေါ်မှဆင်းလာစဥ်ခေါင်းပေါ်မှ တတိယဆု အတွက်​ပေး​​သော သရဖူကို ​ဒေါသတကြီးဖြုတ်ချခဲ့သည်။ ထို့အပြင် စလွယ်ကိုလည်း အတင်းဆွဲဖြုတ်ခဲ့သည်ကို အွန်လိုင်း၌ တင်ထားသည့် ဗီဒီယိုများ၌ တွေ့မြင်ရသည်။ ထို့​နောက် အလှမယ်ကို ပွဲမှအပြင်သို့အ​လောတကြီး ဆွဲ​​ခေါ်သွားပြီး ငို​နေ​သော အလှမယ်ကိုဓါတ်ပုံ ၊ဗီဒီယို ရိုက်​နေသည်ကိုလည်း ထူးအံလွင်က “အဲကင်မရာ

နိုင်ငံဂုဏ်မ​ဆောင်နိုင်ဘဲ ​ဝေဖန်ပြစ်တင်မှုများဖြင့် ဇာတ်သိမ်းခဲ့​သော အလှမယ် နှင့် ဒါရိုက်တာ Read More »

ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ

Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။ ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက်‌ မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။ “(​ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။ Miss Grand

ပွဲဆူ​နေသည့် အလှမယ်ပြိုင်ပွဲ Read More »

Scroll to Top