ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ အမ်းမြို့အတွင်း တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း မြေအောက် ဘန်ကာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေပြီး စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးများဖြင့် လာရောက်ကြဲချနေကြောင်း သိရသည်။ နပခအတွင်းမြေအောက်ဘန်ကာထဲတွင် စစ်ကောင်စီတပ်သား ၄၀၀ခန့်ပိတ်မိနေပြီး အင်အား ၁၀၀ ခန့်မှာ AA ထံတွင် လက်နက်ချအညံ့ခံခဲ့ရာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချ အလံဖြူထောင်ရန် AA က နပခ ဝန်းအတွင်းသို့ အသံချဲ့စက်ဖြင့် အော်၍ တိုက်တွန်းနေကြောင်း သိရသည်။ “ဒဏ်ရာရ အရာရှိအပါအဝင် စစ်သား ၁၀၀နီးပါး လက်နက်ချတယ်။ AAက ဘန်ကာထဲကလူတွေကို အကုန်ထွက်လာဖို့ အော်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က […]