ပဲခူးမြို့ရေဘေးအလှူသွားလုပ်ရင်း တစ်သက်မမေ့နိုင်စရာအကြောင်းအရာနဲ့ သံဝေဟတွေရရှိခဲ့တယ်ဆိုတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ …..

MRTV- 4 မင်းသမီးချောလေး မြတ်သူသူ ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိလာခဲ့တဲ့သူပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ အနုပညာနဲ့ပတ်သက်ပြီး ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အဖြစ် အောင်မြင်မှုတွေ ရရှိထားသလို ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကိုလဲ များစွာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာတစ်ယောက်ပီပီ အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလုပ်တတ်တဲ့ မြတ်သူသူက အောက်တိုဘာ (၁၁)ရက်မှာတော့ ပဲခူးမြို့က ရေဘေးဒုက္ခခံစားနေရသူတွေကို ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူက သူမရဲ့အလှူလေးနဲ့ပတ်သက်ပြီး
“11.10.2023
ဘဝအတွက် အမှတ်တရကြီးနဲ့ သံဝေဂတရားတွေ ပိုရစေခဲ့တဲ့ခရီး
ရေဘေးအလှူမှာလည်း ရေနစ် ဆုံးပါးသွားတဲ့သူတယောက်အကြောင်း သိခဲ့ရတယ်
ကိုယ်တိုင်လည်း တသက်မမေ့စရာကြုံခဲ့ရတယ်
သေခြင်းတရားက အနီးကပ်ဆုံးမှန်း ပိုသိခွင့်ရတဲ့နေ့
အလှူကုသိုလ်တရားတွေကြောင့် အသက်ရှင်သန်ရတာ အဓိပ္ပာယ်ပြည့်စုံမှန်း ပိုသိခဲ့ရတဲ့နေ့
ဘဝအတွက် မမေ့နိုင်သောနေ့
ပုံလေးတွေကတော့ ရေဘေးအလှူအတွက် ပီတိနဲ့ပျော်နေစဉ်ကပေါ့ 🥰 ”ဆိုပြီးပြောလာခဲ့ပါတယ်။

မြတ်သူသူကတော့ ပဲခူးမြို့ရေဘေးအလှူသွားလုပ်ရင်း တစ်သက်မမေ့နိုင်စရာ အကြောင်းအရာနဲ့ သံဝေဂတွေရရှိခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီအတွက် အလှူကုသိုလ်တရားတွေကြောင့် အသက်ရှင်သန်ရတာ အဓိပ္ပါယ်ပြည့်စုံမှန် ပိုသိခဲ့ရတယ်လို့လည်းဆိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top