အသက်နှစ်ဆယ်နီးပါးကွာတဲ့ ချစ်သူပူတူးလေးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်သွားခဲ့တယ်ဆိုတဲ့ သာသာ

ပရိသတ်ကြီးရေ…

သရုပ်ဆောင် သာသာ ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ နှစ် ပေါင်းများစွာ သရုပ်ဆောင်ရင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သာသာဟာ အနုပညာလောကမှာ ကျင်လည်ခဲ့တာကြာပြီဆိုပေမယ့် နာမည်တွေ ခဏခဏပြောင်းနေတာကြောင့် နာမည်နဲ့ လူ တွဲမမိခဲ့ကြတာပဲဖြစ်ပါတယ်။

အခုဆိုရင် သာသာ ဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေ ကို ဆက်လက်လုပ်ကိုင်နေလျက်ရှိတဲ့ သာသာ ဟာ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို ချပြ ထားပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သာသာက သူမရဲ့ ချစ်သူလေးနဲ့အတူတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ခရီးထွက်ခဲ့ကြောင်း “Bangkok သို့ ပူတူးနဲ့ အလည်တစ်ခေါက် မျက်စိလေးတွေနောက်မယ်နော်။ ချစ်ပေးကြပါအုံးရှင့် ” ဆိုပြီး ပြောလာခဲ့ပါတယ်။

သူမရဲ့ ချစ်သူဟာ သူမထက် အသက်နှစ် ဆယ်နီးပါး ငယ်တဲ့ ကောင်လေးဖြစ်ကြောင်း ပရိသတ် တွေကို ဖွင့်ဟခဲ့ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့ ရှေ့ဆက် နေတာပဲဖြစ်ပါတယ်။

သာသာ တို့ ချစ်သူနှစ်ယောက် သာယာပျော်ရွှင်ဖွယ် ခရီးစဉ်လေးကို ပိုင်ဆိုင်နိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Comment