လာမယ့်မွေးနေ့မှာ တစ်နေ့လုံး အလှူအတန်းတွေပြုလုပ်ရင်းနဲ့ပဲ ဖြတ်သန်းကုန်ဆုံးမယ်ဆိုတဲ့ နေရည်ဝင်းလဲ့

ပရိသတ်ကြီးရေ

သရုပ်ဆောင် နေရည်ဝင်းလဲ့ကတော့ “ကျွန်တော်အမုန်းဆုံး ကျွန်တော်”၊ “သရဖူ”၊ ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။

နေရည်ဝင်းလဲ့က ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘောကျ အားပေးနေကြတာဖြစ်ပါတယ်။

နေရည်ဝင်းလဲ့ဟာ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားထားနိုင်သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

မနက်ဖြန် အောက်တိုဘာ (၁၂)ရက်နေ့ကတော့ နေရည်ဝင်းလဲ့ရဲ့ မွေးနေ့လေးလို့ သိရပါတယ်။

နေရည်ဝင်းလဲ့က သူမရဲ့မွေးနေ့မှာ ချမ်းမြေ့ရတနာ သီလရှင် စာသင်တိုက်က ဆရာလေးများကို ဆွမ်းကပ်ကုသိုလ်ပြုမယ့်အကြောင်း

“12 ရက်နေ့မှာကျရောက်မယ့် မွေးနေ့အတွက်

တစ်ရက်လုံးစာ ဆွမ်းအလှုကပ်လှူဖို့

ဆရာလေးတို့ကို လာရောက်လျောက်ထား ..🙏

ဒီနှစ် မွေးနေ့လေးကတော့

အလှူလေးတွေနဲ့ပဲ ဖြတ်သန်းမယ်ရှင့် ..🥰🙏

Nay Yee Win Lai – နေရည်ဝင်းလဲ့”ဆိုပြီးပြောလာပါတယ်။

နေရည်ဝင်းလဲ့ကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်တာမို့ သူမရဲ့မွေးနေ့တိုင်းမှာ အပျော်အပါးထက် မိသားစုတွေနဲ့ပဲ အချိန်ကုန်ဆုံးရင်း အလှူအတန်းတွေကို ပြုလုပ်နေတာပဲဖြစ်ပါတယ်။

နေရည်ဝင်းလဲ့တစ်ယောက် မွေးနေ့ကစလို့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *